ရွမ္းျပည္နယ္အတြင္း ဟိုတယ္၊တည္းခိုခန္း တည္ေဆာက္ခြင့္ ၂၀၁၇ ခုႏွစ္အတြင္း ခြင့္ျပဳျခင္း မရိွေသး

ရွမ္းျပည္နယ္အတြင္း ဟိုတယ္၊တည္းခိုခန္း တည္ေဆာက္ခြင့္ ၂၀၁၇ ခုႏွစ္အတြင္း ခြင့္ျပဳျခင္း မရိွေသး
ဧပြီ 18, 2017
By Tachileik News Agency

ရွမ္းျပည္နယ္အတြင္း ၂၀၁၆ ခုႏွစ္က တည္ေဆာက္ခြင့္ျပဳထားသည့္ ဟိုတယ္၊ တည္းခိုခန္းမ်ား ၿပီးစီးခ်ိန္တြင္ လိုအပ္ခ်က္ေပၚ မူတည္၍ အသစ္တည္ေဆာက္ခြင့္ ထပ္မံခြင့္ျပဳမည္ျဖစ္ရာ ၂၀၁၇ ခုႏွစ္အတြင္း အသစ္တည္ေဆာက္ခြင့္ျပဳထားျခင္း မရိွေသးေၾကာင္း သိရသည္။

“ယခုလက္ရွိက ဟိုတယ္အလံုးအေရအတြက္နဲ႔ ခရီးသည္ေတြ ၀င္ေရာက္မႈေတြကို ေသခ်ာစိစစ္တဲ့အခါမွာ လံုေလာက္တယ္။ အခုအသစ္ေဆာက္တာေတြကလည္း ခ်က္ခ်င္းၿပီးမယ့္အရာေတြ မဟုတ္ဘူးေလ။ ႏွစ္နဲ႔ ခ်ီျပီးႀကာအံုးမွာ။ အခန္းေပါင္းကလည္း ေထာင္ခ်ီထြက္လာအံုးမွာပါ။ နဂိုကလည္း အခန္းေတြ လံုေလာက္ေနတယ္”ဟု ေတာင္ႀကီးၿမဳိ႕ ဟုိတယ္ႏွင့္ခရီးသြားညႊြန္ၾကားမႈဦးစီးဌာနမွ လက္ေထာက္ညြန္ၾကားေရးမွဴး ဦး၀င္းေအာင္က ေျပာသည္။

၂၀၁၆ ခုႏွစ္အတြင္း ဟိုတယ္၊ တည္းခိုခန္းတည္ေဆာက္ခြင့္ ေလွ်ာက္ထားသူ (၇၂)ဦးအနက္ (၅၆)ဦးအား တည္ေဆာက္ခြင့္ ျပဳထားျခင္းျဖစ္ၿပီး ရွမ္းျပည္နယ္(ေတာင္ပိုင္း) ေတာင္ႀကီးတြင္ ( ၁၃)လံုး၊ ကေလာတြင္ (၂၁)လံုး၊ ေညာင္ေရႊတြင္ (၁၄)လံုး၊ ရွမ္းျပည္နယ္(ေျမာက္ပိုင္း) လားရိႈးတြင္ (၂)လံုး၊ မူဆယ္တြင္ (၂)လံုး၊ ရွမ္းျပည္နယ္(အေရွ႕ပိုင္း) က်ိဳင္းတံုတြင္ (၁)လံုးႏွင့္ တာခ်ီလိတ္တြင္ (၁)လံုး တည္ေဆာက္ေနျခင္း ျဖစ္ေၾကာင္း သိရသည္။

