မူဆယ္(၁၀၅)မိုင္ ကုန္သြယ္ေရးဇုန္သို႔ သစ္သီးကားမ်ား အဝင္ေႏွာင့္ေႏွး၍ သစ္သီးေစ်းၿငိမ္ေန

မူဆယ္(၁၀၅)မိုင္ ကုန္သြယ္ေရးဇုန္သို႔ သစ္သီးကားမ်ား အဝင္ေႏွာင့္ေႏွး၍ သစ္သီးေစ်းၿငိမ္ေန
ဧပြီ 5, 2017
By Tachileik News Agency

ရွမ္းျပည္နယ္(ေျမာက္ပိုင္း) ျပည္ေထာင္စုလမ္းမႀကီးေပၚတြင္ ဧၿပီလ(၁)ရက္ေန႔မွစ၍ ယာဥ္ေၾကာ ပိတ္ဆို႔မႈမ်ား ျဖစ္ေပၚခဲ့သည့္ အတြက္ မူဆယ္(၁၀၅)မိုင္ ကုန္သြယ္ေရးဇုန္သို႔ သစ္သီးကားမ်ား ဝင္ေရာက္မႈ ေႏွာင့္ေႏွးသျဖင့္ တရုတ္မွသစ္သီး အဝယ္ေစ်းႏႈန္း တည္ၿငိမ္ေနေၾကာင္း ကုန္စည္ဒိုင္မ်ားထံမွ သိရသည္။

“ကားေတြပိတ္သြားလို႔ ကုန္စည္ဝင္ေရာက္မႈ နည္းသြားေတာ့ ကုန္သည္ေတြအတြက္ အက်ိဳးအျမတ္ ပိုရွိတယ္။ ကုန္စည္(သစ္သီး)အဝင္မ်ားရင္ေတာ့ တရုတ္ဘက္က အဝယ္မလိုက္ဘူး။ သစ္သီးကားေတြ ဝင္တာမ်ားရင္ အဝယ္ကုန္သည္ေတြက ျငင္းၿပီ။ သစ္သီးေတြက အၾကာႀကီး ထားလို႔မရဘူးေလ။ အဲ႔ဒီအခ်ိန္က်ေတာ့ ရတဲ့ေစ်းနဲ႔ ထိုးေရာင္းရတာဆိုေတာ့ ကုန္သည္ေတြ မကိုက္ဘူး။ အခုလို အဝင္နည္းသြားေတာ့ ကုန္သည္ေတြ အဆင္ေျပ တာေပါ့”ဟု မူဆယ္(၁၀၅)မိုင္ကုန္သြယ္ေရး ျမန္မာတံခြန္သစ္သီးကုမၸဏီမွ အေထြေထြမန္ေနဂ်ာ ဦးသန္းစုိး က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

မူဆယ္ေဒသသို႔ ေန႔စဥ္ဝင္ေရာက္ေနသည့္ သစ္သီးကားအစီးေရ တစ္ေထာင္(၁၀၀၀)ေက်ာ္ရွိေနၿပီး ကုန္တင္ယာဥ္မ်ားႏွင့္ ခရီးသည္တင္ယာဥ္မ်ား အပါအဝင္ ေန႔စဥ္ဝင္ေရာက္သည့္ အစီးေရမွာ ႏွစ္ေထာင္(၂၀၀၀)ဝန္းက်င္ခန္႔ ရွိေနသည့္အတြက္ ယာဥ္လမး္ေၾကာပိတ္ဆို႔မႈမ်ား ျဖစ္ပြားေနေၾကာင္း သိရသည္။

“လမ္းမွာတြဲကား(၂၂ဘီးကား)တစ္စီး မေတာ္တဆျဖစ္ၿပီး လမ္းပိတ္သြားတယ္ဆိုရင္ ေနာက္လာတဲ့ ကားက ေက်ာ္တက္တယ္။ အဲဒီမွာ သူပါပိတ္ၿပီး ယာဥ္လမ္းေၾကာတစ္ခုလံုးဆက္သြားမရေအာင္ ပိတ္သြားတယ္။ အဲဒါကို ဂိတ္ေတြမွာ မတားဘဲ ဆက္လႊတ္လိုက္မယ္ဆိုရင္ တစ္ရက္ကို အစီးေရ (၂၀၀၀)ေလာက္ရွိတဲ့ အေရအတြက္နဲ႔ဆို (၃) ရက္ေလာက္သာ အဲဒီလိုျဖစ္သြားရင္ အစီး(၆၀၀၀)ေလာက္ပိတ္မိေနမယ္။ သစ္သီး ကုန္စည္ေတြသာဆိုရင္ အလဟႆျဖစ္ကုန္မယ္။ ဒါေၾကာင့္အခုလို ဂိတ္ေတြမွာတား ထားၿပီး အခ်ိန္နဲ႔ ခြဲၿပီးလႊတ္ေပး ေနတာက ကုန္စည္ေတြအတြက္ေရာ ကုန္သည္ေတြအတြက္ေရာ အဆင္ေျပတယ္လို႔ ထင္တယ္” ဟု ဦးသန္းစိုးက ေျပာသည္။

