တာခ်ီလိတ္တြင္ ဦးေခါင္းမဲ့ ကေလးတစ္ဦးပါသည့္ အမႊာကေလးေမြးဖြား

တာခ်ီလိတ္တြင္ ဦးေခါင္းမဲ့ ကေလးတစ္ဦးပါသည့္ အမႊာကေလးေမြးဖြား
ဧပြီ 26, 2017
By Tachileik News Agency

ရွမ္းျပည္နယ္(အေရွ႕ပိုင္း) တာခ်ီလိတ္ခရိုင္ျပည္သူ႔ေဆးရုံတြင္ ဧၿပီလ (၂၆)ရက္ေန႔ ညေန(၃)နာရီခြဲ အခ်ိန္က ကုိယ္၀န္ေဆာင္ အမ်ိဳးသမီးတစ္ဦး အမႊာေမြးဖြားရာ အသက္ရွင္လ်က္တစ္ဦးႏွင့္ ဦးေခါင္းမဲ့ ကေလးတစ္ဦးတို႔အား ေမြးဖြားေၾကာင္း သိရသည္။

တာခ်ီလိတ္ၿမိဳ႕နယ္ မိုင္းကိုးေက်းရြာအုပ္စုမွ ကိုယ္၀န္ေဆာင္အမ်ိဳးသမီးတစ္ဦးသည္ တာခ်ီလိတ္ခရိုင္ ျပည္သူ႔ေဆးရုံတြင္ (၂.၆)ကီလိုရွိ မိန္းကေလးငယ္တစ္ဦးႏွင့္အတူ (၄)ကီလိုရွိ ဦးေခါင္းမပါရွိဘဲ ေျခလက္အစုံျဖင့္ အေသတစ္ဦး ေမြးဖြားခဲ့ေၾကာင္း သိရသည္။

“ရြာမွာ ဗိုက္နာေနတာ ႏွစ္ရက္ရွိၿပီ။ သားဖြားဆရာမတစ္ေယာက္က က်န္းမာေရး စိုးရိမ္ရတာေၾကာင့္ ဆိုင္ကယ္နဲ႔ ေခၚလာတယ္။ ေဆးရုံေရာက္ေတာ့ သားအိမ္က ေလးငါးလက္မေလာက္ ပြင့္ေနၿပီဆိုေတာ့ ရိုးရိုး ေမြးမလားဆိုၿပီး ေစာင့္ၾကည့္ေသးတယ္။ ေရမႊာေတြလည္း ေနာက္လာတာေၾကာင့္ ေဆးရုံေရာက္ၿပီး တစ္နာရီေက်ာ္ေလာက္မွာ ခြဲလိုက္တာပါ။ ပထမတစ္ေယာက္က က်န္းက်န္းမာမာနဲ႔ ေမြးႏိုင္ၿပီး ဒုတိယတစ္ေယာက္က ဗိုက္ထဲမွာ ကန္႔လန္႔ျဖစ္ေနေတာ့ ခက္ခက္ခဲခဲ ခြဲေမြးလိုက္ရတယ္။ ဒါေပမယ့္ အဲဒီ တစ္ေယာက္က ဦးေခါင္း မပါဘဲနဲ႔ ေျခေတြလက္ေတြနဲ႔ပဲ ေမြးဖြားၿပီး ဆုံးသြားတယ္။ မိခင္နဲ႔ ပထမ ကေလးကေတာ့ က်န္းမာေရးေကာင္းပါတယ္”ဟု တာခ်ီလိတ္ခရိုင္ျပည္သူ႔ေဆးရုံမွ သားဖြားမီးယပ္အထူးကု ဆရာ၀န္ ေဒါက္တာဇင္မူမူေက်ာ္က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

အဆိုပါ ျဖစ္စဥ္ႏွင့္ပတ္သက္၍ ကုိယ္၀န္ေဆာင္မိခင္မ်ား အေနျဖင့္ မိမိကိုယ္ဝန္ကို နီးစပ္ရာ သားဖြားမီးယပ္ ေဆးခန္းသို႔ အပ္ရန္ႏွင့္ သားသမီးမ်ားေသာ မိခင္မ်ား အေနျဖင့္ သားသမီး(၄)ေယာက္အထက္ ဆုိလွ်င္ ေဆးရုံ၌သာ ေမြးဖြားသင့္ေၾကာင္း သားဖြားမီးယပ္အထူးကုဆရာဝန္ႀကီးက အႀကံျပဳသည္။