ရွမ္းျပည္နယ္အတြင္း လက္ရိွဖြင့္လွစ္ထားသည့္ ဟိုတယ္ႏွင့္ တည္းခိုရိပ္သာမ်ားမွာ ရွမ္းျပည္နယ္(ေတာင္ပိုင္း) ေတာင္ႀကီးတြင္ (၃၈)လံုး၊ ေညာင္ေရႊတြင္(၉၉) လံုး၊ ကေလာတြင္ (၄၇)လံုး၊ ပင္းတယတြင္ (၆)လံုး ၊ ရွမ္းျပည္နယ္(ေျမာက္ပိုင္း) မူဆယ္တြင္ (၁၁)လံုး၊ လားရိႈးတြင္ (၂၃)လံုး၊ သီေပါတြင္ (၁၄)လံုး၊ ေက်ာက္မဲတြင္ (၁၄)လံုး ၊ ရွမ္းျပည္နယ္(အေရွ႕ပိုင္း) က်ဳိင္းတံုတြင္ (၁၄)လံုး၊ တာခ်ီလိတ္တြင္ အလံုး(၄၀)ရိွေၾကာင္း သိရသည္။

သတင္း - နိုနို


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်အတွင်း ၂၀၁၆ ခုနှစ်က တည်ဆောက်ခွင့်ပြုထားသည့် ဟိုတယ်၊ တည်းခိုခန်းများ ပြီးစီးချိန်တွင် လိုအပ်ချက်ပေါ် မူတည်၍ အသစ်တည်ဆောက်ခွင့် ထပ်မံခွင့်ပြုမည်ဖြစ်ရာ ၂၀၁၇ ခုနှစ်အတွင်း အသစ်တည်ဆောက်ခွင့်ပြုထားခြင်း မရှိသေးကြောင်း သိရသည်။

“ယခုလက်ရှိက ဟိုတယ်အလုံးအရေအတွက်နဲ့ ခရီးသည်တွေ ဝင်ရောက်မှုတွေကို သေချာစိစစ်တဲ့အခါမှာ လုံလောက်တယ်။ အခုအသစ်ဆောက်တာတွေကလည်း ချက်ချင်းပြီးမယ့်အရာတွေ မဟုတ်ဘူးလေ။ နှစ်နဲ့ ချီပြီးကြာအုံးမှာ။ အခန်းပေါင်းကလည်း ထောင်ချီထွက်လာအုံးမှာပါ။ နဂိုကလည်း အခန်းတွေ လုံလောက်နေတယ်”ဟု တောင်ကြီးမြို့ ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာနမှ လက်ထောက်ညွန်ကြားရေးမှူး ဦးဝင်းအောင်က ပြောသည်။

၂၀၁၆ ခုနှစ်အတွင်း ဟိုတယ်၊ တည်းခိုခန်းတည်ဆောက်ခွင့် လျှောက်ထားသူ (၇၂)ဦးအနက် (၅၆)ဦးအား တည်ဆောက်ခွင့် ပြုထားခြင်းဖြစ်ပြီး ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးတွင် ( ၁၃)လုံး၊ ကလောတွင် (၂၁)လုံး၊ ညောင်ရွှေတွင် (၁၄)လုံး၊ ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးတွင် (၂)လုံး၊ မူဆယ်တွင် (၂)လုံး၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံတွင် (၁)လုံးနှင့် တာချီလိတ်တွင် (၁)လုံး တည်ဆောက်နခြေင်း ဖြစ်ကြောင်း သိရသည်။

ရှမ်းပြည်နယ်အတွင်း လက်ရှိဖွင့်လှစ်ထားသည့် ဟိုတယ်နှင့် တည်းခိုရိပ်သာများမှာ ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးတွင် (၃၈)လုံး၊ ညောင်ရွှေတွင်(၉၉) လုံး၊ ကလောတွင် (၄၇)လုံး၊ ပင်းတယတွင် (၆)လုံး၊ ရှမ်းပြည်နယ်(မြောက်ပိုင်း) မူဆယ်တွင် (၁၁)လုံး၊ လားရှိုးတွင် (၂၃)လုံး၊ သီပေါတွင် (၁၄)လုံး၊ ကျောက်မဲတွင် (၁၄)လုံး၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံတွင် (၁၄)လုံး၊ တာချီလိတ်တွင် အလုံး(၄၀)ရှိကြောင်း သိရသည်။

သတင်း - နိုနို

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~