မယ်ဆိုင်မြို့ရောက် ရွေ့ပြောင်းမြန်မာလုပ်သားများ အခက်အခဲရှိပါက တာချီလိတ်မြို့ ချစ်ကြည်ရေးတံတားပေါ်ရှိ CNCMC ရုံးသို့ လာရောက် အကူအညီတောင်းခံနိုင်

မယ်ဆိုင်မြို့ရောက် ရွေ့ပြောင်းမြန်မာလုပ်သားများ အခက်အခဲရှိပါက တာချီလိတ်မြို့ ချစ်ကြည်ရေးတံတားပေါ်ရှိ CNCMC ရုံးသို့ လာရောက် အကူအညီတောင်းခံနိုင်
ဧပွီ 28, 2017
By Tachileik News Agency

ထိုင်းနိုင်ငံ မယ်ဆိုင်မြို့တွင် အခက်အခဲဖြစ်ပေါ်နေသော မြန်မာနိုင်ငံသားများနှင့် ရွှေ့ပြောင်းလုပ်သားများ အနေဖြင့် အချိန်မရွေး အကူအညီ တောင်းခံနိုင်ရန်အတွက် မြန်မာ - ထိုင်း ချစ်ကြည်ရေး အမှတ်(၁)တံတားပေါ် မြန်မာဘက် အခြမ်းတွင် ဖွင့်လှစ်ထားရှိသည့် CNCMC ရုံးသို့ လာရောက် အကူအညီတောင်းခံနိုင်ကြောင်း သိရသည်။


"ကျွန်တော်တို့ ဧပြီလ(၂၇)ရက်နေ့ ညနေပိုင်းက ကျွန်တော်တို့ အစည်းအဝေးပြုလုပ်ပြီး သဘောတူ ဆုံးဖြတ်လိုက်တာကတော့ ကော်မတီရုံးလုပ်ငန်း ပိုမိုသွက်လက်စေဖို့အတွက် မေလ(၁)ရက်နေ့က စပြီး နေ့စဉ် ကော်မတီဝင် (၂)ဦးစီ ရုံးထိုင်ပြီး လာရောက် တိုင်ကြားတာတွေ၊ အကူအညီတောင်းခံတာတွေကို ဖြေရှင်းပေးနိုင်ဖို့အတွက် သဘောတူညီ ဆုံးဖြတ်ခဲ့ကြပါတယ်၊"ဟု CNCMC ၏ လုပ်ငန်း အကောင်အထည် ဖော်ရေး ကော်မတီ ဥက္ကဌ ဦးအောင်ဖြိုးရှိန်က ပြောသည်။



~~~~~~~~⊰❂ unicode ~~~~~~~~
ထိုင်းနိုင်ငံ မယ်ဆိုင်မြို့တွင် အခက်အခဲဖြစ်ပေါ်နေသော မြန်မာနိုင်ငံသားများနှင့် ရွှေ့ပြောင်းလုပ်သားများ အနဖြေင့် အချိန်မရွေး အကူအညီ တောင်းခံနိုင်ရန်အတွက် မြန်မာ - ထိုင်း ချစ်ကြည်ရေး အမှတ်(၁)တံတားပေါ် မြန်မာဘက် အခြမ်းတွင် ဖွင့်လှစ်ထားရှိသည့် CNCMC ရုံးသို့ လာရောက် အကူအညီတောင်းခံနိုင်ကြောင်း သိရသည်။

ထိုင်းနိုင်ငံမယ်ဆိုင်မြို့ရောက်မြန်မာနိုင်ငံသားများအား ကူညီစောင့်ရှောက်ရေးနှင့် စေ့စပ်ညှိနှိုင်းရေးကော်မတီ၏ လုပ်ငန်းအကောင်အထည်ဖော်ရေးကော်မတီမှ ကော်မတီ၏ ရုံးလုပ်ငန်းများအား ပိုမိုသွက်လက်လျင်မြန်စွာ ဆောင်ရွက်နိုင်ရန်အတွက် မေလ(၁)ရက်နေ့မှ စ၍ ကော်မတီဝင် (၂)ဦးစီမှ အလှည့်ကျ ရုံးထိုင်ကာ လာရောက် အကူအညီတောင်းခံမှုများကို ဖြေရှင်းဆောင်ရွက်ပေးသွားမှာ ဖြစ်ကြောင်း သိရသည်။

"ကျွန်တော်တို့ ဧပြီလ(၂၇)ရက်နေ့ ညနေပိုင်းက ကျွန်တော်တို့ အစည်းအေဝးပြုလုပ်ပြီး သဘောတူ ဆုံးဖြတ်လိုက်တာကတော့ ကော်မတီရုံးလုပ်ငန်း ပိုမိုသွက်လက်စေဖို့အတွက် မေလ(၁)ရက်နေ့က စပြီး နေ့စဉ် ကော်မတီဝင် (၂)ဦးစီ ရုံးထိုင်ပြီး လာရောက် တိုင်ကြားတာတွေ၊ အကူအညီတောင်းခံတာတွေကို ဖြေရှင်းပေးနိုင်ဖို့အတွက် သဘောတူညီ ဆုံးဖြတ်ခဲ့ကြပါတယ်၊"ဟု CNCMC၏ လုပ်ငန်း အကောင်အထည် ဖော်ရေး ကော်မတီ ဥက္ကဌ ဦးအောင်ဖြိုးရှိန်က ပြောသည်။

CNCMC ရုံးခန်းအား မြန်မာ - ထိုင်း ချစ်ကြည်ရေး အမှတ်(၁)တံတားပေါ် ( မြန်မာဘက် )တွင် တည်ဆောက်ဖွင့်လှစ်ထားရှိပြီး အကူအညီများ လိုအပ်ပါက လာရောက် အကူအညီ တောင်းခံနိုင်ကြောင်းနှင့် ဆက်သွယ်ရန် ဖုန်းနံပါတ် ( ထိုင်းဖုန်း - 0850181889၊ 0822837478၊ 0850388887၊ 0897558729 ) များ သို့ ဆက်သွယ် အကူအညီတောင်းနိုင်မှာ ဖြစ်ကြောင်း သိရသည်။

"ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ရောက် မြန်မာနိုင်ငံသားများအား ကူညီစောင့်ရှောက်ရေးနှင့် စေ့စပ်ညှိနှိုင်းရေး ကော်မတီ" Caring and Negotiating Committee for Myanmar Citizens In Mae Sai, Thailand (CNCMC)အား၂၀၁၃ခုနှစ် သြဂုတ်လ ၂၆ ရက်နေ့က စတင်၍ ဖွဲ့စည်းခဲ့ခြင်း ဖြစ်ပြီး ရုံးအား ၂၀၁၇ခုနှစ် ဖေဖော်ဝါရီလ(၁၂)ရက်နေ့ နှစ်(၇၀)ပြည့် ပြည်ထောင်စုနေ့တွင် ဖွင့်လှစ်ခဲ့ခြင်း ဖြစ်သည်။

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~