သတင္း - ေဇာင္းညီ


~~~~~~~~⊰❂ unicode ~~~~~~~~
တာချီလိတ်တွင် ဦးခေါင်းမဲ့ကလေးတစ်ဦးပါသည့် အမွှာကလေးမွေးဖွား

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်ခရိုင်ပြည်သူ့ဆေးရုံတွင် ဧပြီလ (၂၆)ရက်နေ့ ညနေ(၃)နာရီခွဲ အချိန်က ကိုယ်ဝန်ဆောင် အမျိုးသမီးတစ်ဦး အမွှာမွေးဖွားရာ အသက်ရှင်လျက်တစ်ဦးနှင့် ဦးခေါင်းမဲ့ ကလေးတစ်ဦးတို့အား မွေးဖွားကြောင်း သိရသည်။

တာချီလိတ်မြို့နယ် မိုင်းကိုးကျေးရွာအုပ်စုမှ ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦးသည် တာချီလိတ်ခရိုင် ပြည်သူ့ဆေးရုံတွင် (၂.၆)ကီလိုရှိ မိန်းကလေးငယ်တစ်ဦးနှင့်အတူ (၄)ကီလိုရှိ ဦးခေါင်းမပါရှိဘဲ ခြေလက်အစုံဖြင့် အသေတစ်ဦး မွေးဖွားခဲ့ကြောင်း သိရသည်။

“ရွာမှာ ဗိုက်နာနေတာ နှစ်ရက်ရှိပြီ။ သားဖွားဆရာမတစ်ယောက်က ကျန်းမာရေး စိုးရိမ်ရတာကြောင့် ဆိုင်ကယ်နဲ့ ခေါ်လာတယ်။ ဆေးရုံရောက်တော့ သားအိမ်က လေးငါးလက်မလောက် ပွင့်နပြေီဆိုတော့ ရိုးရိုး မွေးမလားဆိုပြီး စောင့်ကြည့်သေးတယ်။ ရေမွှာတွေလည်း နောက်လာတာကြောင့် ဆေးရုံရောက်ပြီး တစ်နာရီကျော်လောက်မှာ ခွဲလိုက်တာပါ။ ပထမတစ်ယောက်က ကျန်းကျန်းမာမာနဲ့ မွေးနိုင်ပြီး ဒုတိယတစ်ယောက်က ဗိုက်ထဲမှာ ကန့်လန့်ဖြစ်နေတော့ ခက်ခက်ခဲခဲ ခွဲမွေးလိုက်ရတယ်။ ဒါပေမယ့် အဲဒီ တစ်ယောက်က ဦးခေါင်း မပါဘဲနဲ့ ခြေတွေလက်တွေနဲ့ပဲ မွေးဖွားပြီး ဆုံးသွားတယ်။ မိခင်နဲ့ ပထမ ကလေးကတော့ ကျန်းမာရေးကောင်းပါတယ်”ဟု တာချီလိတ်ခရိုင်ပြည်သူ့ဆေးရုံမှ သားဖွားမီးယပ်အထူးကု ဆရာဝန် ဒေါက်တာဇင်မူမူကျော်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

အဆိုပါ ဖြစ်စဉ်နှင့်ပတ်သက်၍ ကိုယ်ဝန်ဆောင်မိခင်များ အနဖြေင့် မိမိကိုယ်ဝန်ကို နီးစပ်ရာ သားဖွားမီးယပ် ဆေးခန်းသို့ အပ်ရန်နှင့် သားသမီးများသော မိခင်များ အနဖြေင့် သားသမီး(၄)ယောက်အထက် ဆိုလျှင် ဆေးရုံ၌သာ မွေးဖွားသင့်ကြောင်း သားဖွားမီးယပ်အထူးကုဆရာဝန်ကြီးက အကြံပြုသည်။

သတင်း - ဇောင်းညီ

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~