ေက်ာက္မဲၿမိဳ႕၏ သႀကၤန္ကာလအတြင္း ရဲတပ္ဖြဲ႕ႏွင့္ ဌာနဆိုင္ရာမ်ား လံုၿခံဳေရးပူးေပါင္းေဆာင္ရြက္မည္

ေက်ာက္မဲၿမိဳ႕၏ သႀကၤန္ကာလအတြင္း ရဲတပ္ဖြဲ႕ႏွင့္ ဌာနဆိုင္ရာမ်ား လံုၿခံဳေရးပူးေပါင္းေဆာင္ရြက္မည္
ဧပြီ 8, 2017
By Tachileik News Agency

ရွမ္းျပည္နယ္ေျမာက္ပိုင္း ေက်ာက္မဲၿမိဳ႕တြင္ သႀကၤန္ပြဲေတာ္ကာလအတြင္း လံုၿခံဳေရးကို ၿမိဳ႕နယ္ရဲတပ္ဖြဲ႔ႏွင့္ ဌာနဆိုင္ရာအဖြဲ႔အစည္းမ်ား ပူးေပါင္း ေဆာင္ရြက္သြားမည္ျဖစ္ေၾကာင္း သိရသည္။

“ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးအဖြဲ႔၊ ၿမိဳ႕နယ္မီးသတ္တပ္ဖြဲ႔၊ ရပ္ကြက္အုပ္ခ်ဳပ္ေရးမွဴးေတြ၊ ၿမိဳ႕နယ္ရဲတပ္ဖြဲ႕ေတြ ပါဝင္တဲ့ အဖြဲ႔နဲ႔ အမ်ားျပည္သူ ေရကစားရာ ေနရာေတြမွာ လံုၿခံဳေရးယူေပးဖို႔ စီစဥ္ထားပါတယ္"ဟု ေက်ာက္မဲၿမိဳ႕နယ္ရဲတပ္ဖြဲ႔မွဴးရံုးမွ သိရသည္။

ေက်ာက္မဲၿမိဳ႕တြင္ ေရကစားမ႑ပ္တစ္ခုသာ ရိွမည္ျဖစ္သျဖင့္ အဆိုပါေနရာႏွင့္ ၿမိဳ႕တြင္း အမ်ားျပည္သူ စုေဝးေရကစားမည့္ ေနရာမ်ားတြင္ အမ်ားျပည္သူ အႏၱရာယ္ကင္းရွင္းစြာ ေရကစားႏိုင္ေစရန္အတြက္ ၿမိဳ႕နယ္ရဲတပ္ဖြဲ႔ ပါဝင္သည့္ လံုၿခံဳေရး အင္အားစုမ်ားျဖင့္ လံုၿခံဳေရး ရယူေပးသြားမည္ျဖစ္ေၾကာင္း သိရသည္။

“ပံုမွန္ေန႔ည လံုၿခံဳေရးေတြလည္း ရွိထားတဲ့အတြက္ သႀကၤန္ကာလလံုၿခံဳေရးအင္အားကိုေတာ့ လိုသလို အသံုးခ်သြားမွာပါ။ အဖြဲ႔ (၄)ဖြဲ႕၊ (၅)ဖြဲ႔ေလာက္ ခြဲထားၿပီးေတာ့ ၿမိဳ႕ေပၚမွာခ်ထားမွာပါ။ သႀကၤန္တြင္းတို႔ အခါႀကီးရက္ႀကီးေတြမွာ ဆိုလို႔ရွိရင္ေတာ့ လံုၿခံဳေရးကို တိုးၿပီးခ်ထားမွာပါ။ အေရးေပၚ ကိစၥေတြ အတြက္ကေတာ့ ယာဥ္ေတြ စီစဥ္ထားေပးမွာပါ။ ေက်ာက္မဲကေတာ့ ႏွစ္စဥ္ႏွစ္တိုင္း ဒီလိုကာလမွာ ခိုက္ရန္ျဖစ္ပြားတာလည္း နည္းပါတယ္”ဟု ၿမိဳ႕နယ္ရဲတပ္ဖြဲ႔မွဴးရံုးမွ တာဝန္မွဴးက ေျပာသည္။

ေက်ာက္မဲၿမိဳ႕ သႀကၤန္ကာလတြင္ ဗဟိုမ႑ပ္စီစဥ္ထားျခင္း မရွိဘဲ ၿမိဳ႕နယ္အဆင့္ ေဖ်ာ္ေျဖေရးမ႑ပ္ တစ္ခုသာရွိမည္ျဖစ္ေၾကာင္း သိရသည္။

သတင္း - ေနၿဖိဳးျမင့္

~~~~~~~~⊰❂ unicode ~~~~~~~~
ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့တွင် သင်္ကြန်ပွဲတော်ကာလအတွင်း လုံခြုံရေးကို မြို့နယ်ရဲတပ်ဖွဲ့နှင့် ဌာနဆိုင်ရာအဖွဲ့အစည်းများ ပူးပေါင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

“မြို့နယ်အုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ်မီးသတ်တပ်ဖွဲ့၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေ၊ မြို့နယ်ရဲတပ်ဖွဲ့တွေ ပါဝင်တဲ့ အဖွဲ့နဲ့ အများပြည်သူ ရေကစားရာ နေရာတွေမှာ လုံခြုံရေးယူပေးဖို့ စီစဉ်ထားပါတယ်"ဟု ကျောက်မဲမြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

ကျောက်မဲမြို့တွင် ရေကစားမဏ္ဍပ်တစ်ခုသာ ရှိမည်ဖြစ်သဖြင့် အဆိုပါနေရာနှင့် မြို့တွင်း အများပြည်သူ စုဝေးရေကစားမည့် နေရာများတွင် အများပြည်သူ အန္တရာယ်ကင်းရှင်းစွာ ရေကစားနိုင်စေရန်အတွက် မြို့နယ်ရဲတပ်ဖွဲ့ ပါဝင်သည့် လုံခြုံရေး အင်အားစုများဖြင့် လုံခြုံရေး ရယူပေးသွားမည်ဖြစ်ကြောင်း သိရသည်။

“ပုံမှန်နေ့ည လုံခြုံရေးတွေလည်း ရှိထားတဲ့အတွက် သင်္ကြန်ကာလလုံခြုံရေးအင်အားကိုတော့ လိုသလို အသုံးချသွားမှာပါ။ အဖွဲ့ (၄)ဖွဲ့၊ (၅)ဖွဲ့လောက် ခွဲထားပြီးတော့ မြို့ပေါ်မှာချထားမှာပါ။ သင်္ကြန်တွင်းတို့ အခါကြီးရက်ကြီးတွေမှာ ဆိုလို့ရှိရင်တော့ လုံခြုံရေးကို တိုးပြီးချထားမှာပါ။ အရေးပေါ် ကိစ္စတွေ အတွက်ကတော့ ယာဉ်တွေ စီစဉ်ထားပေးမှာပါ။ ကျောက်မဲကတော့ နှစ်စဉ်နှစ်တိုင်း ဒီလိုကာလမှာ ခိုက်ရန်ဖြစ်ပွားတာလည်း နည်းပါတယ်”ဟု မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်မှူးက ပြောသည်။

ကျောက်မဲမြို့ သင်္ကြန်ကာလတွင် ဗဟိုမဏ္ဍပ်စီစဉ်ထားခြင်း မရှိဘဲ မြို့နယ်အဆင့် ဖျော်ဖြေရေးမဏ္ဍပ် တစ်ခုသာရှိမည်ဖြစ်ကြောင်း သိရသည်။

သတင်း - နဖြေိုးမြင့်

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~