လူမႈကြန္ရက္အသံုးမ်ားသည့္ သမီးျဖစ္သူအား ဖခင္ျဖစ္သူမွ ဓါးျဖင့္ လည္ပင္းလွီး

လူမႈကြန္ရက္အသံုးမ်ားသည့္ သမီးျဖစ္သူအား ဖခင္ျဖစ္သူမွ ဓါးျဖင့္ လည္ပင္းလွီး
ဧပြီ 23, 2017
By Tachileik News Agency

ေဖ့စ္ဘုတ္ႏွင့္ Line Messageတို႔အား အလြန္အကၽြံသံုးစြဲသည့္ အသက္ (၁၃)ႏွစ္အရြယ္ သမီးျဖစ္သူအား ေဒါသ ထြက္ေနသည့္ အသက္ (၄၁)ႏွစ္အရြယ္ ဖခင္ျဖစ္သူက လည္ပင္းအား ဓားျဖင့္လွီး၍ အခန္းတြင္း ပိတ္ထားမႈ ထိုင္းႏုိင္ငံအေနာက္ပိုင္း ပက္ခ်္ဘူရီၿမိဳ႕တြင္ ဧၿပီလ၏ ဒုတိယပတ္အတြင္းက ျဖစ္ပြားခဲ့ေၾကာင္း သိရသည္။

သမီးအငယ္ဆံုးျဖစ္သူႏွင့္အတူ ထြက္ေျပးရန္ ႀကိဳးစားခဲ့သည့္ ၎အား လမ္းခရီးစစ္ေဆးေရးဂိတ္တြင္ ဧၿပီလ(၉)ရက္ေန႔ညမွာပင္ ဖမ္းဆီးရမိျခင္းျဖစ္ေၾကာင္း သိရၿပီး သမီးျဖစ္သူသည္ ေဖ့စ္ဘုတ္ႏွင့္ Line Message တြင္ အခ်ိန္ကုန္ေနတတ္သည့္အတြက္ စကားမ်ားရာမွ လက္လြန္သြားျခင္းျဖစ္သည္ဟု ၎က ရဲမ်ားထံ ထြက္ဆိုေၾကာင္း သိရသည္။

၎၏ အသက္ (၄၄)ႏွစ္အရြယ္ ဇနီးျဖစ္သူက ျဖစ္ရပ္အား အတည္ျပဳထားၿပီး သမီးျဖစ္သူ လူမႈကြန္ရက္တြင္ အခ်ိန္မ်ားစြာ ျဖဳန္းေနျခင္းေၾကာင့္ ေက်ာင္းပညာေရး ထိခိုက္မည္ႏွင့္ လူမႈကြန္ရက္၏ ဆိုးက်ိဳးမ်ားျဖစ္လာမည္ကို ခင္ပြန္းျဖစ္သူက စိုးရိမ္ခဲ့ျခင္းျဖစ္သည္ဟု ဆိုသည္။

လိင္ပိုင္းဆိုင္ရာ ေစာ္ကားၿပီး တိုက္ခိုက္ခံရသည္ဆိုသည့္ ေဝဖန္မႈမ်ားကိုမူ သူမက ျငင္းဆိုထားၿပီး လူမႈကြန္ရက္ အသံုးျပဳမႈမ်ားသည့္ ကိစၥႏွင့္ပတ္သက္၍ သမီးျဖစ္သူအား ေဒါသထြက္ေနသည့္ သူမ၏ ခင္ပြန္းက ရိုက္ႏွက္ခဲ့ျခင္းျဖစ္သည္ဟု ဆိုသည္။

သူမ၏ ခင္ပြန္းျဖစ္သူက ဇနီးျဖစ္သူ၏ ခ်စ္သူေဟာင္းအား ျပန္ဆက္သြယ္မည္ကို စိုးရိမ္ၿပီး တစ္မိသားစုလံုးအား သတ္ပစ္မည္ဟု ယခင္ကလည္း ၿခိမ္းေျခာက္ခဲ့ဖူးေၾကာင္း သိရသည္။

သမီးျဖစ္သူသည္ လက္ရိွတြင္ ေဆးရံုမွၾကပ္မတ္ ကုသမႈေၾကာင့္ အေျခအေနျပန္လည္ေကာင္းမြန္လာၿပီ ျဖစ္ေၾကာင္း သိရသည္။

အဆိုပါ အမ်ိဳးသားသည္ ၂၀၀၇ ခုႏွစ္ ၾသဂုတ္လ ၁၄ ရက္ေန႔က လူသတ္မႈတစ္ခုႏွင့္ပတ္သက္၍ ဖမ္းဝရမ္းထုတ္ထားၿပီး ရဲတပ္ဖြဲ႕က အလိုရိွေနသူတစ္ဦးျဖစ္ေၾကာင္းလည္း သိရသည္။

