တာခ်ီလိတ္ၿမိဳ႕ ပုန္းထြန္ရပ္ကြက္ စိန္ပန္းလမ္းရွိ စည္ပင္အမႈိက္ပံုးအား မူလည္ေနရာ ျပန္ေရႊ႕ေပးမည္ဟုဆို

တာခ်ီလိတ္ၿမိဳ႕ ပုန္းထြန္ရပ္ကြက္ စိန္ပန္းလမ္းရွိ စည္ပင္အမႈိက္ပံုးအား မူလည္ေနရာ ျပန္ေရႊ႕ေပးမည္ဟုဆို
မတ် 13, 2017
By Tachileik News Agency
တာခ်ီလိတ္ၿမိဳ႕ ၊ ပုန္းထြန္ရပ္ကြက္ ၊ စိန္ပန္းလမ္းတြင္ စည္ပင္သာယာေရးဌာန၏ အမိႈက္ပံုး ထားရာေနရာအား လူေနအိမ္မ်ားေရွ႕သို႔ ေရႊ႕ေျပာင္းလာသျဖင့္ မူလေနရာသို႔ ျပန္လည္ေရႊ႕ေျပာင္းေပးရန္ ရပ္ကြက္ေနလူထုက တင္ျပထားမႈအား မတ္လ တတိယပတ္အတြင္း ေျဖရွင္းသြားမည္ျဖစ္ေၾကာင္း သိရသည္။
“ကၽြန္ေတာ္တို႔ ဆီကို တင္ျပတဲ့စာက ၿမိဳ႕နယ္အေထြေထြ အုပ္ခ်ဳပ္ေရးဦးစီးဌာနကေန ဒီကေန႔ (မတ္လ ၁၃ ရက္ေန႔)မွ ရတာပါ။ ဒီရက္ပိုင္းအတြင္းမွာပဲ အမိႈက္ပံုးကို မူလေနရာနား ျပန္ေရႊ႕ေပးသြားမွာပါ”ဟု တာခ်ီလိတ္ၿမိဳ႕နယ္ စည္ပင္သာယာေရးဌာနမွ တာ၀န္ရွိသူတစ္ဦးက ေျပာသည္။
အဆုိပါ အမိႈ္က္ပံုးအား ယခင္ထားသည့္ ေနရာမွ ဆယ္ေပခန္႔အကြာရိွ လူေနအိမ္ မ်က္ႏွာစာမ်ားသို႔ ေရႊ႕ေျပာင္းထားသည္မွာ (၃)လေက်ာ္ၿပီျဖစ္ေၾကာင္း အဆုိပါ ရပ္ကြက္ေန ျပည္သူမ်ားထံမွ သိရသည္။
“အမိႈက္ပံုးက ဟိုးအရင္ကတည္းက ထားတဲ့ေနရာကေန ကၽြန္မတို႔ အိမ္မ်က္ႏွာစာဖက္ကို ေရႊ႕လိုက္တာပါ။ အရင္ထားတဲ့ ေနရာမွာက ေရသန္႔စက္ရံုရိွေတာ့ သူတို႔ကားေတြထားဖို႔ အမိႈက္ပံုးေရႊ႕လုိက္ေတာ့ ကၽြန္မတို႔အိမ္ မ်က္ႏွာစာဖက္ကို ေရာက္လာတာပါ။ ေန႔စဥ္နဲ႔ အမွ်ဆိုေတာ့ အဆင္မေျပလို႔ ျပန္ေရႊ႕ေပးဖို႔ ေျပာေတာ့ တုိင္ခ်င္တဲ့ေနရာတုိင္ စည္ပင္ရံုးကလူႀကီးေတြလည္း ပိုင္တယ္လုိ႔ေျပာၿပီး မေရႊ႕ေပးတာပါ။ ကၽြန္မတို႔  ရပ္ကြက္ရံုးလည္း ေျပာပါတယ္။ စည္ပင္ကိုလည္း စာတင္ထားတာ ၾကာပါၿပီ”ဟု စိန္ပန္းလမ္းတြင္ ေနထုိင္သူ အမ်ိဳးသမီးက ေျပာသည္။
စည္ပင္သာယာေရးဌာနႏွင့္ ပုဂၢလိက အမိႈက္သိမ္းဝန္ေဆာင္မႈလုပ္ငန္း ႏွစ္ပိုင္းခြဲ၍ တာဝန္ယူေနသည့္ တာခ်ီလိတ္ၿမိဳ႕တြင္ အဆိုပါ စိန္ပန္းလမ္းမွာ စည္ပင္သာယာေရးဌာနမွ အမိႈက္သိမ္းသည့္ နယ္ေျမျဖစ္ျပီး ေန႔စဥ္ အမိႈက္သိမ္းေပးေနေၾကာင္း သိရသည္။
