တာခ်ီလိတ္ၿမိဳ႕နယ္အတြင္း အသားထုတ္လုပ္ေရာင္းခ်ခြင့္လိုင္စင္ ေလွ်ာက္ထားသူ (၃၉)ဦးအား စိစစ္ေန

တာခ်ီလိတ္ၿမိဳ႕နယ္အတြင္း အသားထုတ္လုပ္ေရာင္းခ်ခြင့္လိုင္စင္ ေလွ်ာက္ထားသူ (၃၉)ဦးအား စိစစ္ေန
မတ် 21, 2017
By Tachileik News Agency
ရွမ္းျပည္နယ္ (အေရွ႕ပိုင္း) တာခ်ီလိတ္ၿမိဳ႕နယ္တြင္၂၀၁၇ -၂၀၁၈ ဘ႑ာေရးႏွစ္ အတြက္ အသား ထုတ္လုပ္ ေရာင္းခ်ခြင့္ လက္မွတ္ ထုတ္ေပးႏိုင္ရန္ မတ္လ (၂၁)ရက္ေန႔က တာခ်ီလိတ္ၿမိဳ႕နယ္ စည္ပင္သာယာေရးရုံးတြင္ စိစစ္ေဆာင္ရြက္ေၾကာင္း သိရသည္။
တာခ်ီလိတ္ၿမိဳ႕အတြင္းရွိ ၿမိဳ႕မေစ်း အပါအ၀င္ ေက်းလက္ေစ်း (၁၀)ေစ်း၌ အသားထုတ္လုပ္ေရာင္းခ်ခြင့္ ကို ယခုႏွစ္အတြင္း (၃၉)ဦး လာေရာက္ေလွ်ာက္ထားေၾကာင္း သိရသည္။
“အရင္ႏွစ္ကေတာ့ မတ္လ (၃၁)ရက္ေန႔ မတိုင္ခင္မွာ လိုင္စင္ေတြ ထုတ္ေပးေဆာင္ရြက္ခဲ့ပါတယ္။ ဒီႏွစ္မွာ သားသတ္ စည္းကမ္းညႊန္ၾကားခ်က္မွာရွိတာ ဘာလဲဆိုေတာ့ ဒီေန႔က်င္းပတဲ့ပြဲမွာ ေစ်းအလိုက္၊ ခုံအလိုက္ သားသတ္လုပ္ငန္းရွင္မ်ားကို လုပ္ငန္းရွင္ အေဟာင္းေရာ ၊အသစ္ကိုပါ တစ္ရက္ အေကာင္ေရ ဘယ္ေလာက္သတ္ဖို႔ကို ညိႇႏိႈင္းေဆာင္ရြက္ သတ္မွတ္ေပးသြားမွာပါ”ဟု တာခ်ီလိတ္ၿမိဳ႕နယ္ စည္ပင္သာယာေရး ဌာနမွ ဒုတိယညႊန္ၾကားေရးမွဴး ဦးေက်ာ္မိုးထြန္းက ေျပာသည္။
၂၀၁၇ -၂၀၁၈ ဘ႑ာေရးႏွစ္တြင္ ၀က္သားထုတ္လုပ္ေရာင္းခ်သူ (၂၇)ဦး၊ ဆိတ္သား ထုတ္လုပ္ေရာင္းခ်သူ (၁)ဦး၊ အမဲသား ထုတ္လုပ္ ေရာင္းခ်ရသူ (၁၁)ဦး စုစုေပါင္း (၃၉)ဦး ေလွ်ာက္ထားျခင္း ျဖစ္ေၾကာင္း သိရသည္။
“အခု သားသတ္လုပ္ငန္း ေဆာင္ရြက္ဖို႔အတြက္ (၃၉) ဦး တင္ျပတာရွိတယ္။ အရင္ႏွစ္ကေတာ့ (၃၅)ဦးရိွပါတယ္။ လုပ္ငန္းရွင္ေတြ အေနနဲ႔ တစ္ရက္ကို အေကာင္ေရ ဘယ္ေလာက္ သတ္ရမယ္ ဆိုတာကလည္း သူတို႔ရဲ႕ ေရာင္းအားေပၚမွာ ၾကည့္ၿပီး အေကာင္ေရ အတိုး အေလ်ာ့ သတ္မွတ္ ေပးသြားမွာပါ”ဟု တာခ်ီလိတ္ၿမိဳ႕နယ္စည္ပင္သာေရးဌာနမွ ဒုတိယဦးစီးမွဴး (အခြန္) ေဒၚႏြဲ႕ရီဝင္းက ေျပာသည္။
သားသတ္ လုပ္ငန္းရွင္မ်ားအား ေရာင္းခ်ရမည့္ အသားအမ်ိဳးအစား အလိုက္ အာမခံေငြမ်ား ေပးသြင္းျခင္းႏွင့္ ရုံးစာရြက္စာတမ္း လုပ္ငန္းေဆာင္ရြက္မႈမ်ား ၿပီးစီးသည့္အခါ ယခုဘ႑ာႏွစ္မကုန္မီ အသားထုတ္လုပ္ ေရာင္းခ်ခြင့္လက္မွတ္ ထုတ္ေပးသြားမည္ျဖစ္ေၾကာင္း သိရသည္။
သတင္း/ဓာတ္ပံု - ေဇာင္းညီ