ကြတ္ခိုင္ၿမိဳ႕နယ္ နမ့္ကြတ္ေက်းရြာအနီးတြင္ ဧၿပီလ (၁) ရက္ေန႔ အေစာပိုင္းမွစ၍ ယာဥ္ေၾကာပိတ္ဆို႔ မႈ စတင္ျဖစ္ေပၚခဲ့သည့္ အတြက္ ျပည္ေထာင္စုလမ္းမႀကီးေပၚရွိ OHC ဂိတ္မ်ားျဖစ္သည့္ ကြတ္ခိုင္ ႏွင့္ လားရိႈး ၿမိဳ႕တို႔တြင္ ယာဥ္မ်ားအား ေခတၱတားျမစ္ထားကာ အခ်ိန္ခဲြ၍ေစလႊတ္ေနရေၾကာင္း သိရသည္။

“ကားအဝင္နည္းသြားေတာ့ အေရာင္းအဝယ္ပါးသြားတာေတာ့ ရွိတယ္။ ဒါေပမယ့္ ပဲ တို႔၊ ေျပာင္းတို႔ က်ေတာ့ အထားခံတဲ့ အခါက်ေတာ့ ကြ်န္မတို႔အတြက္ကေတာ့ ျပႆနာႀကီးႀကီးမားမားေတာ့ မရွိပါဘူး။ ကားမ်ားေတာ့ အေရာင္းအဝယ္ကေတာ့ ပိုျဖစ္တာေပါ့ “ဟု မူဆယ္ ကုန္စည္ဒိုင္မွ မနန္းခရြန္ဆာ က ေျပာသည္။

ယာဥ္လမ္းပိတ္ဆို႔မႈမျဖစ္ပြားဘဲ ေန႔စဥ္ပံုမွန္ ဝင္ေရာက္ေနပါက မူဆယ္ကုန္စည္ဒိုင္သို႔ အစီးေရ (၁၀၀) ေက်ာ္ ဝင္ေရာက္ေလ့ရွိၿပီး လမ္းပိတ္ဆို႔မႈျဖစ္ပြားေနသည့္ ဧၿပီလ( ၁) ရက္ေန႔ ႏွင့္ (၂) ရက္ေန႔မ်ားတြင္ အစီးေရ (၃၀) မွ (၅၀) အထိသာ အဝင္ရွိေၾကာင္း သိရသည္။

“မေန႔က မူဆယ္ကေန မနက္ (၇)နာရီထြက္လာတယ္။ လမ္းမွာကားေတြ ၾကပ္ညွပ္ေနတယ္။ ကားေလး ေတာင္သြားလို႔မရဘူး။ ကြတ္ခိုင္ကို ည (၉)နာရီေလာက္မွေရာက္တယ္။ ပံုမွန္ထက္ (၃)ဆေလာက္ ပိုၿပီး ခရီးၾကန္႔ၾကာသြားတာေပ့ါ။ တိုးဂိတ္ေတြမွာပိတ္ၿပီးေတာ့ အခ်ိန္ခြဲလႊတ္ေနတာက ယာဥ္ပိတ္ဆို႔မႈရွင္းလို႔ မရေအာင္ျဖစ္သြားမွာကို စိုးရိမ္လို႔ လုပ္ေနတယ္လို႔ သိရတယ္။ ေလာေလာဆယ္ေတာ့ ကြ်န္မတို႔အခုထိ လားရိႈး မေရာက္ေသးဘူး။ လမ္းမွာပဲပိတ္ေနတုန္းပဲ။ မူဆယ္နဲ႔ လားရိႈးအၾကားမွာ (၂) ရက္ၾကာေနၿပီ “ဟု ဧၿပီလ (၁) ရက္ေန႔တြင္ မူဆယ္မွ လားရိႈးသို႔သြားသည့္ ခရီးသည္ အမ်ိဳးသမီးတစ္ဦးက ေျပာသည္။

