သႀကၤန္ကာလအတြင္း ေက်ာက္မဲၿမိဳ႕နယ္တြင္ ခုိက္ရန္ျဖစ္ပြားသည့္ မႈခင္းျဖစ္ပြားျခင္း မရိွ

သႀကၤန္ကာလအတြင္း ေက်ာက္မဲၿမိဳ႕နယ္တြင္ ခုိက္ရန္ျဖစ္ပြားသည့္ မႈခင္းျဖစ္ပြားျခင္း မရိွ
ဧပြီ 18, 2017
By Tachileik News Agency

ရွမ္းျပည္နယ္(ေျမာက္ပိုင္း) ေက်ာက္မဲၿမိဳ႕နယ္အတြင္း ၂၀၁၇ ခုႏွစ္ မဟာသႀကၤန္ပြဲေတာ္ကာလ၌ ခိုက္ရန္ ျဖစ္ပြားသည့္ မႈခင္းတစ္ခုမွ် မရွိခဲ့ေၾကာင္း ခရိုင္ရဲတပ္ဖြဲ႔မွဴးရံုးမွ သိရသည္။

“ဒီႏွစ္သႀကၤန္ပြဲေတာ္ ကာလအတြင္းမွာေတာ့ ခိုက္ရန္ျဖစ္ပြားတာေတြ၊ ယာဥ္တိုက္မႈျဖစ္ပြားတာေတြနဲ႔ လူအေသ အေပ်ာက္ဒဏ္ရာရရွိတာေတြ ေက်ာက္မဲၿမိဳ႕နယ္အတြင္းမွာ တစ္ခုမွမရွိခဲ့ပါဘူး။ အရင္ႏွစ္ေတြတုန္းကလည္း ေျပာပေလာက္ေအာင္ မရွိခဲ့ဘူး။ အဆင္ေျပေျပ ေအးေအးခ်မ္းခ်မ္းနဲ႔ပဲ ၿပီးဆံုးခဲ့ပါတယ္”ဟု ေက်ာက္မဲၿမိဳ႕ ခရိုင္ရဲတပ္ဖြဲ႔မွဴးရံုးမွ တာဝန္မွဴးရဲအရာရွိက ေျပာသည္။

ေက်ာက္မဲၿမိဳ႕နယ္အတြင္း ဧၿပီလ (၁၃) ရက္ေန႔မွ (၁၆) ရက္ေန႔အထိ မဟာသႀကၤန္ပြဲေတာ္ကာလအတြင္း မႈခင္းႏွင့္ ထိခိုက္ဒဏ္ရာရမႈ၊ ေသဆံုးမႈလည္းမရွိခဲ့ေၾကာင္း သိရသည္။

၂၀၁၇ ခုႏွစ္ မဟာသႀကၤန္ကာလ(၄)ရက္အတြင္း ရွမ္းျပည္နယ္၌ မႈခင္း (၅၉)မႈ၊ ေသဆုံးသူ (၂၉)ဦး၊ ဒဏ္ရာရရွိသူ (၅၂)ဦးရိွခဲ့ၿပီး ျမန္မာတစ္ႏိုင္ငံလံုးအတိုင္းအတာျဖင့္ သႀကၤန္ႏွင့္မပတ္သက္သည့္ ျပစ္မႈေပါင္း (၉၉၂)မႈတြင္ ေသဆုံးသူ (၂၆၉)ဦးႏွင့္ ဒဏ္ရာရရွိခဲ့သူ (၈၇၉)ဦးရိွခဲ့ကာ မဟာသႀကၤန္ကာလ(၄)ရက္အတြင္း ျဖစ္ပြားေသာ စုစုေပါင္း ျပစ္မႈ (၂,၁၉၂)မႈ၊ ေသဆုံးသူ (၅၅၄)ဦး၊ ဒဏ္ရာ ရရွိခဲ့သူ (၁,၈၅၂)ဦး ရွိခဲ့ေၾကာင္း ျပန္ၾကားေရးဝန္ႀကီးဌာန၏ သတင္းထုတ္ျပန္ခ်က္အရ သိရသည္။

သတင္း - ေနၿဖဳိးျမင့္


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲမြို့နယ်အတွင်း ၂၀၁၇ ခုနှစ် မဟာသင်္ကြန်ပွဲတော်ကာလ၌ ခိုက်ရန် ဖြစ်ပွားသည့် မှုခင်းတစ်ခုမျှ မရှိခဲ့ကြောင်း ခရိုင်ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

“ဒီနှစ်သင်္ကြန်ပွဲတော် ကာလအတွင်းမှာတော့ ခိုက်ရန်ဖြစ်ပွားတာတွေ၊ ယာဉ်တိုက်မှုဖြစ်ပွားတာတွေနဲ့ လူအသေ အပျောက်ဒဏ်ရာရရှိတာတွေ ကျောက်မဲမြို့နယ်အတွင်းမှာ တစ်ခုမှမရှိခဲ့ပါဘူး။ အရင်နှစ်တွေတုန်းကလည်း ပြောပလောက်အောင် မရှိခဲ့ဘူး။ အဆင်ပြေပြေ အေးအေးချမ်းချမ်းနဲ့ပဲ ပြီးဆုံးခဲ့ပါတယ်”ဟု ကျောက်မဲမြို့ ခရိုင်ရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်မှူးရဲအရာရှိက ပြောသည်။

ကျောက်မဲမြို့နယ်အတွင်း ဧပြီလ (၁၃) ရက်နေ့မှ (၁၆) ရက်နေ့အထိ မဟာသင်္ကြန်ပွဲတော်ကာလအတွင်း မှုခင်းနှင့် ထိခိုက်ဒဏ်ရာရမှု၊ သေဆုံးမှုလည်းမရှိခဲ့ကြောင်း သိရသည်။

၂၀၁၇ ခုနှစ် မဟာသင်္ကြန်ကာလ(၄)ရက်အတွင်း ရှမ်းပြည်နယ်၌ မှုခင်း (၅၉)မှု၊ သေဆုံးသူ (၂၉)ဦး၊ ဒဏ်ရာရရှိသူ (၅၂)ဦးရှိခဲ့ပြီး မြန်မာတစ်နိုင်ငံလုံးအတိုင်းအတာဖြင့် သင်္ကြန်နှင့်မပတ်သက်သည့် ပြစ်မှုပေါင်း (၉၉၂)မှုတွင် သေဆုံးသူ (၂၆၉)ဦးနှင့် ဒဏ်ရာရရှိခဲ့သူ (၈၇၉)ဦးရှိခဲ့ကာ မဟာသင်္ကြန်ကာလ(၄)ရက်အတွင်း ဖြစ်ပွားသော စုစုပေါင်း ပြစ်မှု (၂,၁၉၂)မှု၊ သေဆုံးသူ (၅၅၄)ဦး၊ ဒဏ်ရာ ရရှိခဲ့သူ (၁,၈၅၂)ဦး ရှိခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

သတင်း - နဖြေိုးမြင့်

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~