အိမ္သံုးေဆး အေရာင္းဆိုင္မ်ားအား ပူးေပါင္းအဖြဲ႔ျဖင့္ မေကြးၿမိဳ႕တြင္ ေရွာင္တခင္စစ္ေဆး

အိမ္သံုးေဆး အေရာင္းဆိုင္မ်ားအား ပူးေပါင္းအဖြဲ႔ျဖင့္ မေကြးၿမိဳ႕တြင္ ေရွာင္တခင္စစ္ေဆး
ဧပြီ 6, 2017
By Tachileik News Agency

မေကြးတုိင္းေဒသႀကီး မေကြးၿမိဳ႕မွ အိမ္သံုးေဆးဝါး အေရာင္းဆိုင္မ်ားအား သႀကၤန္မတိုင္မီ ေရွာင္တခင္ စစ္ေဆးမႈမ်ား ျပဳလုပ္လ်က္ရိွေၾကာင္း FDA မေကြးတိုင္းတာဝန္ခံထံမွ သိရသည္။

FDA မွ တိုင္းတာဝန္ခံ၊ ေဆးဘက္ဆိုင္ရာ ကၽြမ္းက်င္ပညာရွင္ ဦးစီးအရာရိွ(ေဆးဝါး)၊ ၊နယ္ေျမ ခံရဲတပ္ဖဲြ႔၊ CID ၊ စားသံုးသူေရးရာဦးစီးဌာန၊ ၿမိဳ႕နယ္က်န္းမာေရးဌာနႏွင့္ သက္ဆိုင္ရာရပ္/ေက်းအုပ္ခ်ဳပ္ေရးမွဴးမ်ား ပူးေပါင္းအဖဲြ႔က ဧၿပီလ (၆) ရက္ေန႔မွစ၍ ေရွာင္တခင္ ကြင္းဆင္း စစ္ေဆးေနျခင္းျဖစ္ေၾကာင္း သိရသည္။

 “ဒီေန႔မနက္ပိုင္းမွာ ၿမိဳ႕ေပၚမွာရိွတဲ႔ ေဆးဆိုင္ (၆)ဆိုင္ကို ေရွာင္တခင္ဝင္ေရာက္စစ္ေဆးခဲ႔ရာမွာ အႏၱရာယ္ျဖစ္ေစတဲ႔ေဆးဝါးမေတြ႔ရပါဘူး။ေရွာင္တခင္စစ္တယ္ဆိုေပမယ့္ ဌာနဆိုင္ရာေတြနဲ႔ ခ်ိတ္ဆက္တဲ႔ ေနရာမွာေတာ႔ သတင္းေပါက္ၾကားႏိုင္ပါတယ္။ ဒါေၾကာင့္ မေတြ႔တာလည္းျဖစ္ႏိုင္သလို တကယ္ မရိွေတာ႔တာလည္း ျဖစ္ႏိုင္ပါတယ္”ဟု FDA မေကြးတိုင္းတာဝန္ခံ ေဒါက္တာျပည့္ထူးက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

မေကြးၿမိဳ႕ရိွ အိမ္သံုးေဆးဝါး အေရာင္းဆိုင္ေပါင္း(၂၀)ေက်ာ္ကို စစ္ေဆးသြားမည္ျဖစ္ေၾကာင္းသိရသည္။

“က်န္တဲ့ဆိုင္ေတြက စစ္ေဆးမယ္ဆိုတာကို သိႏွင္႔ေနၿပီးျဖစ္ေပမယ့္ ေရွာင္တခင္စစ္ေဆးမယ္႔အျပင္ အသြင္ယူေဆာင္ရြက္တာမ်ိဳးေတြလည္း ျပဳလုပ္သြားမွာပါ”ဟု ေဒါက္တာျပည့္ထူးက ဆုိသည္။

၂၀၁၆ ခုနွစ္ သႀကၤန္မတိုင္မီစစ္ေဆးခဲ့ရာတြင္ မေကြးၿမိဳ႕မွ (၅) ဆိုင္၊ ေအာင္လံမွ (၁) ဆိုင္၊ ပခုကၠဴမွ (၁) ဆိုင္၊ မင္းဘူးမွ (၁)ဆိုင္တို႔တြင္ မွတ္ပံုတင္မထားေသာေဆးဝါးမ်ားေတြ႔ရိွရသျဖင့္ အမ်ိဳးသားေဆးဝါး ဥပေဒအရ တရားစဲြႏိုင္ခဲ႔ကာ အဆိုပါဆိုင္မ်ားအား ဒဏ္ေငြ က်ပ္(၅)သိန္းစီခ်မွတ္ခဲ့ၿပီး စီမံခန္႔ခဲြမႈနည္းျဖင့္ လိုင္စင္ (၃)လမွ (၆)လအထိ ပိတ္သိမ္းခဲ့သည့္ အိမ္သံုးေဆးအေရာင္းဆိုင္(၁၀)ဆိုင္ခန္႔ရိွခဲ့ေၾကာင္း သိရသည္။

