ဓႏုကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရေဒသရွိ ရြာ(၄)ရြာတြင္ စက္တင္ဘာလအတြင္း ခရီးသြားလုပ္ငန္း စတင္မည္

ဓႏုကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရေဒသရွိ ရြာ(၄)ရြာတြင္ စက္တင္ဘာလအတြင္း ခရီးသြားလုပ္ငန္း စတင္မည္
ဧပြီ 8, 2017
By Tachileik News Agency

ေဒသခံမ်ားအား လူထုအေျချပဳခရီးသြား လုပ္ငန္းဆိုင္ရာ သင္တန္းမ်ား ပို႔ခ်ေပးေနသည့္ ရွမ္းျပည္နယ္ ေတာင္ပိုင္း၊ ဓနုကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရေဒသ၊ ပင္းတယၿမိဳ႕နယ္မွ ရြာ(၄)ရြာတြင္ စက္တင္ဘာလအတြင္း ခရီးသြားလုပ္ငန္း စတင္သြားမည္ျဖစ္ေၾကာင္း သိရသည္။

“ရြာ (၄) ရြာမွာ လုပ္ငန္းစတင္နိုင္ဖို႔ ရြာသားေတြကို ေကာ္မတီဖြဲ႕ေပးထားတယ္။ သင္တန္းအမ်ဳိးအစား ဆိုင္ရာေတြကိုလည္း တစ္ႏွစ္အတြင္းမွာ သင္တန္းေပါင္း (၁၅) မ်ဳိးနဲ႕ပို႕ခ်ေပးေနပါတယ္။ အေဆာက္အဦ ေဆာက္လုပ္ဖို႔ကေတာ့ မၾကာခင္မွာပဲ စတင္ေတာ့မွာပါ။ “ဟု ဓႏုကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရေဒသ ခရီးသြားလုပ္ငန္း ဥကၠဌ ဦး၀နထြန္းထံမွ သိရသည္။

ဓနုကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရေဒသအတြင္း ပင္စိမ္းရြာ၊ဆီၾကာအင္းရြာ၊ ယဇဂ်ီရြာ၊ ေတာင္ျမင့္ႀကီးရြာတို႔တြင္ အေကာင္အထည္ေဖာ္သြားမည္ျဖစ္ေၾကာင္း သိရသည္။

“ခရီးသြားလုပ္ငန္းကေတာ့ ေဒသအတြက္ အက်ဳိးျပဳတဲ့လုပ္ငန္းေတြပါ။ အလားအလာရိွတဲ့လုပ္ငန္းပါ။ ကိုယ့္ေဒသမွာလည္း ခရီးသြားလုပ္ငန္းကို ေကာင္းေကာင္းမလုပ္နိုင္ရင္ေတာ့ ဆိုးက်ဳိးေရာက္မွာပါ။ ဒါေၾကာင့္ ဆိုးက်ဳိးလည္းမျဖစ္ေအာင္ ေဒသခံေတြလည္း အက်ဳိးရွိေအာင္ လုပ္ေဆာင္ေနပါတယ္”ဟု ဦးဝနထြန္းက ဆိုသည္။

ဓနုကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရေဒသအတြင္း လူထုအေျချပဳခရီးသြားလုပ္ငန္းမ်ားလုပ္ေဆာင္ရန္ ဓႏုကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရေဒသ ခရီးသြားလုပ္ငန္းကို ၂၀၁၆ ခုႏွစ္ ေဖေဖာ္ဝါရီလတြင္ စတင္ဖြဲ႕စည္းခဲ့ၿပီး GIZ ႏွင့္ပူးေပါင္း၍ မတ္လမွ အေကာင္အထည္ေဖာ္ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

သတင္း - ႏိုႏို


~~~~~~~~⊰❂ unicode ~~~~~~~~
ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ ရွာ(၄)ရွာတွင် စက်တင်ဘာလအတွင်း ခရီးသွားလုပ်ငန်း စတင်မည်

ဒေသခံများအား လူထုအခြပြေုခရီးသွား လုပ်ငန်းဆိုင်ရာ သင်တန်းများ ပို့ချပေးနေသည့် ရှမ်းပြည်နယ် တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်မှ ရွာ(၄)ရွာတွင် စက်တင်ဘာလအတွင်း ခရီးသွားလုပ်ငန်း စတင်သွားမည်ဖြစ်ကြောင်း သိရသည်။

“ရွာ (၄) ရွာမှာ လုပ်ငန်းစတင်နိုင်ဖို့ ရွာသားတွေကို ကော်မတီဖွဲ့ပေးထားတယ်။ သင်တန်းအမျိုးအစား ဆိုင်ရာတွေကိုလည်း တစ်နှစ်အတွင်းမှာ သင်တန်းပေါင်း (၁၅) မျိုးနဲ့ပို့ချပေးနေပါတယ်။ အဆောက်အဦ ဆောက်လုပ်ဖို့ကတော့ မကြာခင်မှာပဲ စတင်တော့မှာပါ။ “ဟု ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ခရီးသွားလုပ်ငန်း ဥက္ကဌ ဦးဝနထွန်းထံမှ သိရသည်။

ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်း ပင်စိမ်းရွာ၊ဆီကြာအင်းရွာ၊ ယဇဂျီရွာ၊ တောင်မြင့်ကြီးရွာတို့တွင် အကောင်အထည်ဖော်သွားမည်ဖြစ်ကြောင်း သိရသည်။

“ခရီးသွားလုပ်ငန်းကတော့ ဒေသအတွက် အကျိုးပြုတဲ့လုပ်ငန်းတွေပါ။ အလားအလာရှိတဲ့လုပ်ငန်းပါ။ ကိုယ့်ဒေသမှာလည်း ခရီးသွားလုပ်ငန်းကို ကောင်းကောင်းမလုပ်နိုင်ရင်တော့ ဆိုးကျိုးရောက်မှာပါ။ ဒါကြောင့် ဆိုးကျိုးလည်းမဖြစ်အောင် ဒေသခံတွေလည်း အကျိုးရှိအောင် လုပ်ဆောင်နေပါတယ်”ဟု ဦးဝနထွန်းက ဆိုသည်။

ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်း လူထုအခြပြေုခရီးသွားလုပ်ငန်းများလုပ်ဆောင်ရန် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ခရီးသွားလုပ်ငန်းကို ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီလတွင် စတင်ဖွဲ့စည်းခဲ့ပြီး GIZ နှင့်ပူးပေါင်း၍ မတ်လမှ အကောင်အထည်ဖော်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

သတင်း - နိုနို

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~