မံစီၿမိဳ႕နယ္ ကေတာ့ေတာင္ သစ္ေတာႀကိဳးျပင္ကာကြယ္ေတာ ပယ္ဖ်က္ရန္ ခရိုင္အဆင့္ ကြင္းဆင္းစစ္ေဆး

မံစီၿမိဳ႕နယ္ ကေတာ့ေတာင္ သစ္ေတာႀကိဳးျပင္ကာကြယ္ေတာ ပယ္ဖ်က္ရန္ ခရိုင္အဆင့္ ကြင္းဆင္းစစ္ေဆး
ဧပြီ 7, 2017
By Tachileik News Agency

ကခ်င္ျပည္နယ္ ဗန္းေမာ္ခရိုင္ မံစီၿမိဳ႕နယ္ရိွ ကေတာ့ေတာင္သစ္ေတာႀကိဳးျပင္ကာကြယ္ေတာမွ သစ္ေတာေျမ (၁၃၂.၈) ဧကအား ပယ္ဖ်က္ႏုိင္ရန္ ခရိုင္သစ္ေတာအဆင့္ ကြင္းဆင္း စစ္ေဆးျခင္း လုပ္ငန္းအား ဧၿပီလ (၇) ရက္ေန႔က ဌာနဆိုင္ရာ တာဝန္ရိွသူမ်ားႏွင့္ လႊတ္ေတာ္ကိုယ္စားလွယ္မ်ား ပါဝင္သည့္ အဖြဲ႔ျဖင့္ လုပ္ေဆာင္ေနေၾကာင္း သိရသည္။

“ကၽြန္ေတာ့္အေနနဲ႔ ၿပီးခဲ့တဲ့ လႊတ္ေတာ္မွာ ၾကယ္ပြင့္ျပေမးခြန္းနဲ႔ ေမးခဲ့သလို အေျဖလည္း ရခဲ့ၿပီး ျဖစ္ပါတယ္။ သယံဇာတနဲ႔သဘာဝ ပတ္ဝန္းက်င္ထိန္းသိမ္းေရး ဝန္ႀကီးဌာန အပါအဝင္ အဆင့္ဆင့္ကို တင္ျပထားၿပီး ျဖစ္ပါတယ္။ အဲဒီကေန ခြင့္ျပဳခ်က္ အတြက္ အဆင့္ဆင့္ စစ္ေဆးလာၿပီးေတာ့ အခုက ခရိုင္သစ္ေတာရဲ႕ မွတ္ခ်က္၊ သံုးသပ္ခ်က္လိုလို႔ ခရိုင္အုပ္ခ်ဳပ္ေရးမွဴး၊ ခရိုင္သစ္ေတာဦးစီးဌာန၊ တာဝန္ရိွသူေတြနဲ႔ ကၽြန္ေတာ္တို႔ လႊတ္ေတာ္ ကိုယ္စားလွယ္ေတြ ကြင္းဆင္းစစ္ေဆးၿပီး တင္ျပဖုို႔ လုပ္ေနတာပါ”ဟု ကခ်င္ျပည္နယ္ အမွတ္ (၁၂) မဲဆႏၵနယ္ အမ်ိဳးသားလႊတ္ေတာ္ကိုယ္စားလွယ္ ဦးႏုိင္ကိုကိုက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

သယံဇာတနဲ႔သဘာဝပတ္ဝန္းက်င္ထိန္းသိမ္းေရးဝန္ႀကီးဌာနမွ စစ္ေဆးအတည္ျပဳခ်က္မ်ားေပၚအေျခခံ၍ ျပည္ေထာင္စုအစိုးရက ဆံုးျဖတ္ခ်က္ခ်ၿပီး လႊတ္ေတာ္တြင္ မွတ္တမ္းတင္ၿပီးမွသာ သစ္ေတာေျမ ပယ္ဖ်က္ခြင့္ ရမည္ျဖစ္ရာ လက္ရိွတြင္ လိုအပ္သည့္ ကြင္းဆင္းစစ္ေဆးမႈ အဆင့္ဆင့္ကို တင္ျပေနဆဲျဖစ္ေၾကာင္း သိရသည္။

