ၾကားရတာနဲ႔တင္ အားျဖစ္ခဲ့မိတယ္

ၾကားရတာနဲ႔တင္ အားျဖစ္ခဲ့မိတယ္
ဧပြီ 27, 2017
By Tachileik News Agency
ၾကားရတာနဲ႔တင္ အားျဖစ္ခဲ့မိတယ္ - ဦးခင္ေမာင္ျမင့္
လြန္ခဲ့တဲ့ တစ္ႏွစ္ေက်ာ္ အတိအက်ဆိုရရင္ ၂၀၁၅ခုႏွစ္ ေအာက္တိုဘာလ(၂၁)ရက္ေန႔မွာ ႏိုင္ငံေရး ပါတီႀကီးတစ္ခုရဲ႕ အႀကီးအကဲႀကီး တစ္ဦးကို ေလယာဥ္ကြင္းမွာ အင္တိုက္အားတိုက္ ႀကိဳဆိုခဲ့သလို
တာခ်ီလိတ္ၿမိဳ႕၊ ပလက္တီနမ္စတားဟိုတယ္မွာ ျပဳလုပ္ခဲ့တဲ့ ၿမိဳ႕မိၿမိဳ႕ဖမ်ားနဲ႔ေတြ႕ဆံုပဲြမွာ ပညာေရး
နဲ႔ ပတ္သက္ၿပီး ကၽြန္ေတာ့္အျမင္ကို တင္ျပခြင့္ရခဲ့တယ္။
ဒီတုန္းက (၁၉၆၂)ခုႏွစ္ေနာက္ပိုင္း ေမြးလာခဲ့တဲ့ ကၽြန္ေတာ္တို႔ဟာ ပညာေရးနဲ႔ ပတ္သက္ၿပီး ကံဆိုး
သူမ်ားျဖစ္ေၾကာင္း၊ အရည္အေသြး မမီတဲ့ ပညာေရးကို သင္ခဲ့ၾကရသူမ်ား ျဖစ္ေၾကာင္းနဲ႔ အနာဂတ္ပညာ
ေရးကို အေကာင္းဆံုး ေျပာင္းလဲပစ္မယ္ဆိုတာ ၾကားရေတာ့အားရွိ လိုက္တာ။
ဒါတင္မက၊  ၂၀၁၅ခုႏွစ္ ေအာက္တိုဘာလ(၂၂)ရက္ေန႔မွာ က်ိဳင္းတံုၿမိဳ႕၊ က်ိဳင္းတံုဟိုတယ္မွာ ျပဳလုပ္တဲ့ ၿမိဳ႕မိၿမိဳ႕ဖေတြ႕ဆံုပဲြမွာ ေဒသခံတိုင္းရင္းသား ေခါင္းေဆာင္ေတြ တင္ျပေဆြးေႏြးခဲ့တဲ့ မူလတန္းထိ သက္ဆိုင္ရာ ဘာသာစကားနဲ႔ သင္ၿပီး အလယ္တန္းဆင့္ ေရာက္မွ ျမန္မာစာနဲ႔သင္ဖို႔ တင္ျပၾကတဲ့ အခါ ပါတီ အႀကီးအကဲျဖစ္သူက "ငယ္ရြယ္စဥ္မွာ တိုင္းရင္းသား ဘာသာစကားတစ္ခုခုနဲ႔ ဘာသာရပ္ေတြကို သင္ၿပီး၊ အတန္းႀကီး လာမွ ျမန္မာဘာသာ စကားကို ေျပာင္းလဲသင္မယ္ဆိုရင္ အသက္အရသာ အရြယ္ေရာက္လာေပမဲ့ ပံုမွန္တိုးတက္မႈ မရွိတဲ့ လူစဥ္မမီ သလိုျဖစ္သြားပါလိမ့္မယ္"တဲ့။ ဒီတုန္းက ၾကားခဲ့ရတဲ့ ႏိုင္ငံေတာ္ရဲ႕ အနာဂတ္ ပညာေရး ေျပာင္းလဲမႈေတြ ျပဳျပင္ေပးမႈေတြ စိတ္ထဲကေလး စားလြန္းလို႔ ထိုင္ကန္ေတာ့ခ်င္စိတ္ ေပါက္မိတယ္။
