ခင္ပြန္းျဖစ္သူ၏ ရိုက္ႏွက္မႈေၾကာင့္ ဇနီးေသဆံုးမႈ ေက်ာက္မဲတြင္ ျဖစ္ပြား

ခင္ပြန္းျဖစ္သူ၏ ရိုက္ႏွက္မႈေၾကာင့္ ဇနီးေသဆံုးမႈ ေက်ာက္မဲတြင္ ျဖစ္ပြား
မတ် 20, 2017
By Tachileik News Agency
ရွမ္းျပည္နယ္(ေျမာက္ပိုင္း) ေက်ာက္မဲၿမိဳ႕ အမွတ္(၈) ရပ္ကြက္တြင္ မတ္လ(၂၀)ရက္ေန႔၌ လင္မယားခ်င္း စကားမ်ား ရန္ျဖစ္ရာမွ ခင္ပြန္းျဖစ္သူ၏ ရိုက္ႏွက္မႈေၾကာင့္ ဇနီးျဖစ္သူ ေသဆံုးသြား၍ ခင္ပြန္းျဖစ္သူအား လူသတ္မႈျဖင့္ အမႈဖြင့္ အေရးယူထားေၾကာင္း သိရသည္။
“ျဖစ္တာကေတာ့ လင္မယားခ်င္း စကားမ်ားရန္ျဖစ္ရာကေန ေယာက္်ားျဖစ္သူက ရိုက္ႏွက္ခဲ့တဲ့အတြက္ အမ်ိဳးသမီး ကို ေဆးရံုတင္ၿပီး ကုသေနတာ။ ေဆးရံုမွာ ခြဲစိတ္ခန္း ဝင္ခါနီးမွ အဲဒီလူနာက သူ႔အေမကို ဖုန္းဆက္ၿပီး လွမ္းေျပာတယ္။ သူ႔အေမက ဖုန္းျပန္ဆက္တဲ့ အခ်ိန္က်ေတာ့ လူနာက ေသသြားၿပီ။ ဒါေၾကာင့္ ရိုက္ႏွက္ခဲ့တဲ့ အမ်ိဳးသားကို အေရးယူေပးဖို႔ လာေရာက္ တိုင္တန္းတဲ့အတြက္ ဖမ္းဆီးခဲ့ရတယ္”ဟု ေက်ာက္မဲၿမိဳ႕မရဲစခန္းမွ အမႈလက္ခံဖြင့္လွစ္ေပးခဲ့သူ ရဲအရာရွိက တာခ်ီလိတ္သတင္းေအဂ်င္စီကို ေျပာသည္။
ႏိုင္လင္းထြန္းက ဇနီးျဖစ္သူ မေအးေအးျမင့္အား ဝါယာႀကိဳး၊ ငါးမူးလံုးခန္႔ ေလးေထာင့္သံပိုက္၊ အရွည္(၂)ေပရွိ သစ္သားေခ်ာင္းတို႔ျဖင့္ ရိုက္ႏွက္ခဲ့ ျခင္းေၾကာင့္ ဇနီးျဖစ္သူမွာ ဒဏ္ရာအမ်ား အျပားရရွိခဲ့၍ ေက်ာက္မဲၿမိဳ႕ရွိ ျပည္သူ႔ေဆးရံုတြင္ ေဆးကုသမႈ ခံယူေနစဥ္ ေသဆံုးသြားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
“ဒီျဖစ္စဥ္မွာေတာ့ မနက္ခင္း ေသြးလိုလို႔ ေသသူရဲ႕ ေယာက်္ားက ေသြးေတာင္းလို႔ သြားပို႔မွ ကြ်န္ေတာ္တို႔လည္း သိရတာပါ။ အခုေသဆံုးသူ အမ်ိဳးသမီးရဲ႕ အေလာင္းကို ေဆးရံုမွာ ခြဲစိတ္ၿပီးလို႔ အိမ္ ျပန္သယ္ေပးေနပါတယ္ “ဟု ေက်ာက္မဲၿမိဳ႕ဇီဝိတ လူမႈကူညီေရးအသင္းမွ ကိုေစာမင္းၾကဴက ေျပာသည္။
ေသဆံုးသူ၏ မိခင္ျဖစ္သူက အမႈဖြင့္တိုင္ၾကားသျဖင့္ ေက်ာက္မဲၿမိဳ႕မရဲစခန္းတြင္ ႏိုင္လင္းထြန္းအား ရာဇသတ္ႀကီးပုဒ္မ- ၃၀၂၊ (ပ) ၃၁/၂၀၁၇ ျဖင့္ အမႈဖြင့္စစ္ေဆးေနေၾကာင္း သိရသည္။