မူဆယ္(၁၀၅)မိုင္ ကုန္သြယ္ေရးေဒသသို႔ ဖရဲ၊ သခြား ကုန္စည္ကားမ်ားမွာ ေန႔စဥ္ပံုမွန္အစီးေရ တစ္ေထာင္ (၁၀၀၀)ေက်ာ္ဝင္ေရာက္ေနေသာ္လည္း ဧၿပီလ (၁)ရက္ေန႔ႏွင့္(၂)ရက္ေန႔မ်ားတြင္ အစီးေရ (၂၀၀) မွ (၃၀၀) အထိသာ ဝင္ေရာက္လာသည့္အတြက္ ကုန္စည္မ်ားလည္း ေရာင္းခ်ရပိုမိုလြယ္ကူေနေၾကာင္း သိရသည္။

သတင္း - ေနၿဖဳိးျမင့္

~~~~~~~~⊰❂ unicode ~~~~~~~~

မူဆယ်(၁၀၅)မိုင် ကုန်သွယ်ရေးဇုန်သို့ သစ်သီးကားများ အဝင်နှောင့်နှေး၍ သစ်သီးဈေးငြိမ်နေ

ရှမ်းပြည်နယ်(မြောက်ပိုင်း) ပြည်ထောင်စုလမ်းမကြီးပေါ်တွင် ဧပြီလ(၁)ရက်နေ့မှစ၍ ယာဉ်ကြောပိတ်ဆို့မှုများ ဖြစ်ပေါ်ခဲ့သည့် အတွက် မူဆယ်(၁၀၅)မိုင် ကုန်သွယ်ရေးဇုန်သို့ သစ်သီးကားများ ဝင်ရောက်မှု နှောင့်နှေးသဖြင့် တရုတ်မှသစ်သီး အဝယ်ဈေးနှုန်း တည်ငြိမ်နေကြောင်း ကုန်စည်ဒိုင်များထံမှ သိရသည်။

“ကားတွေပိတ်သွားလို့ ကုန်စည်ဝင်ရောက်မှု နည်းသွားတော့ ကုန်သည်တွေအတွက် အကျိုးအမြတ် ပိုရှိတယ်။ ကုန်စည်(သစ်သီး)အဝင်များရင်တော့ တရုတ်ဘက်က အဝယ်မလိုက်ဘူး။ သစ်သီးကားတွေ ဝင်တာများရင် အဝယ်ကုန်သည်တွေက ငြင်းပြီ။ သစ်သီးတွေက အကြာကြီး ထားလို့မရဘူးလေ။ အဲ့ဒီအချိန်ကျတော့ ရတဲ့ဈေးနဲ့ ထိုးရောင်းရတာဆိုတော့ ကုန်သည်တွေ မကိုက်ဘူး။ အခုလို အဝင်နည်းသွားတော့ ကုန်သည်တွေ အဆင်ပြေ တာပေါ့”ဟု မူဆယ်(၁၀၅)မိုင်ကုန်သွယ်ရေး မြန်မာတံခွန်သစ်သီးကုမ္ပဏီမှ အထွေထွေမန်နေဂျာ ဦးသန်းစိုး က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

မူဆယ်ဒေသသို့ နေ့စဉ်ဝင်ရောက်နေသည့် သစ်သီးကားအစီးရေ တစ်ထောင်(၁၀၀၀)ကျော်ရှိနပြေီး ကုန်တင်ယာဉ်များနှင့် ခရီးသည်တင်ယာဉ်များ အပါအဝင် နေ့စဉ်ဝင်ရောက်သည့် အစီးရေမှာ နှစ်ထောင်(၂၀၀၀)ဝန်းကျင်ခန့် ရှိနေသည့်အတွက် ယာဉ်လမး်ကြောပိတ်ဆို့မှုများ ဖြစ်ပွားနေကြောင်း သိရသည်။

“လမ်းမှာတွဲကား(၂၂ဘီးကား)တစ်စီး မတော်တဆဖြစ်ပြီး လမ်းပိတ်သွားတယ်ဆိုရင် နောက်လာတဲ့ ကားက ကျော်တက်တယ်။ အဲဒီမှာ သူပါပိတ်ပြီး ယာဉ်လမ်းကြောတစ်ခုလုံးဆက်သွားမရအောင် ပိတ်သွားတယ်။ အဲဒါကို ဂိတ်တွေမှာ မတားဘဲ ဆက်လွှတ်လိုက်မယ်ဆိုရင် တစ်ရက်ကို အစီးရေ (၂၀၀၀)လောက်ရှိတဲ့ အရေအတွက်နဲ့ဆို (၃) ရက်လောက်သာ အဲဒီလိုဖြစ်သွားရင် အစီး(၆၀၀၀)လောက်ပိတ်မိနေမယ်။ သစ်သီး ကုန်စည်တွေသာဆိုရင် အလဟဿဖြစ်ကုန်မယ်။ ဒါကြောင့်အခုလို ဂိတ်တွေမှာတား ထားပြီး အချိန်နဲ့ ခွဲပြီးလွှတ်ပေး နေတာက ကုန်စည်တွေအတွက်ရော ကုန်သည်တွေအတွက်ရော အဆင်ပြေတယ်လို့ ထင်တယ်” ဟု ဦးသန်းစိုးက ပြောသည်။