ဒါေၾကာင့္ ေခတ္ေဟာင္းစနစ္ေဟာင္းမွာ ခံစားခဲ့ရဖူးတဲ့ မတည္ၿငိမ္တဲ့ ပညာေရး၊ ေနာင္ကေလးေတြေတာ့ ဒီဒုကၡေဘးက လြတ္ေတာ့မယ္၊ ပညာတတ္ဆိုသူေတြ ဦးေဆာင္လာေတာ့မဲ့ ေခတ္မွာ ျမန္မာ့ပညာေရး ေခါင္းေထာင္လာေတာ့မယ္၊ အဆင့္အတန္းျမင့္တဲ့ ပညာေရးနဲ႔ အႏွစ္ရွိရွိ သင္ေပးႏိုင္ေတာ့မယ္ ဆိုတဲ့ စိတ္အေတြးနဲ႔ေပ်ာ္ခဲ့ရသလို ပညာေရးကို အေကာင္းဆံုးေျပာင္းလဲေပးမဲ့ အစိုးရတက္လာဖို႔ တစ္မ်ိဳးလံုးတစ္ေဆြလံုး သိမ္းၾကံဳး စည္းရံုးလို႔ မဲေပးလိုက္ၾကရတာ။ မွင္စြန္းေနတဲ့ လက္သန္းေလးတစ္ ေထာင္ေထာင္၊ ကိုယ့္လုပ္ရပ္အတြက္ ပီတိတရႊင္ရႊင္၊ ေျပာင္းလဲလာမဲ့ ေန႔သစ္ရဲ႕ ေရာင္နီဦးကို ေမွ်ာ္လင့္ျခင္း မ်ားစြာနဲ႔ေပါ့။
ခုေတာ့ ကၽြန္ေတာ္ကဘဲ ေျပာင္းလဲမႈအေပၚ အဆိုးျမင္ေလသလား၊ ကၽြန္ေတာ့္ ဉာဏ္ကဘဲ လိုက္မမီ တာလား။ ေလးတန္း၊ ရွစ္တန္းေအာင္စာရင္း ထြက္လာေတာ့ ပါးစပ္အေဟာင္းသား ျဖစ္ရပါတယ္။
မၾကံဳဖူးေပါင္ ဂုဏ္ထူးေဆာင္ လို႔ဘဲ အမႊမ္းတင္ရမလား။ မိဘနဲ႔ေက်ာင္းသား ေပ်ာ္ရႊင္ေရး၊ အက်မရွိ
ေအာင္ခ်က္ေပးပစ္လိုက္တာ၊ တစ္ႏိုင္ငံလံုး ဝက္ဝက္ကဲြမတတ္ပါဘဲလား။
 ဒီလိုေအာင္ခ်က္ေပးလိုက္လို႔ မိဘ၊ ဆရာ၊ ေက်ာင္းသားအားလံုး ေပ်ာ္ႏိုင္ၾကမယ္လို႔ ထင္မိပါသလားဗ်ာ။ အရည္အခ်င္းရွိတဲ့ ကေလးေတြရဲ႕ႀကိဳးစား အားထုတ္မႈေတြ၊ သားသမီး ပညာေရးကို ဂ႐ုတစိုက္နဲ႔
ေမြးျမဴလာတဲ့ မိဘေတြ၊ ကေလးေတြပညာေရး အဆင့္အတန္းရွိဖို႔ တစ္ႏွစ္ပတ္လံုး ႀကိဳးစားပမ္းစား
သင္ခဲ့တဲ့ ဆရာ/ဆရာမေတြ၊ ဒီရလဒ္အေပၚ ဘယ္ေလာက္ စိတ္ပ်က္လိုက္ၾကမလဲ။
ဘာမွမတတ္၊ ပညာေရးကို ဘာမွတန္ဖိုးမထား၊ ခပ္ေပါ့ေပါ့ေနခဲ့ၾကတဲ့ ကေလးေတြရဲ႕ေပ်ာ္ရႊင္မႈဟာ
ပညာေရးရဲ႕တန္ဖိုး အႏွစ္သာရမဟုတ္တာေတာ့ေသခ်ာပါတယ္။
မွန္ပါတယ္။(၁၉၆၂)ခုႏွစ္ေနာက္ပိုင္းမွာေမြးခဲ့တဲ့ ကၽြန္ေတာ္တို႔ ပညာေရး အဆင့္အတန္း မရွိခဲ့ဘူး ဆိုတာ လက္ခံႏိုင္ေပမဲ့၊ ခပ္ေပါ့ေပါ့ ခပ္ေပါေပါ ေအာင္ခဲ့ၾကတာေတာ့ မဟုတ္ပါဘူး။ တစ္ႏွစ္မွာ သံုးႀကိမ္ ေျဖခဲ့ၾကတဲ့ အဖိုးတန္ စာေမးပဲြေတြနဲ႔ အရည္အခ်င္းရွိရွိ ေအာင္ခဲ့ၾကတာေတြပါ။ မႀကိဳးစားရင္၊ အရည္အခ်င္း မျပည့္မီေသးရင္ ေနာင္တစ္ႏွစ္ ထပ္ႀကိဳးစားရၿပီး၊ ကိုယ့္အရည္အေသြး ကိုယ္ေမြးလို႔ ဘယ္ေလာက္အႏွစ္ ရွိလိုက္သလဲ။