“ မံစီၿမိဳ႕မွာ လမ္းရဲ႕တစ္ဖက္ျခမ္းက သစ္ေတာႀကိဳးဝိုင္း၊ ႀကိဳးျပင္ကာကြယ္ေတာေနရာေတြ ျဖစ္ေနတယ္။ မံစီၿမိဳ႕ဟာ စစ္ေဘးေရွာင္ေတြနဲ႔ေရာဆိုေတာ့ လူဦးေရတိုးတက္လာတယ္။ ဒီမွာရိွတဲ့ သစ္ေတာႀကိဳးျပင္ ေတာမွာဆို တခ်ိဳ႕ေနရာေတြက သစ္ေတာမရိွေတာ့ဘူး။ ေတာင္ယာဖုန္းဆိိုးေတာ ေတြျဖစ္ေနတယ္။ ဒါေၾကာင့္ အနာဂတ္ လူဦးေရအတြက္ ၿမိဳ႕ျပစီမံကိန္းဆြဲဖို႔ ဒီဖက္ပဲ တိုးခ်ဲ႕ဖို႔ရိွတဲ့အတြက္ အခုလို ပယ္ဖ်က္ဖို႔ လုပ္ေဆာင္ေနတာျဖစ္ပါတယ္”ဟု ဦးႏုိင္ကိုကိုက ေျပာသည္။

ပယ္ဖ်က္မည့္ သစ္ေတာေျမ ကြင္းဆင္းစစ္ေဆးေရးအတြက္ ဗန္းေမာ္ခရိုင္ႏွင့္ မံစီၿမိဳ႕နယ္မွ တာဝန္ရိွသူမ်ား ျဖစ္သည့္ ျပည္သူ႔လႊတ္ေတာ္ ကိုယ္စားလွယ္ ဦးခ်င္ေဖလင္း၊ အမ်ိဳးသားလႊတ္ေတာ္ ကိုယ္စားလွယ္ ဦးနိုင္ကိုကို၊ ျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္ ဦးမင္းမင္း၊ ခရိုင္အုပ္ခ်ဳပ္ေရးမွဴး ဦးစိန္ျမင့္၊ ခရိုင္သစ္ေတာ ဦးစီးဌာနမွ လက္ေထာက္ညႊန္ၾကားေရးမွဴးဦးထြန္းထြန္းဦး၊ ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမႈးဦးေက်ာ္ေခါင္၊ ၿမိဳ႕နယ္သစ္ေတာ ဦးစီးအရာရွိ ဦးျမတ္စိုးနွင့္ သက္ဆိုင္ရာ ခရိုင္ နွင့္ ၿမိိဳ႕နယ္အဆင့္တာဝန္ရွိသူမ်ား ပါဝင္သည့္အဖြဲ႕ျဖင့္ ကြင္းဆင္းစစ္ေဆးခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