ကွတ်ခိုင်မြို့နယ် နမ့်ကွတ်ကျေးရွာအနီးတွင် ဧပြီလ (၁) ရက်နေ့ အစောပိုင်းမှစ၍ ယာဉ်ကြောပိတ်ဆို့ မှု စတင်ဖြစ်ပေါ်ခဲ့သည့် အတွက် ပြည်ထောင်စုလမ်းမကြီးပေါ်ရှိ OHC ဂိတ်များဖြစ်သည့် ကွတ်ခိုင် နှင့် လားရှိုး မြို့တို့တွင် ယာဉ်များအား ခေတ္တတားမြစ်ထားကာ အချိန်ခွဲ၍စေလွှတ်နေရကြောင်း သိရသည်။

“ကားအဝင်နည်းသွားတော့ အရောင်းအဝယ်ပါးသွားတာတော့ ရှိတယ်။ ဒါပေမယ့် ပဲ တို့၊ ပြောင်းတို့ ကျတော့ အထားခံတဲ့ အခါကျတော့ ကျွန်မတို့အတွက်ကတော့ ပြဿနာကြီးကြီးမားမားတော့ မရှိပါဘူး။ ကားများတော့ အရောင်းအဝယ်ကတော့ ပိုဖြစ်တာပေါ့ “ဟု မူဆယ် ကုန်စည်ဒိုင်မှ မနန်းခရွန်ဆာ က ပြောသည်။

ယာဉ်လမ်းပိတ်ဆို့မှုမဖြစ်ပွားဘဲ နေ့စဉ်ပုံမှန် ဝင်ရောက်နေပါက မူဆယ်ကုန်စည်ဒိုင်သို့ အစီးရေ (၁၀၀) ကျော် ဝင်ရောက်လေ့ရှိပြီး လမ်းပိတ်ဆို့မှုဖြစ်ပွားနေသည့် ဧပြီလ( ၁) ရက်နေ့ နှင့် (၂) ရက်နေ့များတွင် အစီးရေ (၃၀) မှ (၅၀) အထိသာ အဝင်ရှိကြောင်း သိရသည်။

“မနေ့က မူဆယ်ကနေ မနက် (၇)နာရီထွက်လာတယ်။ လမ်းမှာကားတွေ ကြပ်ညှပ်နေတယ်။ ကားလေး တောင်သွားလို့မရဘူး။ ကွတ်ခိုင်ကို ည (၉)နာရီလောက်မှရောက်တယ်။ ပုံမှန်ထက် (၃)ဆလောက် ပိုပြီး ခရီးကြန့်ကြာသွားတာပေါ့။ တိုးဂိတ်တွေမှာပိတ်ပြီးတော့ အချိန်ခွဲလွှတ်နေတာက ယာဉ်ပိတ်ဆို့မှုရှင်းလို့ မရအောင်ဖြစ်သွားမှာကို စိုးရိမ်လို့ လုပ်နေတယ်လို့ သိရတယ်။ လောလောဆယ်တော့ ကျွန်မတို့အခုထိ လားရှိုး မရောက်သေးဘူး။ လမ်းမှာပဲပိတ်နေတုန်းပဲ။ မူဆယ်နဲ့ လားရှိုးအကြားမှာ (၂) ရက်ကြာနပြေီ “ဟု ဧပြီလ (၁) ရက်နေ့တွင် မူဆယ်မှ လားရှိုးသို့သွားသည့် ခရီးသည် အမျိုးသမီးတစ်ဦးက ပြောသည်။

မူဆယ်(၁၀၅)မိုင် ကုန်သွယ်ရေးဒေသသို့ ဖရဲ၊ သခွား ကုန်စည်ကားများမှာ နေ့စဉ်ပုံမှန်အစီးရေ တစ်ထောင် (၁၀၀၀)ကျော်ဝင်ရောက်နေသော်လည်း ဧပြီလ (၁)ရက်နေ့နှင့်(၂)ရက်နေ့များတွင် အစီးရေ (၂၀၀) မှ (၃၀၀) အထိသာ ဝင်ရောက်လာသည့်အတွက် ကုန်စည်များလည်း ရောင်းချရပိုမိုလွယ်ကူနေကြောင်း သိရသည်။

သတင်း - နဖြေိုးမြင့်

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~