ကြ်န္ေတာ္တို႔ေခတ္မွာေတာင္ ပညာေရးအဆင့္မရွိပါဘူးဆိုရင္ ငါးတန္း ေျခာက္တန္းေရာက္တာေတာင္ ျမန္မာစာကို စာလံုးေပါင္းၿပီး ဖတ္ေနရတဲ့ ဒီေခတ္ပညာေရးကို မေအာင္မရွိ အတန္းတင္ေပးတာ မွန္ကန္တဲ့ လုပ္ရပ္၊ ပညာရည္ျမင့္မားေစတဲ့လုပ္ရပ္လို႔ ဘာေၾကာင့္မ်ားေတြးမိပါသလဲဗ်ာ။
အသက္အရြယ္၊ ေက်ာင္းတက္တဲ့ႏွစ္အရ အတန္းတက္လာေပမဲ့ အတန္းနဲ႔လိုက္ဖက္တဲ့ အရည္အေသြး မရွိရင္ ေခါင္းေဆာင္ႀကီး က်ိဳင္းတံုမွာ ေျပာခဲ့သလို လူစဥ္မမီတဲ့ ပညာေရး ျဖစ္ေနၿပီဆိုတာ သတိျပဳမိ ေစခ်င္ပါတယ္။
ယခုထြက္ေပၚလာတဲ့ အက်မရွိေအာင္စာရင္းဟာ တစ္ႏိုင္ငံလံုးက ေလးတန္း၊ ရွစ္တန္းေျဖခဲ့ၾကတဲ့
ေက်ာင္းသားေတြရဲ႕စိတ္ဓာတ္ေတြ ႐ိုက္ခ်ိဳးၿပီး၊ အေခ်ာင္သမားစိတ္၊ ခပ္ေပါ့ေပါ့ေနမဲ့စိတ္၊ ႀကိဳးစားလည္း
ဘာထူးလို႔လည္း အခ်ိန္တန္ ေအာင္တာခ်င္း အတူတူဆိုတဲ့ မလိုလားအပ္တဲ့ စိတ္အေတြးေတြကို
ကေလးေတြရဲ႕ ႏုနယ္ေသးတဲ့ ႏွလံုးသားကို ႐ိုက္သြင္းေပးလိုက္သလိုပါဘဲ။
အစိုးရေဟာင္းလက္ထက္က ဖြင့္လွစ္ခြင့္ျပဳခဲ့တဲ့ ကိုယ္ပိုင္ေက်ာင္းေတြ၊ က်ဴရွင္ေတြေၾကာင့္လား။
ဘယ္ေက်ာင္းမွာ တက္တက္ ေအာင္တာပါဘဲ။ ကိုယ္ပိုင္ေက်ာင္းနဲ႔က်ဴရွင္ေတြ မလိုအပ္ပါဘူးဆိုတာ
ျပခ်င္တာလား။ ဒါလည္းမျဖစ္ႏိုင္ျပန္ဘူး။ အစိုးရေက်ာင္း ျဖစ္ျဖစ္၊ ကိုယ္ပိုင္ေက်ာင္းျဖစ္ျဖစ္၊ က်ဴရွင္ျဖစ္
ျဖစ္ မိဘနဲ႔ေက်ာင္းသားေတြဆႏၵရွိတာ တက္ခြင့္ရွိေနတာပါဘဲ။ အားလံုးဟာ ေက်ာင္းသား တတ္ဖို႔
ေတာ္ဖို႔ ဦးတည္ေနၾကတာ မဟုတ္လား။
ႏိုင္ငံေတာ္အစိုးရရဲ႕ပညာေရး အေပၚထားရွိတဲ့ မူဝါဒအမွန္ကို ဘယ္လိုမွ ေတြးဆလို႔မရတာ ကၽြန္ေတာ္
တို႔ရဲ႕ အသိဉာဏ္လိုက္ မမီတာမ်ားလား။
တစ္ခါတစ္ေလ စဥ္းစားမိတယ္။ သံသရာမျပတ္ႏိုင္ေသးလို႔၊ လူျပန္ျဖစ္ခဲ့ရင္ေတာင္ အႏွစ္မပါ တန္ဖိုးမဲ့တဲ့ အတန္းေတြနဲ႔ ဒီႏိုင္ငံမွာ လူလာမျဖစ္ဖို႔သာ ဆုေတာင္းေနမိေသးတယ္။
