ေက်ာက္မဲၿမိဳ႕တြင္ တရားမဝင္စက္သံုးဆီဆိုင္မ်ားကို မတ္လ ၂၃ ရက္မွစ၍ စစ္ေဆးေတာ့မည္

ေက်ာက္မဲၿမိဳ႕တြင္ တရားမဝင္စက္သံုးဆီဆိုင္မ်ားကို မတ္လ ၂၃ ရက္မွစ၍ စစ္ေဆးေတာ့မည္
မတ် 22, 2017
By Tachileik News Agency
ရွမ္းျပည္နယ္(ေျမာက္ပိုင္း) ေက်ာက္မဲၿမိဳ႕တြင္ တရားမဝင္ ဖြင့္လွစ္ထားသည့္ စက္သံုးဆီဆိုင္မ်ားအား ၿမိဳ့နယ္အေထြေထြ အုပ္ခ်ဳပ္ေရးဦးစီးဌာနမွ အဖြဲ႔စံုျဖင့္ စစ္ေဆးမႈမ်ားကို မတ္လ(၂၃)ရက္တြင္ စတင္လုပ္ေဆာင္ေတာ့မည္ ျဖစ္ေၾကာင္း သိရသည္။
“အဓိကကေတာ့ ကြ်န္ေတာ္တို႔ တရားမဝင္ ဆီဆိုင္ေတြကို ဦးစားေပးၿပီး စစ္မွာေပါ့။ တရားဝင္ ဖြင့္လွစ္ထားတဲ့ ဆိုင္ေတြကိုေတာ့ စည္းကမ္းခ်က္နဲ႔ ညီညြတ္မွဳ ရွိ/မရွိ စစ္မွာပါ” ဟု ေက်ာက္မဲၿမိဳ႕နယ္ အေထြေထြအုပ္ခ်ဳပ္ေရး ဦးစီးဌာနမွ တာဝန္ရွိသူတစ္ဦးက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။
ၿမိဳ႕နယ္အဆင့္ ဌာနဆိုင္ရာအဖြဲ႔အစည္းမ်ားမွ တာဝန္ရွိသူမ်ား၊ ရပ္ကြက္/ေက်းရြာ အုပ္ခ်ဳပ္ေရးမွဴးမ်ားႏွင့္ မီးသတ္ဦးစီးဌာနစသည္တို႔ ပါဝင္သည့္ အဖြဲ႔စံုျဖင့္ စစ္ေဆးမည္ျဖစ္ေၾကာင္း သိရသည္။
“အိမ္သံုးပန္႔ဆီဆိုင္ေတြမွ မဟုတ္ဘူး။ ဆီဆိုင္ အႀကီးစားေတြမွာလည္း မီးသတ္ဦးစီးဌာနက ေထာက္ခံခ်က္ ေပးထားတာ မဟုတ္ဘူး။ အဲဒါေတြက စြမ္းအင္နဲ႔ဝန္ႀကီးဌာနက ေထာက္ခံခ်က္ရမွ ဖြင့္လို႔ရတာေလ။ ကြ်န္ေတာ္ တို႔ ဌာနက က်ေတာ့ မီးေဘးႀကိဳတင္ကာကြယ္ေရး အေနနဲ႔ စစ္ေဆး အႀကံျပဳ ေထာက္ခံခ်က္ေလာက္ပဲဲေပးရတာ” ဟု ေက်ာက္မဲၿမိဳ႕နယ္ မီးသတ္ဦးစီးဌာနမွ လက္ေထာက္ဦးစီးမွဴးက ေျပာသည္။
၂၀၁၆ ခုႏွစ္မွစတင္၍ ေက်ာက္မဲၿမိဳ႕အတြင္း လူေနရပ္ကြက္မ်ားတြင္ အိမ္သံုးဆီပန္႔ဆိုင္ငယ္ (၈၀) ေက်ာ္ ရိွေနေၾကာင္း သိရသည္။
“တခ်ိဳ႕ကလည္း ၿမိဳ႕ထဲမွာ နီးနီးနားနား ဆီထည့္လို႔ရတယ္ဆိုေတာ့ ဆီဆိုင္ငယ္ေတြ ရပ္ကြက္ေတြထဲမွာ ဖြင့္လာၾကတာကို သေဘာက်တဲ့ သူကရွိတာပဲ။ ဒါေပမယ့္ မီးေလာင္မႈျဖစ္ရင္ေတာ့ အဲဒီလူေတြလည္း သေဘာက်ႏိုင္ေတာ့မွာ မဟုတ္ဘူး။ အေကာင္းဆံုးကေတာ့ ေႏြရာသီမွာ ေရာင္းခ်ခြင့္ မျပဳဘဲ ေခတၱပိတ္ထားရင္ေတာ့ ပိုေကာင္းတာေပါ့” ဟု အမွတ္(၉)ရပ္ကြက္ မွ ဦးေသာင္းထြန္းက ေျပာသည္။