ဘာသာျပန္ - ဇာႏွင္းထိုက္
Ref; nationmultimedia
Photo:Uju Patricia


~~~~~~~~⊰❂ unicode ~~~~~~~~

လူမှုကွန်ရက်အသုံးများသည့် သမီးဖြစ်သူအား ဖခင်ဖြစ်သူမှ ဓားဖြင့် လည်ပင်းလှီး

ဖေ့စ်ဘုတ်နှင့် Line Messageတို့အား အလွန်အကျွံသုံးစွဲသည့် အသက် (၁၃)နှစ်အရွယ် သမီးဖြစ်သူအား ဒေါသ ထွက်နေသည့် အသက် (၄၁)နှစ်အရွယ် ဖခင်ဖြစ်သူက လည်ပင်းအား ဓားဖြင့်လှီး၍ အခန်းတွင်း ပိတ်ထားမှု ထိုင်းနိုင်ငံအနောက်ပိုင်း ပက်ချ်ဘူရီမြို့တွင် ဧပြီလ၏ ဒုတိယပတ်အတွင်းက ဖြစ်ပွားခဲ့ကြောင်း သိရသည်။

သမီးအငယ်ဆုံးဖြစ်သူနှင့်အတူ ထွက်ပြေးရန် ကြိုးစားခဲ့သည့်၎င်းအား လမ်းခရီးစစ်ဆေးရေးဂိတ်တွင် ဧပြီလ(၉)ရက်နေ့ညမှာပင် ဖမ်းဆီးရမိခြင်းဖြစ်ကြောင်း သိရပြီး သမီးဖြစ်သူသည် ဖေ့စ်ဘုတ်နှင့် Line Message တွင် အချိန်ကုန်နေတတ်သည့်အတွက် စကားများရာမှ လက်လွန်သွားခြင်းဖြစ်သည်ဟု၎င်းက ရဲများထံ ထွက်ဆိုကြောင်း သိရသည်။

၎င်း၏ အသက် (၄၄)နှစ်အရွယ် ဇနီးဖြစ်သူက ဖြစ်ရပ်အား အတည်ပြုထားပြီး သမီးဖြစ်သူ လူမှုကွန်ရက်တွင် အချိန်များစွာ ဖြုန်းနခြေင်းကြောင့် ကျောင်းပညာရေး ထိခိုက်မည်နှင့် လူမှုကွန်ရက်၏ ဆိုးကျိုးများဖြစ်လာမည်ကို ခင်ပွန်းဖြစ်သူက စိုးရိမ်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

လိင်ပိုင်းဆိုင်ရာ စော်ကားပြီး တိုက်ခိုက်ခံရသည်ဆိုသည့် ဝေဖန်မှုများကိုမူ သူမက ငြင်းဆိုထားပြီး လူမှုကွန်ရက် အသုံးပြုမှုများသည့် ကိစ္စနှင့်ပတ်သက်၍ သမီးဖြစ်သူအား ဒေါသထွက်နေသည့် သူမ၏ ခင်ပွန်းက ရိုက်နှက်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

သူမ၏ ခင်ပွန်းဖြစ်သူက ဇနီးဖြစ်သူ၏ ချစ်သူဟောင်းအား ပြန်ဆက်သွယ်မည်ကို စိုးရိမ်ပြီး တစ်မိသားစုလုံးအား သတ်ပစ်မည်ဟု ယခင်ကလည်း ခြိမ်းခြောက်ခဲ့ဖူးကြောင်း သိရသည်။

သမီးဖြစ်သူသည် လက်ရှိတွင် ဆေးရုံမှကြပ်မတ် ကုသမှုကြောင့် အခြေအနပြေန်လည်ကောင်းမွန်လာပြီ ဖြစ်ကြောင်း သိရသည်။

အဆိုပါ အမျိုးသားသည် ၂၀၀၇ ခုနှစ် သြဂုတ်လ ၁၄ ရက်နေ့က လူသတ်မှုတစ်ခုနှင့်ပတ်သက်၍ ဖမ်းဝရမ်းထုတ်ထားပြီး ရဲတပ်ဖွဲ့က အလိုရှိနေသူတစ်ဦးဖြစ်ကြောင်းလည်း သိရသည်။

ဘာသာပြန် - ဇာနှင်းထိုက်
Ref; nationmultimedia
Photo:Uju Patricia 

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~