ေနအိမ္ၿခံဝင္းအတြင္း ပန္းပင္စိုက္ရန္ ေျမႀကီးတူးရာမွ လက္ပစ္ဗံုးေဟာင္းေတြ႔ရွိ

ေနအိမ္ၿခံဝင္းအတြင္း ပန္းပင္စိုက္ရန္ ေျမႀကီးတူးရာမွ လက္ပစ္ဗံုးေဟာင္းေတြ႔ရွိ
ဧပြီ 10, 2017
By Tachileik News Agency

ေနအိမ္ၿခံဝင္းအတြင္း ပန္းပင္စိုက္ရန္ ဧၿပီလ(၁၀)ရက္ေန႔ နံနက္ပိုင္းက ေျမႀကီးတူးရာမွ စနက္တံ မျပဳတ္ေသးသည့္ လက္ပစ္ဗံုး ႏွစ္လံုး ေတြ႔ရသျဖင့္ သက္ဆုိင္ရာသို႔ အေၾကာင္းၾကား အကူအညီေတာင္းထားေၾကာင္း သိရသည္။

“အမွတ္ (၂) ရဲစခန္းက ဗံုးႏွစ္လံုးကို လာၿပီးေတာ့ သိမ္းသြားပါၿပီ။ စရဖလည္းပါတယ္။ ေနာက္ထပ္လည္း သူတို႔ ကိရိယာေတြနဲ႔ ထပ္ၿပီး စစ္ေဆးေပးမယ္ေျပာတယ္။ အခုထိေတာ့ ထပ္လာမစစ္ေသးဘူး”ဟု အဆိုပါ ေနအိမ္မွ ေဒၚၾကဴၾကဴေပြးက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

ရွမ္းျပည္နယ္ေတာင္ပိုင္း၊ ေတာင္ႀကီးၿမဳိ႕၊ ေညာင္ပင္သာရပ္ ၊ ေညာင္ပင္ႀကီးလမ္းရိွ ဦးေအာင္ေပြး ( ေရႊပန္းထိမ္ ) ၏ ေနအိမ္ျခံ၀င္းအတြင္း ပန္းပင္စုိက္ရန္ အတြက္ ေျမက်င္းတူးရာမွ အနက္ႏွစ္ေပခန္႔ အေရာက္ မာေၾကာေသာ အလုံးတစ္ခုကုိ တူးမိရာမွ လက္ပစ္ဗုံးျဖစ္ေနသည္ကို ေတြ႔ရျခင္းျဖစ္ေၾကာင္း သိရသည္။

ယင္းေနာက္ ထပ္မံတူးေဖၚၾကည့္ရာ ေနာက္ထပ္ လက္ပစ္ဗံုးတစ္လံုးအား ေတြ႔ရသျဖင့္ သက္ဆိုင္ရာ ရပ္ကြက္အုပ္ခ်ဳပ္ေရးမွဴးရံုးမွ တဆင့္ အေၾကာင္းၾကား အပ္ႏွံလိုက္ျခင္းျဖစ္ေၾကာင္း သိရသည္။

သက္ဆုိင္ရာတာ၀န္႐ွိသူမ်ားက လာေရာက္စစ္ေဆးရာ အဆိုပါလက္ပစ္ဗံုးမ်ားမွာ စနစ္တံ မျပဳတ္ေသးေသာ သက္႐ွိဗံုးမ်ားျဖစ္ေၾကာင္း သိရသည္။

အဆိုပါ ေနအိမ္ၿခံဝင္းတြင္ အိမ္ေဆာက္ရန္အတြက္ ၁၉၈၃ ခုႏွစ္က ေျမတူးစဥ္ကလည္း လက္ပစ္ဗုံးအေဟာင္းမ်ား၊ က်ည္ဆန္အခြံမ်ား၊ လက္နက္ႀကီးက်ည္မ်ား ေတြ႔ခဲ့ရဖူးေၾကာင္း သိရသည္။

သတင္း - ခ်ယ္ရီထိုက္
ဓာတ္ပံု - Photo: Kyu Kyu Pway



~~~~~~~~⊰❂ unicode ~~~~~~~~
နေအိမ်ခြံဝင်းအတွင်း ပန်းပင်စိုက်ရန် မြကြေီးတူးရာမှ လက်ပစ်ဗုံးဟောင်းတွေ့ရှိ

နေအိမ်ခြံဝင်းအတွင်း ပန်းပင်စိုက်ရန် ဧပြီလ(၁၀)ရက်နေ့ နံနက်ပိုင်းက မြကြေီးတူးရာမှ စနက်တံ မပြုတ်သေးသည့် လက်ပစ်ဗုံး နှစ်လုံး တွေ့ရသဖြင့် သက်ဆိုင်ရာသို့ အကြောင်းကြား အကူအညီတောင်းထားကြောင်း သိရသည်။

“အမှတ် (၂) ရဲစခန်းက ဗုံးနှစ်လုံးကို လာပြီးတော့ သိမ်းသွားပါပြီ။ စရဖလည်းပါတယ်။ နောက်ထပ်လည်း သူတို့ ကိရိယာတွေနဲ့ ထပ်ပြီး စစ်ဆေးပေးမယ်ပြောတယ်။ အခုထိတော့ ထပ်လာမစစ်သေးဘူး”ဟု အဆိုပါ နေအိမ်မှ ဒေါ်ကြူကြူပွေးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့၊ ညောင်ပင်သာရပ်၊ ညောင်ပင်ကြီးလမ်းရှိ ဦးအောင်ပွေး ( ရွှေပန်းထိမ် )၏ နေအိမ်ခြံဝင်းအတွင်း ပန်းပင်စိုက်ရန် အတွက် မြေကျင်းတူးရာမှ အနက်နှစ်ပေခန့် အရောက် မာကြောသော အလုံးတစ်ခုကို တူးမိရာမှ လက်ပစ်ဗုံးဖြစ်နေသည်ကို တွေ့ရခြင်းဖြစ်ကြောင်း သိရသည်။

ယင်းနောက် ထပ်မံတူးဖော်ကြည့်ရာ နောက်ထပ် လက်ပစ်ဗုံးတစ်လုံးအား တွေ့ရသဖြင့် သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးမှ တဆင့် အကြောင်းကြား အပ်နှံလိုက်ခြင်းဖြစ်ကြောင်း သိရသည်။

သက်ဆိုင်ရာတာဝန်ရှိသူများက လာရောက်စစ်ဆေးရာ အဆိုပါလက်ပစ်ဗုံးများမှာ စနစ်တံ မပြုတ်သေးသော သက်ရှိဗုံးများဖြစ်ကြောင်း သိရသည်။

အဆိုပါ နေအိမ်ခြံဝင်းတွင် အိမ်ဆောက်ရန်အတွက် ၁၉၈၃ ခုနှစ်က မြေတူးစဉ်ကလည်း လက်ပစ်ဗုံးအဟောင်းများ၊ ကျည်ဆန်အခွံများ၊ လက်နက်ကြီးကျည်များ တွေ့ခဲ့ရဖူးကြောင်း သိရသည်။

သတင်း - ချယ်ရီထိုက်
ဓာတ်ပုံ - Photo: Kyu Kyu Pway

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~