ထိုသို႔စစ္ေဆးရာတြင္ ေဆးဝါးေရာင္းခ်မႈ လိုင္စင္ရိွ/မရိွ ၊တားျမစ္ထိန္းခ်ဳပ္ေဆးဝါးရိွ /မရိွ၊ ႏွင့္ မွတ္ပံု တင္မထားေသာ ေဆးဝါးရိွ /မရိွ တို႔ကို အဓိကထားစစ္ေဆးျခင္းျဖစ္ေၾကာင္းသိရသည္။

သတင္း - ဖီးနစ္


~~~~~~~~⊰❂ unicode ~~~~~~~~

မကွေးတိုင်းဒေသကြီး မကွေးမြို့မှ အိမ်သုံးဆေးဝါး အရောင်းဆိုင်များအား သင်္ကြန်မတိုင်မီ ရှောင်တခင် စစ်ဆေးမှုများ ပြုလုပ်လျက်ရှိကြောင်း FDA မကွေးတိုင်းတာဝန်ခံထံမှ သိရသည်။

FDA မှ တိုင်းတာဝန်ခံ၊ ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်ပညာရှင် ဦးစီးအရာရှိ(ဆေးဝါး)၊နယ်မြေ ခံရဲတပ်ဖွဲ့၊ CID၊ စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်ကျန်းမာရေးဌာနနှင့် သက်ဆိုင်ရာရပ်/ကျေးအုပ်ချုပ်ရေးမှူးများ ပူးပေါင်းအဖွဲ့က ဧပြီလ (၆) ရက်နေ့မှစ၍ ရှောင်တခင် ကွင်းဆင်း စစ်ဆေးနခြေင်းဖြစ်ကြောင်း သိရသည်။

 “ဒီနေ့မနက်ပိုင်းမှာ မြို့ပေါ်မှာရှိတဲ့ ဆေးဆိုင် (၆)ဆိုင်ကို ရှောင်တခင်ဝင်ရောက်စစ်ဆေးခဲ့ရာမှာ အန္တရာယ်ဖြစ်စေတဲ့ဆေးဝါးမတွေ့ရပါဘူး။ရှောင်တခင်စစ်တယ်ဆိုပေမယ့် ဌာနဆိုင်ရာတွေနဲ့ ချိတ်ဆက်တဲ့ နေရာမှာတော့ သတင်းပေါက်ကြားနိုင်ပါတယ်။ ဒါကြောင့် မတွေ့တာလည်းဖြစ်နိုင်သလို တကယ် မရှိတော့တာလည်း ဖြစ်နိုင်ပါတယ်”ဟု FDA မကွေးတိုင်းတာဝန်ခံ ဒေါက်တာပြည့်ထူးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

မကွေးမြို့ရှိ အိမ်သုံးဆေးဝါး အရောင်းဆိုင်ပေါင်း(၂၀)ကျော်ကို စစ်ဆေးသွားမည်ဖြစ်ကြောင်းသိရသည်။

“ကျန်တဲ့ဆိုင်တွေက စစ်ဆေးမယ်ဆိုတာကို သိနှင့်နပြေီးဖြစ်ပေမယ့် ရှောင်တခင်စစ်ဆေးမယ့်အပြင် အသွင်ယူဆောင်ရွက်တာမျိုးတွေလည်း ပြုလုပ်သွားမှာပါ”ဟု ဒေါက်တာပြည့်ထူးက ဆိုသည်။

၂၀၁၆ ခုနှစ် သင်္ကြန်မတိုင်မီစစ်ဆေးခဲ့ရာတွင် မကွေးမြို့မှ (၅) ဆိုင်၊ အောင်လံမှ (၁) ဆိုင်၊ ပခုက္ကူမှ (၁) ဆိုင်၊ မင်းဘူးမှ (၁)ဆိုင်တို့တွင် မှတ်ပုံတင်မထားသောဆေးဝါးများတွေ့ရှိရသဖြင့် အမျိုးသားဆေးဝါး ဥပဒေအရ တရားစွဲနိုင်ခဲ့ကာ အဆိုပါဆိုင်များအား ဒဏ်ငွေ ကျပ်(၅)သိန်းစီချမှတ်ခဲ့ပြီး စီမံခန့်ခွဲမှုနည်းဖြင့် လိုင်စင် (၃)လမှ (၆)လအထိ ပိတ်သိမ်းခဲ့သည့် အိမ်သုံးဆေးအရောင်းဆိုင်(၁၀)ဆိုင်ခန့်ရှိခဲ့ကြောင်း သိရသည်။

ထိုသို့စစ်ဆေးရာတွင် ဆေးဝါးရောင်းချမှု လိုင်စင်ရှိ/မရှိ၊တားမြစ်ထိန်းချုပ်ဆေးဝါးရှိ /မရှိ၊ နှင့် မှတ်ပုံ တင်မထားသော ဆေးဝါးရှိ /မရှိ တို့ကို အဓိကထားစစ်ဆေးခြင်းဖြစ်ကြောင်းသိရသည်။

သတင်း - ဖီးနစ်

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~