တာခ်ီလိတ္တြင္ လူျပတ္သည့္ ေနရာမ်ားတြင္ ဆိုင္ကယ္ျဖင့္ လုယက္မႈမ်ားလာ

တာခ်ီလိတ္တြင္ လူျပတ္သည့္ ေနရာမ်ားတြင္ ဆိုင္ကယ္ျဖင့္ လုယက္မႈမ်ားလာ
ဧပြီ 9, 2017
By Tachileik News Agency

ျမန္မာ - ထိုင္းနယ္စပ္ တာခ်ီလိတ္ၿမိဳ႕တြင္ လူျပတ္လပ္သည့္ ေနရာမ်ား၌ ဆိုင္ကယ္စီးလူငယ္မ်ား လုယက္မႈ ဧၿပီလအတြင္း ျဖစ္ပြားမႈ မ်ားလာေသာ္လည္း ရဲစခန္းသို႔ အမႈဖြင့္တိုင္ၾကားသူ မရွိေၾကာင္း သိရသည္။

တာခ်ီလိတ္ၿမိဳ႕ မကာဟိုခမ္းရပ္ကြက္ ႏွင့္ ၀မ္ေကာင္းရပ္ကြက္ၾကားရွိ မဟာျမတ္မုနိလမ္းၾကားတြင္ ဧၿပီလ(၉)ရက္ေန႔ ည(၉)နာရီ ၀န္းက်င္က အမ်ဳိးသမီးႏွစ္ဦးႏွင့္ အသက္(၂)ႏွစ္၀န္းက်င္ရွိ ကေလးငယ္တစ္ဦးတို႔ စီးလာသည့္ ေမာ္ေတာ္ဆိုင္ကယ္အနီးသို႔  လူငယ္ႏွစ္ဦးေမာင္းလာသည့္ ေမာ္ေတာ္ဆိုင္ကယ္က ကပ္လာၿပီး ပိုက္ဆံအိတ္အား လုယူကာ ဆိုင္ကယ္ေမာင္းေျပးသြားေၾကာင္း သိရသည္။

"ကေလးလည္း ပါေတာ့ ဆိုင္ကယ္ကို ျဖည္းျဖည္းပဲ ေမာင္းလာတာ။ ဆိုင္ကယ္နားကို ကပ္လာၿပီး လုယူသြားတာ။  စေနာက္တယ္ပဲ ထင္တာ။ မ်က္ႏွာကိုလည္း မျမင္လိုက္ဘူး။ ေနာက္ေက်ာပဲ ျမင္လိုက္ရတယ္။ အ၀တ္အစားကေတာ့ ဂ်င္းအက်ႌ၀တ္ထားတယ္။ အဲဒီဆိုင္ကယ္ေနာက္ကို အမီလိုက္ဖို႔ဆို ကေလးလည္း ပါေနေတာ့ အဆင္မေျပဘူး။ အေဆြေတာ္ေဆးခန္းေရွ႕ကေန ျဖတ္ၿပီး အျမန္ေမာင္းသြားတာ"ဟု လုယက္ခံရသည့္ အမ်ဳိးသမီးက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

လုယက္ခံရသည့္ ပိုက္ဆံအိတ္တြင္ မွတ္ပံုတင္၊ လက္ကိုင္ဖုန္း ႏွင့္ ေငြအခ်ိဳ႕ပါသြားၿပီး အလားတူ လုယက္မႈ ျဖစ္စဥ္တစ္ခု ဧၿပီလ(၈)ရက္ေန႔ကလည္း ျဖစ္ပြားခဲ့ေၾကာင္း သိရသည္။

"ကြ်န္မ သူငယ္ခ်င္း တစ္ေယာက္လည္း ညဖက္ ဟိုတယ္ကေန အလုပ္အျပန္ လုခံရတယ္။ ဟိုက လုတာကို ျပန္ဆြဲလုေတာ့ ဆိုင္ကယ္ပါလဲသြားၿပီး မ်က္ႏွာေတာင္ ဒဏ္ရာရသြားတယ္"ဟု ဟိုတယ္၀န္ထမ္းတစ္ဦးက ေျပာသည္။

လုယက္ခံရသူ အမ်ားစုမွာ အမ်ဳိးသမီးမ်ားျဖစ္ၿပီး လုယက္သူ အမ်ားစုမွာ လူငယ္မ်ားျဖစ္ေၾကာင္း သိရသည္။

