က်ဳိင္းတံုၿမိဳ႕သႀကၤန္ဖလား လူသစ္တန္း အမ်ိဳးသားေဘာလုံးၿပိဳင္ပြဲ ဖြင့္ပြဲ က်င္းပ

က်ဳိင္းတံုၿမိဳ႕သႀကၤန္ဖလား လူသစ္တန္း အမ်ိဳးသားေဘာလုံးၿပိဳင္ပြဲ ဖြင့္ပြဲ က်င္းပ
မတ် 15, 2017
By Tachileik News Agency
က်ိဳင္းတုံၿမိဳ႕တြင္ မတ္လ (၁၅)ရက္ေန႔ ညေန(၃)နာရီမွ စတင္ကာ ၿမိဳ ့နယ္အားကစားႏွင့္ ကာယပညာ ဦးစီးဌာနႏွင့္ က်ိဳင္းတုံ Old Star တို႔ သၾကၤန္ဖလား (လူသစ္တန္း) အမ်ိဳးသားေဘာလုံးပြဲ အထိမ္းအမွတ္ ခ်စ္ၾကည္ေရးပြဲစဥ္မ်ား ကစားၾကသည္။
ခ်စ္ၾကည္ေရး ပြဲစဥ္အျဖစ္ က်ိဳင္းတုံ Old Star အသင္းႏွင့္ ႀတိဂံေဒသတိုင္း စစ္ဌာနခ်ဳပ္ လက္ေရြးစင္ ေဟာင္းမ်ား အသင္းတို႔ ယွဥ္ၿပိဳင္ၾကၿပီး သၾကၤန္ဖလားၿပိဳင္ပြဲ၏ အဖြင့္ပြဲစဥ္ အျဖစ္ လြိဳင္ေမြလူငယ္အသင္းႏွင့္ ၾကယ္တာရာ ေဘာလုံးအသင္းတို ့ ယွဥ္ၿပိဳင္ကစားခဲ့ေၾကာင္း သိရသည္။
ခ်စ္ၾကည္ေရးပြဲစဥ္အျဖစ္ ယွဥ္ၿပိဳင္ကစားခဲ့ၾကသည့္ Old Star အသင္းႏွင့္ ႀတိဂံေဒသတိုင္း စစ္ဌာနခ်ဳပ္ လက္ေရြးစင္ေဟာင္းမ်ားအသင္းတို႔ ပြဲစဥ္တြင္ တစ္ဂိုးစီသေရက်ခဲ့ၿပီး သၾကၤန္ဖလားၿပိဳင္ပြဲ၏ အဖြင့္ ပြဲစဥ္တြင္ လြိဳင္ေမြလူငယ္အသင္းက ၾကယ္တာရာ အသင္းအား (၂)ဂိုး (၁)ဂိုးျဖင့္ အႏိုင္ရသြားသည္။
အဆိုပါ ေဘာလုံးပြဲတြင္ အုပ္စု(၃)ခုျဖင့္ စုစုေပါင္း အသင္း(၁၁)သင္းပါ၀င္ၿပီး ပြဲစဥ္ေပါင္း (၂၀)ကစားသြားရမည္ ျဖစ္ၿပီး ဗိုလ္လုပြဲကို ဧၿပီလ(၅)ရက္ေန႔တြင္ က်င္းပသြားမည္ျဖစ္ေၾကာင္း သိရသည္။
သတင္း/ဓာတ္ပံု - ဇြဲျမတ္


~~~~~~~~⊰❂ unicode ~~~~~~~~

ကျိုင်းတုံမြို့တွင် မတ်လ (၁၅)ရက်နေ့ ညနေ(၃)နာရီမှ စတင်ကာ မြို့နယ်အားကစားနှင့် ကာယပညာ ဦးစီးဌာနနှင့် ကျိုင်းတုံ Old Star တို့ သင်္ကြန်ဖလား (လူသစ်တန်း) အမျိုးသားဘောလုံးပွဲ အထိမ်းအမှတ် ချစ်ကြည်ရေးပွဲစဉ်များ ကစားကြသည်။

ချစ်ကြည်ရေး ပွဲစဉ်အဖြစ် ကျိုင်းတုံ Old Star အသင်းနှင့် တြိဂံဒေသတိုင်း စစ်ဌာနချုပ် လက်ရွေးစင် ဟောင်းများ အသင်းတို့ ယှဉ်ပြိုင်ကြပြီး သင်္ကြန်ဖလားပြိုင်ပွဲ၏ အဖွင့်ပွဲစဉ် အဖြစ် လွိုင်မွေလူငယ်အသင်းနှင့် ကြယ်တာရာ ဘောလုံးအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ကြောင်း သိရသည်။

ချစ်ကြည်ရေးပွဲစဉ်အဖြစ် ယှဉ်ပြိုင်ကစားခဲ့ကြသည့် Old Star အသင်းနှင့် တြိဂံဒေသတိုင်း စစ်ဌာနချုပ် လက်ရွေးစင်ဟောင်းများအသင်းတို့ ပွဲစဉ်တွင် တစ်ဂိုးစီသရေကျခဲ့ပြီး သင်္ကြန်ဖလားပြိုင်ပွဲ၏ အဖွင့် ပွဲစဉ်တွင် လွိုင်မွေလူငယ်အသင်းက ကြယ်တာရာ အသင်းအား (၂)ဂိုး (၁)ဂိုးဖြင့် အနိုင်ရသွားသည်။

အဆိုပါ ဘောလုံးပွဲတွင် အုပ်စု(၃)ခုဖြင့် စုစုပေါင်း အသင်း(၁၁)သင်းပါဝင်ပြီး ပွဲစဉ်ပေါင်း (၂၀)ကစားသွားရမည် ဖြစ်ပြီး ဗိုလ်လုပွဲကို ဧပြီလ(၅)ရက်နေ့တွင် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

သတင်း/ဓာတ်ပုံ - ဇွဲမြတ်

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~