မိုင်းဖြတ်တွင် ချောက်ကမ်းပါးအတွင်းသို့ ယာဉ်တစ်စီး ထိုးကျရာမှ အမျိုးသမီးတစ်ဦး သေဆုံး

မိုင်းဖြတ်တွင် ချောက်ကမ်းပါးအတွင်းသို့ ယာဉ်တစ်စီး ထိုးကျရာမှ အမျိုးသမီးတစ်ဦး သေဆုံး
ဧပွီ 17, 2017
By Tachileik News Agency


ယာဉ်တိမ်းမှောက်မှု ဖြစ်ပွားကြောင်း ည(၈)နာရီခန့်တွင် သတင်းရသဖြင့် မိုင်းဖြတ်ရဲတပ်ဖွဲ့နှင့် ကယ်ဆယ်ရေး မီးသတ်တပ်ဖွဲ့ဝင်များ၊ သင်္ဂဟလူမှုကူညီရေးအသင်း(မိုင်းဖြတ်)မှ အသင်းဝင်များ အပါအ၀င် သက်ဆိုင်ရာ တာဝန်ရှိသူများက အခင်းဖြစ်နေရာသို့ သွားရောက်ရာ တာချီလိတ်ဘက်မှ ကျိုင်းတုံဘက်သို့ မောင်းနှင်လာသည့် လွိုင်နမ့်ခုံး ယာဉ်လိုင်းမှ စူပါကပ်စတန်အမျိုးအစား ယာဉ်တစ်စီးသည် ဆိုင်းလေရွာနှင့် စွပ်ပလောင်းရွာကြား မိုင်တိုင်အမှတ် (၇၀၁/၇၀၂)အကြားတွင် အနက် (၅၀)ပေခန့်ရှိသည့် လမ်းဘေးချောက်အတွင်း ထိုးကျနေသည်ကို စစ်ဆေးတွေ့ရကြောင်း ရဲမှတ်တမ်းအရ သိရသည်။



သတင်း - ကိုသာ
ဓာတ်ပုံ - သင်္ဂဟလူမှုကူညီရေးအသင်း(မိုင်းဖြတ်)



~~~~~~~~⊰❂ unicode ~~~~~~~~

တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ် ဆိုင်းလေရွာ နှင့် စွပ်ပလောင်းရွာအကြားတွင် မော်တော်ယာဉ်တစ်စီး ချောက်ကမ်းပါး အတွင်းသို့ အရှိန်လွန် ထိုးကျသွားရာမှ ယာဉ်ပေါ်တွင် ပါလာသူများအနက် အမျိုးသမီးတစ်ဦးသေဆုံးမှု ဧပြီလ(၁၇)ရက်နေ့ ညနေ(၈)နာရီဝန်းကျင်အချိန်က ဖြစ်ပွားကြောင်း သိရသည်။

ယာဉ်တိမ်းမှောက်မှု ဖြစ်ပွားကြောင်း ည(၈)နာရီခန့်တွင် သတင်းရသဖြင့် မိုင်းဖြတ်ရဲတပ်ဖွဲ့နှင့် ကယ်ဆယ်ရေး မီးသတ်တပ်ဖွဲ့ဝင်များ၊ သဂငှ်လူမှုကူညီရေးအသင်း(မိုင်းဖြတ်)မှ အသင်းဝင်များ အပါအဝင် သက်ဆိုင်ရာ တာဝန်ရှိသူများက အခင်းဖြစ်နေရာသို့ သွားရောက်ရာ တာချီလိတ်ဘက်မှ ကျိုင်းတုံဘက်သို့ မောင်းနှင်လာသည့် လွိုင်နမ့်ခုံး ယာဉ်လိုင်းမှ စူပါကပ်စတန်အမျိုးအစား ယာဉ်တစ်စီးသည် ဆိုင်းလေရွာနှင့် စွပ်ပလောင်းရွာကြား မိုင်တိုင်အမှတ် (၇၀၁/၇၀၂)အကြားတွင် အနက် (၅၀)ပေခန့်ရှိသည့် လမ်းဘေးချောက်အတွင်း ထိုးကျနေသည်ကို စစ်ဆေးတွေ့ရကြောင်း ရဲမှတ်တမ်းအရ သိရသည်။

ယာဉ်မောင်း စိုင်းဆိုင်ခမ်း မောင်းနှင်လာသည့် အဆိုပါ ယာဉ်ပေါ်တွင် အမျိုးသား(၃)ဦးနှင့် အမျိုးသမီး(၁)ဦး စီးနင်းလိုက်ပါလာပြီး ယာဉ်တိမ်းမှောက်မှုကြောင့် အမျိုးသား(၃)ဦးအနက် (၈)တန်းကျောင်းသားမှာ ထိခိုက်ဒဏ်ရာ(မစိုးရိမ်ရ) ရသွားပြီး အမျိုးသမီး(၁)ဦးမှာ အခင်းဖြစ်နေရာတွင် သေဆုံးသွားခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ ယာဉ်တိမ်းမှောက်မှုနှင့် ပတ်သက်၍ ယာဉ်မောင်း စိုင်းဆိုင်ခမ်းအား မိုင်းဖြတ်မြို့မရဲစခန်းတွင် ယာဉ်(ပ) ၁၀/၂၀၁၇၊ ရာဇသတ်ကြီးပုဒ်မ ၂၇၉/ ၃၃၇/ /၃၀၄ -က တို့ဖြင့် အမှုဖွင့်ဆောင်ရွက်နေကြောင်း သိရသည်။

သတင်း - ကိုသာ
ဓာတ်ပုံ - သဂငှ်လူမှုကူညီရေးအသင်း(မိုင်းဖြတ်) 

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~