လက္ယက္ေရတြင္း တူးရာမွ စစ္က်န္ေလယာဥ္ ဗံုးသီးေဟာင္း တစ္လံုး ေတြ႔ရိွ

လက္ယက္ေရတြင္း တူးရာမွ စစ္က်န္ေလယာဥ္ ဗံုးသီးေဟာင္း တစ္လံုး ေတြ႔ရိွ
ဧပြီ 24, 2017
By Tachileik News Agency

လက္ယက္ေရတြင္းတူးေဖာ္ရာမွ စစ္က်န္ေလယာဥ္ဗံုးသီးေဟာင္း တစ္လံုးအား မေကြးတိုင္းေဒသႀကီး မင္းလွၿမိဳ႕နယ္ ဘန္႔ျပင္ရြာေတာင္ဘက္ရိွ ေရၾကည္ေခ်ာင္းေဘးသဲေသာင္ျပင္တြင္ ဧၿပီလ (၂၃)ရက္ေန႔ ညေနပိုင္းက ေတြ႔ရိွေၾကာင္း ေရနံမနယ္ေျမရဲစခန္းမွ သိရသည္။

“စစ္က်န္ေလယာဥ္ဗံုးသီးလို႔ ယူဆရေၾကာင္း ကပစ(၂) မလြန္က အရာရိွတစ္ဦးက ေျပာပါတယ္။။ အ႐ွည္ ႏွစ္ေပ ေျခာက္လကၼ၊ လုံးပတ္ ႏွစ္ေပ ကိုးလကၼ၊ အေလးခ်ိန္ (၈၀) ပိႆာခန္႔ရိွၿပီး ကပစ(၂)မလြန္ကို သြား ေရာက္အပ္ႏွံထားပါတယ္”ဟု ေရနံမ နယ္ေျမရဲစခန္းမွဴး ရဲအုပ္မ်ိဳးမင္းထြန္းက တာခ်ီလိတ္သတင္း ေအဂ်င္စီသို႔ ေျပာသည္။

ဧၿပီလ (၂၃)ရက္ေန႔ ညေန (၄) နာရီခြဲအခ်ိန္ခန္႔က ဘန္႔ျပင္ေက်းရြာရာအိမ္မႉး ဦးအုန္းေက်ာ္ျမင့္ႏွင္႔အဖဲြ႔ ေခ်ာင္းေဘးသဲေသာင္ျပင္၌ လက္ယက္ေရတြင္းတူးေဖာ္ရာမွ အဆိုပါဗံုးသီးေဟာင္းတစ္လံုးကိုေတြ႔႐ွိ၍ ႐ွမ္းတပ္ရဲကင္းသို႔ သြားေရာက္ အေၾကာင္းၾကားသျဖင့္ ရဲကင္းမႈး ရဲအုပ္ သက္ႏိုင္ဦး ႏွင့္ အဖြဲ႔မွ သြားေရာက္ စစ္ေဆးသယ္ေဆာင္ကာ ကပစ(၂)မလြန္သို႔ သြားေရာက္အပ္ႏွံခဲ႔ျခင္းျဖစ္ေၾကာင္း သိရသည္။

သတင္း -  #ဖီးနစ္
ဓာတ္ပံု - #မင္းထီး(MGY)


~~~~~~~~⊰❂ unicode ~~~~~~~~

လက်ယက်ရေတွင်း တူးရာမှ စစ်ကျန်လေယာဉ် ဗုံးသီးဟောင်း တစ်လုံး တွေ့ရှိ
......

လက်ယက်ရေတွင်းတူးဖော်ရာမှ စစ်ကျန်လေယာဉ်ဗုံးသီးဟောင်း တစ်လုံးအား မကွေးတိုင်းဒေသကြီး မင်းလှမြို့နယ် ဘန့်ပြင်ရွာတောင်ဘက်ရှိ ရကြေည်ချောင်းဘေးသဲသောင်ပြင်တွင် ဧပြီလ (၂၃)ရက်နေ့ ညနေပိုင်းက တွေ့ရှိကြောင်း ရေနံမနယ်မြေရဲစခန်းမှ သိရသည်။

“စစ်ကျန်လေယာဉ်ဗုံးသီးလို့ ယူဆရကြောင်း ကပစ(၂) မလွန်က အရာရှိတစ်ဦးက ပြောပါတယ်။ အရှည် နှစ်ပေ ခြောက်လက္မ၊ လုံးပတ် နှစ်ပေ ကိုးလက္မ၊ အလေးချိန် (၈၀) ပိဿါခန့်ရှိပြီး ကပစ(၂)မလွန်ကို သွား ရောက်အပ်နှံထားပါတယ်”ဟု ရေနံမ နယ်မြေရဲစခန်းမှူး ရဲအုပ်မျိုးမင်းထွန်းက တာချီလိတ်သတင်း အေဂျင်စီသို့ ပြောသည်။

ဧပြီလ (၂၃)ရက်နေ့ ညနေ (၄) နာရီခွဲအချိန်ခန့်က ဘန့်ပြင်ကျေးရွာရာအိမ်မှူး ဦးအုန်းကျော်မြင့်နှင့်အဖွဲ့ ချောင်းဘေးသဲသောင်ပြင်၌ လက်ယက်ရေတွင်းတူးဖော်ရာမှ အဆိုပါဗုံးသီးဟောင်းတစ်လုံးကိုတွေ့ရှိ၍ ရှမ်းတပ်ရဲကင်းသို့ သွားရောက် အကြောင်းကြားသဖြင့် ရဲကင်းမှုး ရဲအုပ် သက်နိုင်ဦး နှင့် အဖွဲ့မှ သွားရောက် စစ်ဆေးသယ်ဆောင်ကာ ကပစ(၂)မလွန်သို့ သွားရောက်အပ်နှံခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

သတင်း - #ဖီးနစ်
ဓာတ်ပုံ - #မင်းထီး(MGY)

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~