အင္းေလးေဒသ ေရခန္းေျခာက္မႈေၾကာင့္ ငါးႏွစ္အတြင္း ခရမ္းခ်ဥ္သီးစိုက္ဧက ထက္ဝက္ခန္႔က်ဆင္း

အင္းေလးေဒသ ေရခန္းေျခာက္မႈေၾကာင့္ ငါးႏွစ္အတြင္း ခရမ္းခ်ဥ္သီးစိုက္ဧက ထက္ဝက္ခန္႔က်ဆင္း
ဧပြီ 24, 2017
By Tachileik News Agency

ရွမ္းျပည္နယ္(ေတာင္ပိုင္း)၊ ေညာင္ေရႊၿမိဳ႕နယ္ အင္းေလးေဒသတြင္ ေရခန္းေျခာက္မႈမ်ားေၾကာင့္ ငါးႏွစ္အတြင္း ခရမ္းခ်ဥ္ စိုက္ဧကထက္ဝက္ခန္႔ ေလ်ာ့က်လာေၾကာင္း အင္းေလးေတာင္သူ လယ္သမားမ်ားအဖြဲ႕ထံမွ သိရသည္။

“လြန္ခဲ့တဲ့ (၅) ႏွစ္ထက္ေလာက္ကတည္းက အင္းေလးကန္ ေရခန္းေျခာက္လာတာနဲ႔အမ်ွ ကမ္းစပ္မွာရွိတဲ့ ေရကန္ေတာ္ေတာ္မ်ားမ်ားမွာ ေရခန္းေျခာက္မွဳေႀကာင့္ စိုက္ဧရိယာ တစ္ဝက္ေလာက္ေလ်ာ့သြားပါတယ္။ ဒီလိုေလ်ာ့သြားတဲ့အတြက္ ထြက္တဲ့ႏႈန္းကလည္း တစ္ဝက္ေလ်ာ့သြားပါတယ္”ဟု အင္းေလး ေတာင္သူလယ္သမားအဖြဲ႕ အတြင္းေရးမွဴး ဦးခင္ေမာင္လတ္က ေျပာသည္။

စိုက္ပ်ိဳးဧရိယာေလ်ာ့သြားေသာ္လည္း စိုက္ပ်ိဳးေတာင္သူအေရအတြက္ ေလ်ာ့က်သြားျခင္း မရိွဘဲ ခရမ္းခ်ဥ္စိုက္ ေတာင္သူဦးေရ (၅၀၀၀၀)ေက်ာ္ရိွေၾကာင္း သိရသည္။

အင္းေလးေဒသတြင္ အဓိက စိုက္ပ်ိဳးသီးနွံျဖစ္သည့္ ခရမ္းခ်ဥ္သီးအား ႏိုင္ငံတစ္ဝန္း တင္ပို႔ေရာင္းခ်ေနျခင္းျဖစ္ၿပီး စိုက္ပ်ိဳးနည္း စနစ္တြင္ ဓာတုပစၥည္းမ်ား အလြန္အကၽြံ သံုးစြဲျခင္းမွ ေျပာင္းလဲရန္ အဖြဲ႕အစည္းအခ်ိဳ႕က ပံ့ပိုးမႈမ်ားျဖင့္ လုပ္ေဆာင္လာေၾကာင္း သိရသည္။

“ ကုန္က်စရိတ္သက္သာၿပီး သူတို႔အတြက္ အက်ဳိးရွိေအာင္ ဓာတုပစၥည္းေတြ အလြန္အကၽြံ မသံုးေစေအာင္ စားသံုးသူ အတြက္လည္း ပိုေကာင္းလာမယ့္ အခ်က္ေတြကို ကၽြန္ေတာ္တို႔ဖက္ကေန လူမႈအဖြဲ႕အစည္းေတြ၊ ကုန္သည္ေတြကလည္း တတ္နိုင္သေလာက္ ပံ့ပိုးေနပါတယ္”ဟု ဦးခင္ေမာင္လတ္က ေျပာသည္။

အင္းေလးေဒသရွိ ခရမ္းခ်ဥ္သီး စိုက္ပ်ဳိးေသာေနရာမ်ားအား တကၠသိုလ္ပညာရွင္မ်ား ၊ နိုင္ငံျခား ခရီးသြားဧည့္သည္မ်ား အမ်ားဆံုးလာေရာက္ ေလ့လာၾကေၾကာင္း သိရသည္။