သတင္း - ေနၿဖဳိးျမင့္
~~~~~~~~⊰❂ unicode ~~~~~~~~
ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲမြို့ အမှတ်(၈) ရပ်ကွက်တွင် မတ်လ(၂၀ )ရက်နေ့၌ လင်မယားချင်း စကားများ ရန်ဖြစ်ရာမှ ခင်ပွန်းဖြစ်သူ၏ ရိုက်နှက်မှုကြောင့် ဇနီးဖြစ်သူ သေဆုံးသွား၍ ခင်ပွန်းဖြစ်သူအား လူသတ်မှုဖြင့် အမှုဖွင့် အရေးယူထားကြောင်း သိရသည်။

“ဖြစ်တာကတော့ လင်မယားချင်း စကားများရန်ဖြစ်ရာကနေ ယောက်ျားဖြစ်သူက ရိုက်နှက်ခဲ့တဲ့အတွက် အမျိုးသမီး ကို ဆေးရုံတင်ပြီး ကုသနေတာ။ ဆေးရုံမှာ ခွဲစိတ်ခန်း ဝင်ခါနီးမှ အဲဒီလူနာက သူ့အမေကို ဖုန်းဆက်ပြီး လှမ်းပြောတယ်။ သူ့အမေက ဖုန်းပြန်ဆက်တဲ့ အချိန်ကျတော့ လူနာက သေသွားပြီ။ ဒါကြောင့် ရိုက်နှက်ခဲ့တဲ့ အမျိုးသားကို အရေးယူပေးဖို့ လာရောက် တိုင်တန်းတဲ့အတွက် ဖမ်းဆီးခဲ့ရတယ်”ဟု ကျောက်မဲမြို့မရဲစခန်းမှ အမှုလက်ခံဖွင့်လှစ်ပေးခဲ့သူ ရဲအရာရှိက တာချီလိတ်သတင်းအေဂျင်စီကို ပြောသည်။

နိုင်လင်းထွန်းက ဇနီးဖြစ်သူ မအေးအေးမြင့်အား ဝါယာကြိုး၊ ငါးမူးလုံးခန့် လေးထောင့်သံပိုက်၊ အရှည်(၂)ပေရှိ သစ်သားချောင်းတို့ဖြင့် ရိုက်နှက်ခဲ့ ခြင်းကြောင့် ဇနီးဖြစ်သူမှာ ဒဏ်ရာအများ အပြားရရှိခဲ့၍ ကျောက်မဲမြို့ရှိ ပြည်သူ့ဆေးရုံတွင် ဆေးကုသမှု ခံယူနေစဉ် သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ဒီဖြစ်စဉ်မှာတော့ မနက်ခင်း သွေးလိုလို့ သေသူရဲ့ ယောကျာ်းက သွေးတောင်းလို့ သွားပို့မှ ကျွန်တော်တို့လည်း သိရတာပါ။ အခုသေဆုံးသူ အမျိုးသမီးရဲ့ အလောင်းကို ဆေးရုံမှာ ခွဲစိတ်ပြီးလို့ အိမ် ပြန်သယ်ပေးနေပါတယ် “ဟု ကျောက်မဲမြို့ဇီဝိတ လူမှုကူညီရေးအသင်းမှ ကိုစောမင်းကြူက ပြောသည်။

သေဆုံးသူ၏ မိခင်ဖြစ်သူက အမှုဖွင့်တိုင်ကြားသဖြင့် ကျောက်မဲမြို့မရဲစခန်းတွင် နိုင်လင်းထွန်းအား ရာဇသတ်ကြီးပုဒ်မ- ၃၀၂၊ (ပ) ၃၁/၂၀၁၇ ဖြင့် အမှုဖွင့်စစ်ဆေးနေကြောင်း သိရသည်။

သတင်း - နဖြေိုးမြင့်

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~