ဦးခင္ေမာင္ျမင့္(ေရႊမဟာ)
~~~~~~~~⊰❂ unicode ~~~~~~~~
လွန်ခဲ့တဲ့ တစ်နှစ်ကျော် အတိအကျဆိုရရင် ၂၀၁၅ခုနှစ် အောက်တိုဘာလ(၂၁)ရက်နေ့မှာ နိုင်ငံရေး ပါတီကြီးတစ်ခုရဲ့ အကြီးအကဲကြီး တစ်ဦးကို လေယာဉ်ကွင်းမှာ အင်တိုက်အားတိုက် ကြိုဆိုခဲ့သလို
တာချီလိတ်မြို့၊ ပလက်တီနမ်စတားဟိုတယ်မှာ ပြုလုပ်ခဲ့တဲ့ မြို့မိမြို့ဖများနဲ့တွေ့ဆုံပွဲမှာ ပညာရေး
နဲ့ ပတ်သက်ပြီး ကျွန်တော့်အမြင်ကို တင်ပြခွင့်ရခဲ့တယ်။

ဒီတုန်းက (၁၉၆၂)ခုနှစ်နောက်ပိုင်း မွေးလာခဲ့တဲ့ ကျွန်တော်တို့ဟာ ပညာရေးနဲ့ ပတ်သက်ပြီး ကံဆိုး
သူများဖြစ်ကြောင်း၊ အရည်အသွေး မမီတဲ့ ပညာရေးကို သင်ခဲ့ကြရသူများ ဖြစ်ကြောင်းနဲ့ အနာဂတ်ပညာ
ရေးကို အကောင်းဆုံး ပြောင်းလဲပစ်မယ်ဆိုတာ ကြားရတော့အားရှိ လိုက်တာ။

ဒါတင်မက၊ ၂၀၁၅ခုနှစ် အောက်တိုဘာလ(၂၂)ရက်နေ့မှာ ကျိုင်းတုံမြို့၊ ကျိုင်းတုံဟိုတယ်မှာ ပြုလုပ်တဲ့ မြို့မိမြို့ဖတွေ့ဆုံပွဲမှာ ဒေသခံတိုင်းရင်းသား ခေါင်းဆောင်တွေ တင်ပြဆွေးနွေးခဲ့တဲ့ မူလတန်းထိ သက်ဆိုင်ရာ ဘာသာစကားနဲ့ သင်ပြီး အလယ်တန်းဆင့် ရောက်မှ မြန်မာစာနဲ့သင်ဖို့ တင်ပြကြတဲ့ အခါ ပါတီ အကြီးအကဲဖြစ်သူက "ငယ်ရွယ်စဉ်မှာ တိုင်းရင်းသား ဘာသာစကားတစ်ခုခုနဲ့ ဘာသာရပ်တွေကို သင်ပြီး၊ အတန်းကြီး လာမှ မြန်မာဘာသာ စကားကို ပြောင်းလဲသင်မယ်ဆိုရင် အသက်အရသာ အရွယ်ရောက်လာပေမဲ့ ပုံမှန်တိုးတက်မှု မရှိတဲ့ လူစဉ်မမီ သလိုဖြစ်သွားပါလိမ့်မယ်"တဲ့။ ဒီတုန်းက ကြားခဲ့ရတဲ့ နိုင်ငံတော်ရဲ့ အနာဂတ် ပညာရေး ပြောင်းလဲမှုတွေ ပြုပြင်ပေးမှုတွေ စိတ်ထဲကလေး စားလွန်းလို့ ထိုင်ကန်တော့ချင်စိတ် ပေါက်မိတယ်။

ဒါကြောင့် ခေတ်ဟောင်းစနစ်ဟောင်းမှာ ခံစားခဲ့ရဖူးတဲ့ မတည်ငြိမ်တဲ့ ပညာရေး၊ နောင်ကလေးတွေတော့ ဒီဒုက္ခဘေးက လွတ်တော့မယ်၊ ပညာတတ်ဆိုသူတွေ ဦးဆောင်လာတော့မဲ့ ခေတ်မှာ မြန်မာ့ပညာရေး ခေါင်းထောင်လာတော့မယ်၊ အဆင့်အတန်းမြင့်တဲ့ ပညာရေးနဲ့ အနှစ်ရှိရှိ သင်ပေးနိုင်တော့မယ် ဆိုတဲ့ စိတ်အတွေးနဲ့ပျော်ခဲ့ရသလို ပညာရေးကို အကောင်းဆုံးပြောင်းလဲပေးမဲ့ အစိုးရတက်လာဖို့ တစ်မျိုးလုံးတစ်ဆွေလုံး သိမ်းကြုံး စည်းရုံးလို့ မဲပေးလိုက်ကြရတာ။ မှင်စွန်းနေတဲ့ လက်သန်းလေးတစ် ထောင်ထောင်၊ ကိုယ့်လုပ်ရပ်အတွက် ပီတိတရွှင်ရွှင်၊ ပြောင်းလဲလာမဲ့ နေ့သစ်ရဲ့ ရောင်နီဦးကို မျှော်လင့်ခြင်း များစွာနဲ့ပေါ့။

ခုတော့ ကျွန်တော်ကဘဲ ပြောင်းလဲမှုအပေါ် အဆိုးမြင်လေသလား၊ ကျွန်တော့် ဉာဏ်ကဘဲ လိုက်မမီ တာလား။ လေးတန်း၊ ရှစ်တန်းအောင်စာရင်း ထွက်လာတော့ ပါးစပ်အဟောင်းသား ဖြစ်ရပါတယ်။

မကြုံဖူးပေါင် ဂုဏ်ထူးဆောင် လို့ဘဲ အမွှမ်းတင်ရမလား။ မိဘနဲ့ကျောင်းသား ပျော်ရွှင်ရေး၊ အကျမရှိ
အောင်ချက်ပေးပစ်လိုက်တာ၊ တစ်နိုင်ငံလုံး ဝက်ဝက်ကွဲမတတ်ပါဘဲလား။

 ဒီလိုအောင်ချက်ပေးလိုက်လို့ မိဘ၊ ဆရာ၊ ကျောင်းသားအားလုံး ပျော်နိုင်ကြမယ်လို့ ထင်မိပါသလားဗျာ။ အရည်အချင်းရှိတဲ့ ကလေးတွေရဲ့ကြိုးစား အားထုတ်မှုတွေ၊ သားသမီး ပညာရေးကို ဂရုတစိုက်နဲ့
မွေးမြူလာတဲ့ မိဘတွေ၊ ကလေးတွေပညာရေး အဆင့်အတန်းရှိဖို့ တစ်နှစ်ပတ်လုံး ကြိုးစားပမ်းစား
သင်ခဲ့တဲ့ ဆရာ/ဆရာမတွေ၊ ဒီရလဒ်အပေါ် ဘယ်လောက် စိတ်ပျက်လိုက်ကြမလဲ။

ဘာမှမတတ်၊ ပညာရေးကို ဘာမှတန်ဖိုးမထား၊ ခပ်ပေါ့ပေါ့နေခဲ့ကြတဲ့ ကလေးတွေရဲ့ပျော်ရွှင်မှုဟာ
ပညာရေးရဲ့တန်ဖိုး အနှစ်သာရမဟုတ်တာတော့သေချာပါတယ်။

မှန်ပါတယ်။(၁၉၆၂)ခုနှစ်နောက်ပိုင်းမှာမွေးခဲ့တဲ့ ကျွန်တော်တို့ ပညာရေး အဆင့်အတန်း မရှိခဲ့ဘူး ဆိုတာ လက်ခံနိုင်ပေမဲ့၊ ခပ်ပေါ့ပေါ့ ခပ်ပေါပေါ အောင်ခဲ့ကြတာတော့ မဟုတ်ပါဘူး။ တစ်နှစ်မှာ သုံးကြိမ် ဖြေခဲ့ကြတဲ့ အဖိုးတန် စာမေးပွဲတွေနဲ့ အရည်အချင်းရှိရှိ အောင်ခဲ့ကြတာတွေပါ။ မကြိုးစားရင်၊ အရည်အချင်း မပြည့်မီသေးရင် နောင်တစ်နှစ် ထပ်ကြိုးစားရပြီး၊ ကိုယ့်အရည်အသွေး ကိုယ်မွေးလို့ ဘယ်လောက်အနှစ် ရှိလိုက်သလဲ။

