ရွမ္းျပည္နယ္တြင္း ေတာရိုင္းတိရစၦာန္ႏွင့္ အစိတ္အပိုင္းမ်ား တရားမဝင္ေရာင္းဝယ္မႈ အေျခအေနရွင္းလင္း

ရွမ္းျပည္နယ္တြင္း ေတာရိုင္းတိရစၦာန္ႏွင့္ အစိတ္အပိုင္းမ်ား တရားမဝင္ေရာင္းဝယ္မႈ အေျခအေနရွင္းလင္း
မတ် 28, 2017
By 🌸
ေတာရုိင္းတိရစာၦန္ႏွင့္ အစိတ္အပုိင္းမ်ားအား တရားမဝင္ ေရာင္းဝယ္ေဖာက္ကားမႈ ေလ့လာေရးစီမံကိန္းအား ေဒသတြင္း သက္ဆုိင္ရာဌာနမ်ားသို႔ မိတ္ဆက္တင္ျပျခင္းကို ရွမ္းျပည္နယ္ ေျမာက္ပိုင္း လားရိႈးၿမိဳ႕တြင္ မတ္လ (၂၈) ရက္ေန႔က အဆိုပါစီမံကိန္းေဖၚေဆာင္ေနသည့္ WCS ႏွင့္ သစ္ေတာဦးစီးဌာနတို႔က က်င္းသည္။

အဆိုပါအခမ္းအနားအား မတ္လ(၂၈)ရက္ေန႔ နံနက္ (၉) နာရီမွ ညေန (၂) နာရီအထိ (WCS- Myanmar Program Lashio Office) သားငွက္ထိန္းသိမ္းေရးအဖဲြ႕ လားရွိဳးစီမံကိန္းရုံးတြင္ က်င္းပျခင္းျဖစ္ၿပီး ေဒသတြင္းမွ ဌာနဆိုင္ရာမ်ား တက္ေရာက္ၾကသည္။

“ရွမ္းျပည္နယ္အတြင္း ေတာရိုင္းတိရ စၦာန္ေတြကို ရွမ္းျပည္နယ္သစ္ေတာဦးစီးဌာနနဲ႔ သားငွက္ထိန္းသိမ္း ေရးအဖြဲ႔တို႔ ပူးေပါင္းၿပီး စနစ္သံုးမ်ိဳးနဲ႔ ကာကြယ္ေစာင့္ေရွာက္ေနပါတယ္။ လံုးဝကာကြယ္ထားတဲ့ ေတာရိုင္းတိရစၦာန္၊ သာမန္ကာကြယ္ထားတဲ့ ေတာရိုင္းတိရစၦာန္နဲ႔ ရာသီအလိုက္ ကာကြယ္ထားတဲ့ ေတာရိုင္းတိရစၦာန္ဆိုၿပီး သံုးပိုင္းခြဲျခားကာကြယ္ေနပါတယ္”ဟု ရွမ္းျပည္နယ္သစ္ေတာဦးစီးဌာန ဒုတိယညႊန္ၾကားေရးမွဴး ဦးအိုက္ဆင္းက ေျပာသည္။

ရွမ္းျပည္နယ္တြင္ ေတာင္ႀကီး၊ လားရိႈးႏွင့္ က်ိဳင္းတံုဟူ၍ အပိုင္းသံုးပိုင္းျဖင့္ ပိုင္းျခားထားၿပီး ဧရိယာ အက်ယ္အဝန္းအေနျဖင့္ (၆၀၁၅၅.၂၃) ဧရိယာစတုရန္းမိုင္အက်ယ္ဝန္းရွိေၾကာင္း သိရသည္။

လံုးဝကာကြယ္ထားသည့္ ေတာရိုင္းတိရစၦာန္မ်ိဳးစိတ္မ်ားအေနျဖင့္ ႏို႔တိုက္သတၱဝါ (၃၉) မ်ိဳး၊ ငွက္မ်ိဳးစိတ္ (၅၀)၊ ကုန္းေနေရေန တြားသြားသတၱဝါ (၉) မ်ိဳး စုစုေပါင္း (၉၈)မ်ိဳး၊ သာမန္ကာကြယ္ထားသည့္ ေတာရိုင္းတိရစၦာန္ မ်ားအေနျဖင့္ ႏို႔တိုက္သတၱဝါ မ်ိဳးစိတ္ (၁၂) မ်ိဳး၊ ငွက္မ်ိဳးစိတ္ (၄၃)မ်ိဳး၊ ကုန္းေနေရေနတြားသြားသတၱဝါ ( ၆) မ်ိဳး၊  စုစုေပါင္း (၆၁) မ်ိဳးႏွင့္ ရာသီအလိုက္ကာကြယ္ထားသည့္ ေတာရိုင္းတိရစၦာန္မ်ိဳးစိတ္မ်ားမွာ ႏို႔တိုက္သတၱဝါမ်ိဳးစိတ္(၂ )မ်ိဳး၊ ငွက္မ်ိဳးစိတ္ ( ၁၃ )မ်ိဳး၊ စုစုေပါင္း (၁၅) မ်ိဳးရွိေၾကာင္း သိရသည္။