သတင္း - ခ်ယ္ရီထိုက္


~~~~~~~~⊰❂ unicode ~~~~~~~~

မံစီမြို့နယ် ကတော့တောင် သစ်တောကြိုးပြင်ကာကွယ်တော ပယ်ဖျက်ရန် ခရိုင်အဆင့် ကွင်းဆင်းစစ်ဆေး

ကချင်ပြည်နယ် ဗန်းမော်ခရိုင် မံစီမြို့နယ်ရှိ ကတော့တောင်သစ်တောကြိုးပြင်ကာကွယ်တောမှ သစ်တောမြေ (၁၃၂.၈) ဧကအား ပယ်ဖျက်နိုင်ရန် ခရိုင်သစ်တောအဆင့် ကွင်းဆင်း စစ်ဆေးခြင်း လုပ်ငန်းအား ဧပြီလ (၇) ရက်နေ့က ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် လွှတ်တော်ကိုယ်စားလှယ်များ ပါဝင်သည့် အဖွဲ့ဖြင့် လုပ်ဆောင်နေကြောင်း သိရသည်။

“ကျွန်တော့်အနေနဲ့ ပြီးခဲ့တဲ့ လွှတ်တော်မှာ ကြယ်ပွင့်ပြမေးခွန်းနဲ့ မေးခဲ့သလို အဖြေလည်း ရခဲ့ပြီး ဖြစ်ပါတယ်။ သယံဇာတနဲ့သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန အပါအဝင် အဆင့်ဆင့်ကို တင်ပြထားပြီး ဖြစ်ပါတယ်။ အဲဒီကနေ ခွင့်ပြုချက် အတွက် အဆင့်ဆင့် စစ်ဆေးလာပြီးတော့ အခုက ခရိုင်သစ်တောရဲ့ မှတ်ချက်၊ သုံးသပ်ချက်လိုလို့ ခရိုင်အုပ်ချုပ်ရေးမှူး၊ ခရိုင်သစ်တောဦးစီးဌာန၊ တာဝန်ရှိသူတွေနဲ့ ကျွန်တော်တို့ လွှတ်တော် ကိုယ်စားလှယ်တွေ ကွင်းဆင်းစစ်ဆေးပြီး တင်ပြဖို့ လုပ်နေတာပါ”ဟု ကချင်ပြည်နယ် အမှတ် (၁၂) မဲဆန္ဒနယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးနိုင်ကိုကိုက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

သယံဇာတနဲ့သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနမှ စစ်ဆေးအတည်ပြုချက်များပေါ်အခြေခံ၍ ပြည်ထောင်စုအစိုးရက ဆုံးဖြတ်ချက်ချပြီး လွှတ်တော်တွင် မှတ်တမ်းတင်ပြီးမှသာ သစ်တောမြေ ပယ်ဖျက်ခွင့် ရမည်ဖြစ်ရာ လက်ရှိတွင် လိုအပ်သည့် ကွင်းဆင်းစစ်ဆေးမှု အဆင့်ဆင့်ကို တင်ပြနေဆဲဖြစ်ကြောင်း သိရသည်။

“ မံစီမြို့မှာ လမ်းရဲ့တစ်ဖက်ခြမ်းက သစ်တောကြိုးဝိုင်း၊ ကြိုးပြင်ကာကွယ်တောနေရာတွေ ဖြစ်နေတယ်။ မံစီမြို့ဟာ စစ်ဘေးရှောင်တွေနဲ့ရောဆိုတော့ လူဦးရေတိုးတက်လာတယ်။ ဒီမှာရှိတဲ့ သစ်တောကြိုးပြင် တောမှာဆို တချို့နေရာတွေက သစ်တောမရှိတော့ဘူး။ တောင်ယာဖုန်းဆိုးတော တွဖြေစ်နေတယ်။ ဒါကြောင့် အနာဂတ် လူဦးရေအတွက် မြို့ပြစီမံကိန်းဆွဲဖို့ ဒီဖက်ပဲ တိုးချဲ့ဖို့ရှိတဲ့အတွက် အခုလို ပယ်ဖျက်ဖို့ လုပ်ဆောင်နေတာဖြစ်ပါတယ်”ဟု ဦးနိုင်ကိုကိုက ပြောသည်။

ပယ်ဖျက်မည့် သစ်တောမြေ ကွင်းဆင်းစစ်ဆေးရေးအတွက် ဗန်းမော်ခရိုင်နှင့် မံစီမြို့နယ်မှ တာဝန်ရှိသူများ ဖြစ်သည့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးချင်ဖေလင်း၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးနိုင်ကိုကို၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးမင်းမင်း၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးစိန်မြင့်၊ ခရိုင်သစ်တော ဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူးဦးထွန်းထွန်းဦး၊ မြို့နယ်အုပ်ချုပ်ရေးမှုးဦးကျော်ခေါင်၊ မြို့နယ်သစ်တော ဦးစီးအရာရှိ ဦးမြတ်စိုးနှင့် သက်ဆိုင်ရာ ခရိုင် နှင့် မြို့နယ်အဆင့်တာဝန်ရှိသူများ ပါဝင်သည့်အဖွဲ့ဖြင့် ကွင်းဆင်းစစ်ဆေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

သတင်း - ချယ်ရီထိုက်

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~