ဗိုလ်မှူးစောလွင်၏ရုပ်ကလာပ်အား ဆီးဘူးကျေးရွာရှိ ကယန်းအမျိုးသား အာဇာနည်ဗိမာန်တွင် ဂူသွင်းမည်

ဗိုလ်မှူးစောလွင်၏ရုပ်ကလာပ်အား ဆီးဘူးကျေးရွာရှိ ကယန်းအမျိုးသား အာဇာနည်ဗိမာန်တွင် ဂူသွင်းမည်
ဧပွီ 26, 2017
By Tachileik News Agency

ကယန်းပြည်သစ်ပါတီ တွဲဖက်အတွင်းရေးမှူး ဗိုလ်မှူးစောလွင်၏ ကြွင်းကျန်ရစ်သောရုပ်ကလာပ်အား ရှမ်းပြည်နယ်(တောင်ပိုင်း) ဖယ်ခုံမြို့နယ် ဆီးဘူးကျေးရွာရှိ ကယန်းအမျိုးသား အာဇာနည်ဗိမာန်တွင် စစ်ရေးပြအခမ်း အနားဖြင့် ဧပြီလ (၂၈) ရက်နေ့၌ ဂူသွင်းသဂြိင်္ုဟ်မည်ဖြစ်ကြောင်း သိရသည်။

ဗိုလ်မှူးစောလွင်သည် ဧပြီလ (၂၅) ရက်နေ့ ညနေပိုင်းက ရန်ကုန်ကုတင်(၅၀၀) ပြည်သူ့ဆေးရုံတွင် ကွယ်လွန်ခဲ့ခြင်းဖြစ်ပြီး ဧပြီလ (၂၆) ရက်နေ့ ညနေတွင် သန်လျင်မြို့ ဒါရ်ကာ ကာဘတ်စတန်၌ ဒပ်ဖနာပြုလုပ်သဂြုင်္ိဟ်ခြင်း ဖြစ်သည်။



သတင်း - #ဆန်းဖြိုးထွန်း
photo: Khun A-Than  



~~~~~~~~⊰❂ unicode ~~~~~~~~

ကယန်းပြည်သစ်ပါတီ တွဲဖက်အတွင်းရေးမှူး ဗိုလ်မှူးစောလွင်၏ ကြွင်းကျန်ရစ်သောရုပ်ကလာပ်အား ရှမ်းပြည်နယ်(တောင်ပိုင်း) ဖယ်ခုံမြို့နယ် ဆီးဘူးကျေးရွာရှိ ကယန်းအမျိုးသား အာဇာနည်ဗိမာန်တွင် စစ်ရေးပြအခမ်း အနားဖြင့် ဧပြီလ (၂၈) ရက်နေ့၌ ဂူသွင်းသင်္ဂြိုဟ်မည်ဖြစ်ကြောင်း သိရသည်။

ဗိုလ်မှူးစောလွင်သည် ဧပြီလ (၂၅) ရက်နေ့ ညနေပိုင်းက ရန်ကုန်ကုတင်(၅၀၀) ပြည်သူ့ဆေးရုံတွင် ကွယ်လွန်ခဲ့ခြင်းဖြစ်ပြီး ဧပြီလ (၂၆) ရက်နေ့ ညနေတွင် သန်လျင်မြို့ ဒါရ်ကာ ကာဘတ်စတန်၌ ဒပ်ဖနာပြုလုပ်သင်္ဂြိုဟ်ခြင်း ဖြစ်သည်။

ဧပြီလ (၂၈) ရက်နေ့၌ အဆိုပါ ကြွင်းကျန်ရုပ်ကလာပ် အား ရန်ကုန်မှ တောင်ငူ-လိပ်သိုလ်-ယာဒို- ဆီးဘူးလမ်းကြောင်းအတိုင်း ယာဉ်တန်းဖြင့် သယ်ယူ၍ ကယန်းပြည်သစ်ပါတီဌာနချုပ် ကယန်း အမျိုးသား အာဇာနည်ဗိမာန်တွင် အခမ်းအနားဖြင့် ဂူသွင်းမြှုပ်နှံမည်ဖြစ်ကြောင်း သိရသည်။

ရုပ်ကလာပ်အား ဂူသွင်းမည့် အခမ်းအနားတွင် ပေးပို့လာသော ဝမ်းနည်းကြောင်း သဝဏ်လွှာများအားဖတ်ကြားခြင်း၊ ကယန်းပြည်သစ် ပါတီ၏ အမိန့်ပြန်တမ်းဖတ်ကြားခြင်း၊ ဂုဏ်ပြုတပ်ဖွဲ့ဖြင့် နောက်ဆုံးအလေးပြုခြင်း၊ ရုပ်ကလာပ်အား ဂူသွင်းမြှုပ်နှံခြင်းများ ပြုလုပ်သွားမှာဖြစ်ကြောင်း ကယန်းအမျိုးသား ညီညွတ်ရေး ဦးဆောင်ကော်မတီ အထွေထွေအတွင်းရေးမှူးက အတည်ပြုပြောကြားသည်။

သတင်း - #ဆန်းဖြိုးထွန်း
photo: Khun A-Than

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~