လက္ရိွတြင္ အင္းေလးေဒသ၏ ခရမ္းခ်ဥ္သီးစိုက္ဧက ေလ်ာ့နည္းလာျခင္းႏွင့္အတူ ခရမ္းခ်ဥ္သီး ထုတ္လုပ္ႏုိင္မႈလည္း ေလ်ာ့က်လာေနေၾကာင္း သိရသည္။

သတင္း - ႏိုႏို


~~~~~~~~⊰❂ unicode ~~~~~~~~

အင်းလေးဒေသ ရေခန်းခြောက်မှုကြောင့် ငါးနှစ်အတွင်း ခရမ်းချဉ်သီးစိုက်ဧက ထက်ဝက်ခန့်ကျဆင်း
.........................

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ညောင်ရွှမြေို့နယ် အင်းလေးဒေသတွင် ရေခန်းခြောက်မှုများကြောင့် ငါးနှစ်အတွင်း ခရမ်းချဉ် စိုက်ဧကထက်ဝက်ခန့် လျော့ကျလာကြောင်း အင်းလေးတောင်သူ လယ်သမားများအဖွဲ့ထံမှ သိရသည်။

“လွန်ခဲ့တဲ့ (၅) နှစ်ထက်လောက်ကတည်းက အင်းလေးကန် ရေခန်းခြောက်လာတာနဲ့အမျှ ကမ်းစပ်မှာရှိတဲ့ ရေကန်တော်တော်များများမှာ ရေခန်းခြောက်မှုကြောင့် စိုက်ဧရိယာ တစ်ဝက်လောက်လျော့သွားပါတယ်။ ဒီလိုလျော့သွားတဲ့အတွက် ထွက်တဲ့နှုန်းကလည်း တစ်ဝက်လျော့သွားပါတယ်”ဟု အင်းလေး တောင်သူလယ်သမားအဖွဲ့ အတွင်းရေးမှူး ဦးခင်မောင်လတ်က ပြောသည်။

စိုက်ပျိုးဧရိယာလျော့သွားသော်လည်း စိုက်ပျိုးတောင်သူအရေအတွက် လျော့ကျသွားခြင်း မရှိဘဲ ခရမ်းချဉ်စိုက် တောင်သူဦးရေ (၅၀၀၀၀)ကျော်ရှိကြောင်း သိရသည်။

အင်းလေးဒေသတွင် အဓိက စိုက်ပျိုးသီးနှံဖြစ်သည့် ခရမ်းချဉ်သီးအား နိုင်ငံတစ်ဝန်း တင်ပို့ရောင်းချနခြေင်းဖြစ်ပြီး စိုက်ပျိုးနည်း စနစ်တွင် ဓာတုပစ္စည်းများ အလွန်အကျွံ သုံးစွဲခြင်းမှ ပြောင်းလဲရန် အဖွဲ့အစည်းအချို့က ပံ့ပိုးမှုများဖြင့် လုပ်ဆောင်လာကြောင်း သိရသည်။

“ ကုန်ကျစရိတ်သက်သာပြီး သူတို့အတွက် အကျိုးရှိအောင် ဓာတုပစ္စည်းတွေ အလွန်အကျွံ မသုံးစေအောင် စားသုံးသူ အတွက်လည်း ပိုကောင်းလာမယ့် အချက်တွေကို ကျွန်တော်တို့ဖက်ကနေ လူမှုအဖွဲ့အစည်းတွေ၊ ကုန်သည်တွေကလည်း တတ်နိုင်သလောက် ပံ့ပိုးနေပါတယ်”ဟု ဦးခင်မောင်လတ်က ပြောသည်။

အင်းလေးဒေသရှိ ခရမ်းချဉ်သီး စိုက်ပျိုးသောနေရာများအား တက္ကသိုလ်ပညာရှင်များ၊ နိုင်ငံခြား ခရီးသွားဧည့်သည်များ အများဆုံးလာရောက် လေ့လာကြကြောင်း သိရသည်။

လက်ရှိတွင် အင်းလေးဒေသ၏ ခရမ်းချဉ်သီးစိုက်ဧက လျော့နည်းလာခြင်းနှင့်အတူ ခရမ်းချဉ်သီး ထုတ်လုပ်နိုင်မှုလည်း လျော့ကျလာနေကြောင်း သိရသည်။

သတင်း - နိုနို

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~