တာချီလိတ်ခရိုင် ပြန်/ဆက်ရုံးရှိ အစည်းအဝေးခန်းမအား လူမှုအကျိုးပြု အဖွဲ့အစည်းများ အခမဲ့ အသုံးပြုနိုင်
တာချီလိတ်ခရိုင် ပြန်/ဆက်ရုံးရှိ အစည်းအဝေးခန်းမအား လူမှုအကျိုးပြု အဖွဲ့အစည်းများ အခမဲ့ အသုံးပြုနိုင်
ဧပွီ 29, 2017
By Tachileik News Agency
တာချီလိတ်မြို့နယ်အတွင်းရှိ လူမှုရေးအသင်းအဖွဲ့များ၊ လူမှုအကျိုးပြု အဖွဲ့အစည်းများအနေဖြင့် အစည်း အဝေးများ၊ အလုပ်ရုံဆွေးနွေးပွဲများ နှင့် သင်တန်းများ ပြုလုပ်ရန်အတွက် တာချီလိတ်ခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးမှ အစည်းအဝေးခန်းမအား အခမဲ့ အသုံးပြုခွင့်ပေးထားရာတွင် ၂၀၁၇ခုနှစ် (၄)လအတွင်း အသုံးပြုလာသည့် အကြိမ်အရေအတွက် (၁၉)ကြိမ်ရှိပြီ ဖြစ်ကြောင်း နှင့် စတင် အသုံးပြုခွင့်ပေးသည့် နေ့မှစ၍ ဧပြီလကုန်အထိတွင် စုစုပေါင်း (၄၃)ကြိမ်ရှိပြီး ဖြစ်ကြောင်းသိရသည်။
တာချီလိတ်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးတွင် ဆွေးနွေးပွဲများနှင့် အစည်းအဝေးများ လာရောက် ပြုလုပ်ရာတွင် ဌာနအချို့လည်း ပါဝင်ကြပြီး လူမှုရေးအဖွဲ့အစည်းများ နှင့် အရပ်ဖက် လူမှုအကျိုးပြု အဖွဲ့အစည်းများလည်း ပါဝင်ကြောင်းနှင့် ဆက်လက်၍လည်း ဒေသဖွံ့ဖြိုးရေး အတွက် အစည်းအဝေးများကို လာရောက်ပြုလုပ်နိုင်ကြောင်း အပြင် ယင်းကဲ့သို့ အစည်းအဝေး လာရောက်ပြုလုပ်ခြင်းများအတွက် ငွေကြေးပေးရန်မလိုကြောင်း သိရသည်။
"ကျွန်တော်တို့ရုံးမှာ အစည်းအဝေးခန်းမအတွက် အခမဲ့ အသုံးပြုခွင့်ရှိသလို ကလေးစာဖတ်ခန်းမှာလည်း ကလေးများ လာရောက်ပြီး စာဖတ်တာတွေ၊ ပုံဆွဲတာတွေလည်း လုပ်လို့ရပါတယ်။"ဟု ၎င်းက ပြောသည်။
အဆိုပါ ရုံး၌ ၂၀၁၆ခုနှစ် ဇူလိုင်လ(၁၂)ရက်နေ့က စတင်၍ အစည်းအဝေးခန်းမအား စတင် သုံးစွဲခွင့် ပြုလာရာတွင် ၂၀၁၇ခုနှစ် ဧပြီလ(၂၉)ရက်နေ့အထိ စုစုပေါင်း (၄၃)ကြိမ်ရှိပြီဖြစ်ကြောင်း သိရသည်။
~~~~~~~~⊰❂ unicode ~~~~~~~~
တာချီလိတ်မြို့နယ်အတွင်းရှိ လူမှုရေးအသင်းအဖွဲ့များ၊ လူမှုအကျိုးပြု အဖွဲ့အစည်းများအနဖြေင့် အစည်း အေဝးများ၊ အလုပ်ရုံဆွေးနွေးပွဲများ နှင့် သင်တန်းများ ပြုလုပ်ရန်အတွက် တာချီလိတ်ခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးမှ အစည်းအေဝးခန်းမအား အခမဲ့ အသုံးပြုခွင့်ပေးထားရာတွင် ၂၀၁၇ခုနှစ် (၄)လအတွင်း အသုံးပြုလာသည့် အကြိမ်အရေအတွက် (၁၉)ကြိမ်ရှိပြီ ဖြစ်ကြောင်း နှင့် စတင် အသုံးပြုခွင့်ပေးသည့် နေ့မှစ၍ ဧပြီလကုန်အထိတွင် စုစုပေါင်း (၄၃)ကြိမ်ရှိပြီး ဖြစ်ကြောင်းသိရသည်။
"လူမှုအသင်းအဖွဲ့များအနေနဲ့ ရုံးမှာလာပြီး အစည်းအေဝး လုပ်လိုတယ်ဆိုရင် ကြိုတင် လာရောက် အကြောင်းကြား စာရင်းပေးနိုင်သလို ဖုန်းနံပါတ်များဖြစ်တဲ့ ဝ၈၄ ၅၁၀၂၈ နဲ့ ဝ၉၂၅၀၇၇၈၀၂၂ ကနေလည်း ဆက်သွယ်ပြီး စာရင်းပေးနိုင်ပါတယ်။ ငွေကြေးပေးစရာမလိုပါဘူး၊ အခမဲ့ပါပဲ "ဟု တာချီလိတ်ခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးလှဌေးက ပြောသည်။
တာချီလိတ်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးတွင် ဆွေးနွေးပွဲများနှင့် အစည်းအေဝးများ လာရောက် ပြုလုပ်ရာတွင် ဌာနအချို့လည်း ပါဝင်ကြပြီး လူမှုရေးအဖွဲ့အစည်းများ နှင့် အရပ်ဖက် လူမှုအကျိုးပြု အဖွဲ့အစည်းများလည်း ပါဝင်ကြောင်းနှင့် ဆက်လက်၍လည်း ဒေသဖွံ့ဖြိုးရေး အတွက် အစည်းအေဝးများကို လာရောက်ပြုလုပ်နိုင်ကြောင်း အပြင် ယင်းကဲ့သို့ အစည်းအေဝး လာရောက်ပြုလုပ်ခြင်းများအတွက် ငွေကြေးပေးရန်မလိုကြောင်း သိရသည်။
"ကျွန်တော်တို့ရုံးမှာ အစည်းအေဝးခန်းမအတွက် အခမဲ့ အသုံးပြုခွင့်ရှိသလို ကလေးစာဖတ်ခန်းမှာလည်း ကလေးများ လာရောက်ပြီး စာဖတ်တာတွေ၊ ပုံဆွဲတာတွေလည်း လုပ်လို့ရပါတယ်။"ဟု၎င်းက ပြောသည်။
အဆိုပါ ရုံး၌ ၂၀၁၆ခုနှစ် ဇူလိုင်လ(၁၂)ရက်နေ့က စတင်၍ အစည်းအေဝးခန်းမအား စတင် သုံးစွဲခွင့် ပြုလာရာတွင် ၂၀၁၇ခုနှစ် ဧပြီလ(၂၉)ရက်နေ့အထိ စုစုပေါင်း (၄၃)ကြိမ်ရှိပြီဖြစ်ကြောင်း သိရသည်။
 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~