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့နယ်တွင်၂၀၁၇ -၂၀၁၈ ဘဏ္ဍာရေးနှစ် အတွက် အသား ထုတ်လုပ် ရောင်းချခွင့် လက်မှတ် ထုတ်ပေးနိုင်ရန် မတ်လ (၂၁)ရက်နေ့က တာချီလိတ်မြို့နယ် စည်ပင်သာယာရေးရုံးတွင် စိစစ်ဆောင်ရွက်ကြောင်း သိရသည်။

တာချီလိတ်မြို့အတွင်းရှိ မြို့မဈေး အပါအဝင် ကျေးလက်ဈေး (၁၀)ဈေး၌ အသားထုတ်လုပ်ရောင်းချခွင့် ကို ယခုနှစ်အတွင်း (၃၉)ဦး လာရောက်လျှောက်ထားကြောင်း သိရသည်။

“အရင်နှစ်ကတော့ မတ်လ (၃၁)ရက်နေ့ မတိုင်ခင်မှာ လိုင်စင်တွေ ထုတ်ပေးဆောင်ရွက်ခဲ့ပါတယ်။ ဒီနှစ်မှာ သားသတ် စည်းကမ်းညွှန်ကြားချက်မှာရှိတာ ဘာလဲဆိုတော့ ဒီနေ့ကျင်းပတဲ့ပွဲမှာ ဈေးအလိုက်၊ ခုံအလိုက် သားသတ်လုပ်ငန်းရှင်များကို လုပ်ငန်းရှင် အဟောင်းရော၊အသစ်ကိုပါ တစ်ရက် အကောင်ရေ ဘယ်လောက်သတ်ဖို့ကို ညှိနှိုင်းဆောင်ရွက် သတ်မှတ်ပေးသွားမှာပါ”ဟု တာချီလိတ်မြို့နယ် စည်ပင်သာယာရေး ဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးကျော်မိုးထွန်းက ပြောသည်။

၂၀၁၇ -၂၀၁၈ ဘဏ္ဍာရေးနှစ်တွင် ဝက်သားထုတ်လုပ်ရောင်းချသူ (၂၇)ဦး၊ ဆိတ်သား ထုတ်လုပ်ရောင်းချသူ (၁)ဦး၊ အမဲသား ထုတ်လုပ် ရောင်းချရသူ (၁၁)ဦး စုစုပေါင်း (၃၉)ဦး လျှောက်ထားခြင်း ဖြစ်ကြောင်း သိရသည်။

“အခု သားသတ်လုပ်ငန်း ဆောင်ရွက်ဖို့အတွက် (၃၉) ဦး တင်ပြတာရှိတယ်။ အရင်နှစ်ကတော့ (၃၅)ဦးရှိပါတယ်။ လုပ်ငန်းရှင်တွေ အနေနဲ့ တစ်ရက်ကို အကောင်ရေ ဘယ်လောက် သတ်ရမယ် ဆိုတာကလည်း သူတို့ရဲ့ ရောင်းအားပေါ်မှာ ကြည့်ပြီး အကောင်ရေ အတိုး အလျော့ သတ်မှတ် ပေးသွားမှာပါ”ဟု တာချီလိတ်မြို့နယ်စည်ပင်သာရေးဌာနမှ ဒုတိယဦးစီးမှူး (အခွန်) ဒေါ်နွဲ့ရီဝင်းက ပြောသည်။

သားသတ် လုပ်ငန်းရှင်များအား ရောင်းချရမည့် အသားအမျိုးအစား အလိုက် အာမခံငွေများ ပေးသွင်းခြင်းနှင့် ရုံးစာရွက်စာတမ်း လုပ်ငန်းဆောင်ရွက်မှုများ ပြီးစီးသည့်အခါ ယခုဘဏ္ဍာနှစ်မကုန်မီ အသားထုတ်လုပ် ရောင်းချခွင့်လက်မှတ် ထုတ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

သတင်း/ဓာတ်ပုံ - ဇောင်းညီ

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~