သတင္း - ခ်ယ္ရီထိုက္


~~~~~~~~⊰❂ unicode ~~~~~~~~

တာချီလိတ်မြို့၊ ပုန်းထွန်ရပ်ကွက်၊ စိန်ပန်းလမ်းတွင် စည်ပင်သာယာရေးဌာန၏ အမှိုက်ပုံး ထားရာနေရာအား လူနေအိမ်များရှေ့သို့ ရွှေ့ပြောင်းလာသဖြင့် မူလနေရာသို့ ပြန်လည်ရွှေ့ပြောင်းပေးရန် ရပ်ကွက်နေလူထုက တင်ပြထားမှုအား မတ်လ တတိယပတ်အတွင်း ဖြေရှင်းသွားမည်ဖြစ်ကြောင်း သိရသည်။

“ကျွန်တော်တို့ ဆီကို တင်ပြတဲ့စာက မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနကနေ ဒီကနေ့ (မတ်လ ၁၃ ရက်နေ့)မှ ရတာပါ။ ဒီရက်ပိုင်းအတွင်းမှာပဲ အမှိုက်ပုံးကို မူလနေရာနား ပြန်ရွှေ့ပေးသွားမှာပါ”ဟု တာချီလိတ်မြို့နယ် စည်ပင်သာယာရေးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

အဆိုပါ အမှို်က်ပုံးအား ယခင်ထားသည့် နေရာမှ ဆယ်ပေခန့်အကွာရှိ လူနေအိမ် မျက်နှာစာများသို့ ရွှေ့ပြောင်းထားသည်မှာ (၃)လကျော်ပြီဖြစ်ကြောင်း အဆိုပါ ရပ်ကွက်နေ ပြည်သူများထံမှ သိရသည်။

“အမှိုက်ပုံးက ဟိုးအရင်ကတည်းက ထားတဲ့နေရာကနေ ကျွန်မတို့ အိမ်မျက်နှာစာဖက်ကို ရွှေ့လိုက်တာပါ။ အရင်ထားတဲ့ နေရာမှာက ရေသန့်စက်ရုံရှိတော့ သူတို့ကားတွေထားဖို့ အမှိုက်ပုံးရွှေ့လိုက်တော့ ကျွန်မတို့အိမ် မျက်နှာစာဖက်ကို ရောက်လာတာပါ။ နေ့စဉ်နဲ့ အမျှဆိုတော့ အဆင်မပြေလို့ ပြန်ရွှေ့ပေးဖို့ ပြောတော့ တိုင်ချင်တဲ့နေရာတိုင် စည်ပင်ရုံးကလူကြီးတွေလည်း ပိုင်တယ်လို့ပြောပြီး မရွှေ့ပေးတာပါ။ ကျွန်မတို့ ရပ်ကွက်ရုံးလည်း ပြောပါတယ်။ စည်ပင်ကိုလည်း စာတင်ထားတာ ကြာပါပြီ”ဟု စိန်ပန်းလမ်းတွင် နေထိုင်သူ အမျိုးသမီးက ပြောသည်။

စည်ပင်သာယာရေးဌာနနှင့် ပုဂ္ဂလိက အမှိုက်သိမ်းဝန်ဆောင်မှုလုပ်ငန်း နှစ်ပိုင်းခွဲ၍ တာဝန်ယူနေသည့် တာချီလိတ်မြို့တွင် အဆိုပါ စိန်ပန်းလမ်းမှာ စည်ပင်သာယာရေးဌာနမှ အမှိုက်သိမ်းသည့် နယ်မြဖြေစ်ပြီး နေ့စဉ် အမှိုက်သိမ်းပေးနေကြောင်း သိရသည်။

သတင်း - ချယ်ရီထိုက်

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~