တာခ်ီလိတ္ခရိုင္/ၿမိဳ႕နယ္ ရဲတပ္ဖြဲ႔က တာခ်ီလိတ္ၿမိဳ႕ေပၚ ရပ္ကြက္မ်ားတြင္ လွည့္ကင္းယာဥ္မ်ားျဖင့္ ညပိုင္း အခ်ိန္တြင္ လွည့္လည္ ေနေသာ္လည္း လူျပတ္သည့္ေနရာမ်ားတြင္ လုယက္ခံရမႈမ်ားရိွေနသည့္အတြက္ ေဒသခံမ်ား စိုးရိမ္ေနေၾကာင္း သိရသည္။


~~~~~~~~⊰❂ unicode ~~~~~~~~

မြန်မာ - ထိုင်းနယ်စပ် တာချီလိတ်မြို့တွင် လူပြတ်လပ်သည့် နေရာများ၌ ဆိုင်ကယ်စီးလူငယ်များ လုယက်မှု ဧပြီလအတွင်း ဖြစ်ပွားမှု များလာသော်လည်း ရဲစခန်းသို့ အမှုဖွင့်တိုင်ကြားသူ မရှိကြောင်း သိရသည်။

တာချီလိတ်မြို့ မကာဟိုခမ်းရပ်ကွက် နှင့် ဝမ်ကောင်းရပ်ကွက်ကြားရှိ မဟာမြတ်မုနိလမ်းကြားတွင် ဧပြီလ(၉)ရက်နေ့ ည(၉)နာရီ ဝန်းကျင်က အမျိုးသမီးနှစ်ဦးနှင့် အသက်(၂)နှစ်ဝန်းကျင်ရှိ ကလေးငယ်တစ်ဦးတို့ စီးလာသည့် မော်တော်ဆိုင်ကယ်အနီးသို့ လူငယ်နှစ်ဦးမောင်းလာသည့် မော်တော်ဆိုင်ကယ်က ကပ်လာပြီး ပိုက်ဆံအိတ်အား လုယူကာ ဆိုင်ကယ်မောင်းပြေးသွားကြောင်း သိရသည်။

"ကလေးလည်း ပါတော့ ဆိုင်ကယ်ကို ဖြည်းဖြည်းပဲ မောင်းလာတာ။ ဆိုင်ကယ်နားကို ကပ်လာပြီး လုယူသွားတာ။ စနောက်တယ်ပဲ ထင်တာ။ မျက်နှာကိုလည်း မမြင်လိုက်ဘူး။ နောက်ကျောပဲ မြင်လိုက်ရတယ်။ အဝတ်အစားကတော့ ဂျင်းအင်္ကျီဝတ်ထားတယ်။ အဲဒီဆိုင်ကယ်နောက်ကို အမီလိုက်ဖို့ဆို ကလေးလည်း ပါနေတော့ အဆင်မပြေဘူး။ အဆွေတော်ဆေးခန်းရှေ့ကနေ ဖြတ်ပြီး အမြန်မောင်းသွားတာ"ဟု လုယက်ခံရသည့် အမျိုးသမီးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

လုယက်ခံရသည့် ပိုက်ဆံအိတ်တွင် မှတ်ပုံတင်၊ လက်ကိုင်ဖုန်း နှင့် ငွေအချို့ပါသွားပြီး အလားတူ လုယက်မှု ဖြစ်စဉ်တစ်ခု ဧပြီလ(၈)ရက်နေ့ကလည်း ဖြစ်ပွားခဲ့ကြောင်း သိရသည်။

"ကျွန်မ သူငယ်ချင်း တစ်ယောက်လည်း ညဖက် ဟိုတယ်ကနေ အလုပ်အပြန် လုခံရတယ်။ ဟိုက လုတာကို ပြန်ဆွဲလုတော့ ဆိုင်ကယ်ပါလဲသွားပြီး မျက်နှာတောင် ဒဏ်ရာရသွားတယ်"ဟု ဟိုတယ်ဝန်ထမ်းတစ်ဦးက ပြောသည်။

လုယက်ခံရသူ အများစုမှာ အမျိုးသမီးများဖြစ်ပြီး လုယက်သူ အများစုမှာ လူငယ်များဖြစ်ကြောင်း သိရသည်။

တာချီလိတ်ခရိုင်/မြို့နယ် ရဲတပ်ဖွဲ့က တာချီလိတ်မြို့ပေါ် ရပ်ကွက်များတွင် လှည့်ကင်းယာဉ်များဖြင့် ညပိုင်း အချိန်တွင် လှည့်လည် နေသော်လည်း လူပြတ်သည့်နေရာများတွင် လုယက်ခံရမှုများရှိနေသည့်အတွက် ဒေသခံများ စိုးရိမ်နေကြောင်း သိရသည်။

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~