မြို့မဈေးဘေးမှ ကုန်ခြောက်သားငါးဈေးတန်း Taungyi City Square Shopping Center သို့ ရွှေ့ရမည်
မြို့မဈေးဘေးမှ ကုန်ခြောက်သားငါးဈေးတန်း Taungyi City Square Shopping Center သို့ ရွှေ့ရမည်
မတျ 31, 2017
By 🌸
ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့ မြို့မဈေးဘေးရှိ ယာယီကုန်ခြောက်သားငါးဈေးဆိုင်ခန်း(၄၆၆)ခန်းများ ဧပြီလ (၁၈) ရက်နေ့မှ ဧပြီလ (၃၀) ရက်နေ့အတွင်း Taunggyi City Square Shopping Center သို့ အပြီး ပြောင်းရွှေ့ရမည်ဖြစ်ကြောင်း တောင်ကြီး မြို့မဈေးတာဝန်ခံ ဦးခင်အေးထံမှ သိရသည်။
ယခုရွှေ့ပြောင်းရမည့်နေရာသည် ယခင်က မြို့မဈေးရှေ့ ကုန်ခြောက်သားငါးတန်း ရောင်းချခဲ့သည့်နေရာဖြစ်ကြောင်း သိရသည်။
အဆိုပါ ယာယီကုန်ခြောက်သားငါးဈေးဆိုင်ခန်းသည် ယခင်က မြို့မဈေးရှေ့မှ မြေ (၁.၄၁) ဧကတွင် ၁၉၆၈ ခုနှစ်ကတည်းက စတင်ရောင်းချလာကြခြင်းဖြစ်ပြီး ၁၉၉၃ ခုနှစ်တွင် မြို့အနေအထားအရ လက်ရှိ ယာယီရောင်းချရာနေရာသို့ ပြောင်းရွှေ့ခဲ့ရခြင်းဖြစ်သည်။
သတင်း၊ဓါတ်ပုံ #နိုနို
~~~~~~~~⊰❂ unicode ~~~~~~~~
မြို့မစျေးဘေးမှ ကုန်ခြောက်သားငါးစျေးတန်း Taungyi City Square Shopping Center သို့ ရွှေ့ရမည်
************
ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့ မြို့မစျေးဘေးရှိ ယာယီကုန်ခြောက်သားငါးစျေးဆိုင်ခန်း(၄၆၆)ခန်းများ ဧပြီလ (၁၈) ရက်နေ့မှ ဧပြီလ (၃၀) ရက်နေ့အတွင်း Taunggyi City Square Shopping Center သို့ အပြီး ပြောင်းရွှေ့ရမည်ဖြစ်ကြောင်း တောင်ကြီး မြို့မစျေးတာဝန်ခံ ဦးခင်အေးထံမှ သိရသည်။
“ဒီရက်ပိုင်းမှာ နှစ်ဆန်း (၂) ရက်နေ့မှာဖယ်ပေးဖို့ စာတွေပို့ထားမှာပါ။ ဧပြီလကုန်အပြီး ပြောင်းရမယ်။ ပြီးရင် ဆိုင်ခန်းအဟောင်းတွေ အကုန်ဖျက်ပြီးတော့ လမ်းရှင်းလိုက်မှာပါ။ မဟုတ်ရင် ကုန်သည်လမ်းမှာက ယာယီစျေးသည်ဆိုင်ခန်းတွေနဲ့ဆိုတော့ လမ်းကျဉ်းကျပ်တယ်။ အခုသူတို့နေရာပြန်ရောက်သွားပြီဆိုတော့ မြို့မစျေး ရဲ့လမ်းတွေကလည်း ကျယ်လာမယ်။ ပြည်သူတွေလည်း စျေးသွားလာရတာပို အဆင်ပြေသွားမယ်” ဟု စျေးတာဝန်ခံ ဦးခင်အေးက ပြောသည်။
ယခုရွှေ့ပြောင်းရမည့်နေရာသည် ယခင်က မြို့မစျေးရှေ့ ကုန်ခြောက်သားငါးတန်း ရောင်းချခဲ့သည့်နေရာဖြစ်ကြောင်း သိရသည်။
“ ဆိုင်ခန်းတွေကို သင်္ကြန်ပြီးတာနဲ့ကျွန်မတို့ပြောင်းရတော့မှာပါ။ လကုန်အပြီးပါ။ ဒါမှလည်း ကျွန်မတို့ရဲ့ဆိုင်ခန်း နေရာအတည်အကျဖြစ်သွားမှာပါ။ ကိုယ့်ဆိုင်ခန်းနေရာရသွားတော့ အရမ်းကိုဝမ်းသာပါတယ်။ မြို့အနေအထားအရလည်း ဆိုင်ခန်းတွေက ဒီတိုင်းထားလို့ မရဘူးလေ။ အခုတော့ ဆိုင်ခန်းအသစ်နဲ့ နေရာအတည်တကျနဲ့ ပြောင်းရမယ်ဆိုတော့ အရမ်းကောင်းပါတယ်”ဟု ယာယီစျေးသည်တစ်ဦးက ပြောသည်။
အဆိုပါ ယာယီကုန်ခြောက်သားငါးစျေးဆိုင်ခန်းသည် ယခင်က မြို့မစျေးရှေ့မှ မြေ (၁.၄၁) ဧကတွင် ၁၉၆၈ ခုနှစ်ကတည်းက စတင်ရောင်းချလာကြခြင်းဖြစ်ပြီး ၁၉၉၃ ခုနှစ်တွင် မြို့အနေအထားအရ လက်ရှိ ယာယီရောင်းချရာနေရာသို့ ပြောင်းရွှေ့ခဲ့ရခြင်းဖြစ်သည်။
သတင်း၊ဓါတ်ပုံ #နိုနို
 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~