ၾကက္ေျခနီအသင္းမွ ေရွ႕ဦးျပဳစုျခင္း အေျခခံသင္တန္း မိုင္းဆတ္တြင္ ပို႔ခ်

ၾကက္ေျခနီအသင္းမွ ေရွ႕ဦးျပဳစုျခင္း အေျခခံသင္တန္း မိုင္းဆတ္တြင္ ပို႔ခ်
ဧပြီ 20, 2017
By Tachileik News Agency

လူငယ္လူရြယ္မ်ား လူမႈစိတ္ဓာတ္ျဖင့္ လူထုအက်ဳိးျပဳလုပ္ငန္းမ်ား ေဆာင္ရြက္လာေစရန္ ရည္ရြယ္၍ ၾကက္ေျခနီအသင္းမွ ႀကီးမွဴးက်င္းပသည့္ ေရွ႕ဦးျပဳစုျခင္း အေျခခံသင္တန္း(၁/၂၀၁၇)အား မိုင္းဆတ္ၿမိဳ႕ရွိ အေျခခံပညာအထက္တန္းေက်ာင္း၏ ခန္းမေဆာင္တြင္ ဧၿပီလ(၂၀)ရက္ေန႔ နံနက္(၉)နာရီအခ်ိန္က က်င္းပျပဳလုပ္ေၾကာင္း သိရသည္။

အခမ္းအနားတြင္ မိုင္းဆတ္ၿမိဳ႕နယ္ၾကက္ေျခနီအသင္းဥကၠဌ ဦးထြန္းလြင္ဦးက အဖြင့္အမွာ စကားေျပာၾကားရာတြင္ ရပ္ကြက္/ေက်းရြာအတြင္းရိွ လူငယ္၊ လူရြယ္မ်ား ျဖဴစင္ေသာ လူမႈစိတ္ဓာတ္ျဖင့္ လူသားအေပါင္းဒုကၡက် ေရာက္မႈမရိွေအာင္ တားဆီးကာကြယ္ေရး၊ က်န္းမာေရး ျမွင့္တင္ေရး၊ ေရာဂါတားဆီးေရးစေသာ လုပ္ငန္းမ်ား၌ အားတတ္သေရာ ပါ၀င္ေဆာင္ရြက္ေစရန္ႏွင့္ သင္တန္းတြင္ပို႔ခ်ေသာ ပညာရပ္မ်ားကို တတ္ကၽြမ္းနားလည္ေအာင္ ဂ႐ုတစိုက္ လိုက္နာ သင္ၾကားေစလိုပါေၾကာင္းေျပာၾကားသည္။

 ယခု ဖြင့္လွစ္သည့္ ေရွ႕ဦးျပဳစုျခင္း အေျခခံသင္တန္း(၁/၂၀၁၇)သို႔ သင္တန္းသား၊ သင္တန္းသူ စုစုေပါင္း (၁၀၀)ဦး တက္ေရာက္ၿပီး သင္တန္းကာလမွာ ဧၿပီလ(၂၀)ရက္ေန႔မွ ဧၿပီလ(၂၉)အထိ (၁၀)ရက္ၾကာ ဖြင့္လွစ္သြားမည္ျဖစ္ေၾကာင္းသိရသည္။

အဆိုပါ သင္တန္းဖြင့္ပြဲသို႔   မိုင္းဆတ္ခရိုင္မွ ဒုတိယခ႐ိုင္အုပ္ခ်ဳပ္ေရးမွဴး ဦးထြန္းထြန္း၀င္းႏွင့္ ဌာနဆိုင္ရာမ်ား၊ ခ႐ိုင္ၾကက္ေျခနီအသင္းဥကၠဌ ဦးစိုင္းခ်စ္ေသာင္း၊ အတြင္းေရးမွဴး ဦးစိုင္းေနာင့္ႏွင့္ၾကက္ေျခနီအဖြဲ႔၀င္မ်ား၊ ၿမိဳ႕မိ၊ ၿမိဳ႕ဖမ်ား ႏွင့္ ဖိတ္ၾကားထားသူမ်ား တက္ေရာက္ေၾကာင္း သိရသည္။

သတင္း/ဓာတ္ပံု - ယဥ္ယဥ္၀င္း


~~~~~~~~⊰❂ unicode ~~~~~~~~

လူငယ်လူရွယ်များ လူမှုစိတ်ဓာတ်ဖြင့် လူထုအကျိုးပြုလုပ်ငန်းများ ဆောင်ရွက်လာစေရန် ရည်ရွယ်၍ ကြက်ခြေနီအသင်းမှ ကြီးမှူးကျင်းပသည့် ရှေ့ဦးပြုစုခြင်း အခြေခံသင်တန်း(၁/၂၀၁၇)အား မိုင်းဆတ်မြို့ရှိ အခြေခံပညာအထက်တန်းကျောင်း၏ ခန်းမဆောင်တွင် ဧပြီလ(၂၀)ရက်နေ့ နံနက်(၉)နာရီအချိန်က ကျင်းပပြုလုပ်ကြောင်း သိရသည်။

အခမ်းအနားတွင် မိုင်းဆတ်မြို့နယ်ကြက်ခြေနီအသင်းဥက္ကဌ ဦးထွန်းလွင်ဦးက အဖွင့်အမှာ စကားပြောကြားရာတွင် ရပ်ကွက်/ကျေးရွာအတွင်းရှိ လူငယ်၊ လူရွယ်များ ဖြူစင်သော လူမှုစိတ်ဓာတ်ဖြင့် လူသားအပေါင်းဒုက္ခကျ ရောက်မှုမရှိအောင် တားဆီးကာကွယ်ရေး၊ ကျန်းမာရေး မြှင့်တင်ရေး၊ ရောဂါတားဆီးရေးစသော လုပ်ငန်းများ၌ အားတတ်သရော ပါဝင်ဆောင်ရွက်စေရန်နှင့် သင်တန်းတွင်ပို့ချသော ပညာရပ်များကို တတ်ကျွမ်းနားလည်အောင် ဂရုတစိုက် လိုက်နာ သင်ကြားစေလိုပါကြောင်းပြောကြားသည်။

 ယခု ဖွင့်လှစ်သည့် ရှေ့ဦးပြုစုခြင်း အခြေခံသင်တန်း(၁/၂၀၁၇)သို့ သင်တန်းသား၊ သင်တန်းသူ စုစုပေါင်း (၁၀၀)ဦး တက်ရောက်ပြီး သင်တန်းကာလမှာ ဧပြီလ(၂၀)ရက်နေ့မှ ဧပြီလ(၂၉)အထိ (၁၀)ရက်ကြာ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်းသိရသည်။

အဆိုပါ သင်တန်းဖွင့်ပွဲသို့ မိုင်းဆတ်ခရိုင်မှ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းဝင်းနှင့် ဌာနဆိုင်ရာများ၊ ခရိုင်ကြက်ခြေနီအသင်းဥက္ကဌ ဦးစိုင်းချစ်သောင်း၊ အတွင်းရေးမှူး ဦးစိုင်းနောင့်နှင့်ကြက်ခြေနီအဖွဲ့ဝင်များ၊ မြို့မိ၊ မြို့ဖများ နှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြောင်း သိရသည်။

သတင်း/ဓာတ်ပုံ - ယဉ်ယဉ်ဝင်း

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~