ကျွန်တော်တို့ခေတ်မှာတောင် ပညာရေးအဆင့်မရှိပါဘူးဆိုရင် ငါးတန်း ခြောက်တန်းရောက်တာတောင် မြန်မာစာကို စာလုံးပေါင်းပြီး ဖတ်နေရတဲ့ ဒီခေတ်ပညာရေးကို မအောင်မရှိ အတန်းတင်ပေးတာ မှန်ကန်တဲ့ လုပ်ရပ်၊ ပညာရည်မြင့်မားစေတဲ့လုပ်ရပ်လို့ ဘာကြောင့်များတွေးမိပါသလဲဗျာ။

အသက်အရွယ်၊ ကျောင်းတက်တဲ့နှစ်အရ အတန်းတက်လာပေမဲ့ အတန်းနဲ့လိုက်ဖက်တဲ့ အရည်အသွေး မရှိရင် ခေါင်းဆောင်ကြီး ကျိုင်းတုံမှာ ပြောခဲ့သလို လူစဉ်မမီတဲ့ ပညာရေး ဖြစ်နပြေီဆိုတာ သတိပြုမိ စေချင်ပါတယ်။

ယခုထွက်ပေါ်လာတဲ့ အကျမရှိအောင်စာရင်းဟာ တစ်နိုင်ငံလုံးက လေးတန်း၊ ရှစ်တန်းဖြေခဲ့ကြတဲ့
ကျောင်းသားတွေရဲ့စိတ်ဓာတ်တွေ ရိုက်ချိုးပြီး၊ အချောင်သမားစိတ်၊ ခပ်ပေါ့ပေါ့နေမဲ့စိတ်၊ ကြိုးစားလည်း
ဘာထူးလို့လည်း အချိန်တန် အောင်တာချင်း အတူတူဆိုတဲ့ မလိုလားအပ်တဲ့ စိတ်အတွေးတွေကို
ကလေးတွေရဲ့ နုနယ်သေးတဲ့ နှလုံးသားကို ရိုက်သွင်းပေးလိုက်သလိုပါဘဲ။

အစိုးရဟောင်းလက်ထက်က ဖွင့်လှစ်ခွင့်ပြုခဲ့တဲ့ ကိုယ်ပိုင်ကျောင်းတွေ၊ ကျူရှင်တွေကြောင့်လား။
ဘယ်ကျောင်းမှာ တက်တက် အောင်တာပါဘဲ။ ကိုယ်ပိုင်ကျောင်းနဲ့ကျူရှင်တွေ မလိုအပ်ပါဘူးဆိုတာ
ပြချင်တာလား။ ဒါလည်းမဖြစ်နိုင်ပြန်ဘူး။ အစိုးရကျောင်း ဖြစ်ဖြစ်၊ ကိုယ်ပိုင်ကျောင်းဖြစ်ဖြစ်၊ ကျူရှင်ဖြစ်
ဖြစ် မိဘနဲ့ကျောင်းသားတွေဆန္ဒရှိတာ တက်ခွင့်ရှိနေတာပါဘဲ။ အားလုံးဟာ ကျောင်းသား တတ်ဖို့
တော်ဖို့ ဦးတည်နကြေတာ မဟုတ်လား။

နိုင်ငံတော်အစိုးရရဲ့ပညာရေး အပေါ်ထားရှိတဲ့ မူဝါဒအမှန်ကို ဘယ်လိုမှ တွေးဆလို့မရတာ ကျွန်တော်
တို့ရဲ့ အသိဉာဏ်လိုက် မမီတာများလား။

တစ်ခါတစ်လေ စဉ်းစားမိတယ်။ သံသရာမပြတ်နိုင်သေးလို့၊ လူပြန်ဖြစ်ခဲ့ရင်တောင် အနှစ်မပါ တန်ဖိုးမဲ့တဲ့ အတန်းတွေနဲ့ ဒီနိုင်ငံမှာ လူလာမဖြစ်ဖို့သာ ဆုတောင်းနေမိသေးတယ်။

ဦးခင်မောင်မြင့်(ရွှေမဟာ)

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~