သတင္း #ေနၿဖိဳးျမင့္
ဓါတ္ပံု #ခမ္းဦး



~~~~~~~~⊰❂ unicode ~~~~~~~~


ရှမ်းပြည်နယ်တွင်း တောရိုင်းတိရစ္ဆာန်နှင့် အစိတ်အပိုင်းများ တရားမဝင်ရောင်းဝယ်မှု အခြေအနေ ရှင်းလင်း
************

တောရိုင်းတိရစ္ဆာန်နှင့် အစိတ်အပိုင်းများအား တရားမဝင် ရောင်းဝယ်ဖောက်ကားမှု လေ့လာရေးစီမံကိန်းအား ဒေသတွင်း သက်ဆိုင်ရာဌာနများသို့ မိတ်ဆက်တင်ပြခြင်းကို ရှမ်းပြည်နယ် မြောက်ပိုင်း လားရှိုးမြို့တွင် မတ်လ (၂၈) ရက်နေ့က အဆိုပါစီမံကိန်းဖေါ်ဆောင်နေသည့် WCS နှင့် သစ်တောဦးစီးဌာနတို့က ကျင်းသည်။

အဆိုပါအခမ်းအနားအား မတ်လ(၂၈)ရက်နေ့ နံနက် (၉) နာရီမှ ညနေ (၂) နာရီအထိ (WCS- Myanmar Program Lashio Office) သားငှက်ထိန်းသိမ်းရေးအဖွဲ့ လားရှိုးစီမံကိန်းရုံးတွင် ကျင်းပခြင်းဖြစ်ပြီး ဒေသတွင်းမှ ဌာနဆိုင်ရာများ တက်ရောက်ကြသည်။

“ရှမ်းပြည်နယ်အတွင်း တောရိုင်းတိရ စ္ဆာန်တွေကို ရှမ်းပြည်နယ်သစ်တောဦးစီးဌာနနဲ့ သားငှက်ထိန်းသိမ်း ရေးအဖွဲ့တို့ ပူးပေါင်းပြီး စနစ်သုံးမျိုးနဲ့ ကာကွယ်စောင့်ရှောက်နေပါတယ်။ လုံးဝကာကွယ်ထားတဲ့ တောရိုင်းတိရစ္ဆာန်၊ သာမန်ကာကွယ်ထားတဲ့ တောရိုင်းတိရစ္ဆာန်နဲ့ ရာသီအလိုက် ကာကွယ်ထားတဲ့ တောရိုင်းတိရစ္ဆာန်ဆိုပြီး သုံးပိုင်းခွဲခြားကာကွယ်နေပါတယ်”ဟု ရှမ်းပြည်နယ်သစ်တောဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးအိုက်ဆင်းက ပြောသည်။

ရှမ်းပြည်နယ်တွင် တောင်ကြီး၊ လားရှိုးနှင့် ကျိုင်းတုံဟူ၍ အပိုင်းသုံးပိုင်းဖြင့် ပိုင်းခြားထားပြီး ဧရိယာ အကျယ်အဝန်းအနေဖြင့် (၆၀၁၅၅.၂၃) ဧရိယာစတုရန်းမိုင်အကျယ်ဝန်းရှိကြောင်း သိရသည်။

လုံးဝကာကွယ်ထားသည့် တောရိုင်းတိရစ္ဆာန်မျိုးစိတ်များအနေဖြင့် နို့တိုက်သတ္တဝါ (၃၉) မျိုး၊ ငှက်မျိုးစိတ် (၅၀)၊ ကုန်းနေရေနေ တွားတွားသတ္တဝါ (၉) မျိုး စုစုပေါင်း (၉၈)မျိုး၊ သာမန်ကာကွယ်ထားသည့် တောရိုင်းတိရစ္ဆာန် များအနေဖြင့် နို့တိုက်သတ္တဝါ မျိုးစိတ် (၁၂) မျိုး၊ ငှက်မျိုးစိတ် (၄၃)မျိုး၊ ကုန်းနေရေနတွားသွားသတ္တဝါ ( ၆) မျိုး၊  စုစုပေါင်း (၆၁) မျိုးနှင့် ရာသီအလိုက်ကာကွယ်ထားသည့် တောရိုင်းတိရစ္ဆာန်မျိုးစိတ်များမှာ နို့တိုက်သတ္တဝါမျိုးစိတ်(၂ )မျိုး၊ ငှက်မျိုးစိတ် ( ၁၃ )မျိုး၊ စုစုပေါင်း (၁၅) မျိုးရှိကြောင်း သိရသည်။

သတင်း #နေဖြိုးမြင့်
ဓါတ်ပုံ #ခမ်းဦး


 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~