ဆီဆိုင္ငယ္မ်ားမွာ လူေနရပ္ကြက္မ်ားအတြင္း အမ်ားအျပား ဖြင့္လွစ္လာၾကျခင္းေၾကာင့္ မီးေဘးအႏၱရာယ္ အတြက္ စိုးရိမ္ရသည့္ အျပင္ လက္လုပ္ဗံုးႏွင့္ လာေရာက္ပစ္ခတ္မႈ ႏွစ္ႀကိမ္တိုင္တိုင္ျဖစ္ပြားခဲ့ေသာေၾကာင့္ ယင္းကဲ့သို႔ အႏၱရာယ္ကိုလည္း စိုးရိမ္ေနရေၾကာင္း ေဒသခံမ်ားက ဆိိုသည္။
သတင္း - ေနၿဖဳိးျမင့္


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲမြို့တွင် တရားမဝင် ဖွင့်လှစ်ထားသည့် စက်သုံးဆီဆိုင်များအား မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ အဖွဲ့စုံဖြင့် စစ်ဆေးမှုများကို မတ်လ(၂၃)ရက်တွင် စတင်လုပ်ဆောင်တော့မည် ဖြစ်ကြောင်း သိရသည်။
“အဓိကကတော့ ကျွန်တော်တို့ တရားမဝင် ဆီဆိုင်တွေကို ဦးစားပေးပြီး စစ်မှာပေါ့။ တရားဝင် ဖွင့်လှစ်ထားတဲ့ ဆိုင်တွေကိုတော့ စည်းကမ်းချက်နဲ့ ညီညွတ်မှု ရှိ/မရှိ စစ်မှာပါ” ဟု ကျောက်မဲမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
မြို့နယ်အဆင့် ဌာနဆိုင်ရာအဖွဲ့အစည်းများမှ တာဝန်ရှိသူများ၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် မီးသတ်ဦးစီးဌာနစသည်တို့ ပါဝင်သည့် အဖွဲ့စုံဖြင့် စစ်ဆေးမည်ဖြစ်ကြောင်း သိရသည်။
“အိမ်သုံးပန့်ဆီဆိုင်တွေမှ မဟုတ်ဘူး။ ဆီဆိုင် အကြီးစားတွေမှာလည်း မီးသတ်ဦးစီးဌာနက ထောက်ခံချက် ပေးထားတာ မဟုတ်ဘူး။ အဲဒါတွေက စွမ်းအင်နဲ့ဝန်ကြီးဌာနက ထောက်ခံချက်ရမှ ဖွင့်လို့ရတာလေ။ ကျွန်တော် တို့ ဌာနက ကျတော့ မီးဘေးကြိုတင်ကာကွယ်ရေး အနေနဲ့ စစ်ဆေး အကြံပြု ထောက်ခံချက်လောက်ပဲပေးရတာ” ဟု ကျောက်မဲမြို့နယ် မီးသတ်ဦးစီးဌာနမှ လက်ထောက်ဦးစီးမှူးက ပြောသည်။
၂၀၁၆ ခုနှစ်မှစတင်၍ ကျောက်မဲမြို့အတွင်း လူနေရပ်ကွက်များတွင် အိမ်သုံးဆီပန့်ဆိုင်ငယ် (၈၀) ကျော် ရှိနေကြောင်း သိရသည်။
“တချို့ကလည်း မြို့ထဲမှာ နီးနီးနားနား ဆီထည့်လို့ရတယ်ဆိုတော့ ဆီဆိုင်ငယ်တွေ ရပ်ကွက်တွေထဲမှာ ဖွင့်လာကြတာကို သဘောကျတဲ့ သူကရှိတာပဲ။ ဒါပေမယ့် မီးလောင်မှုဖြစ်ရင်တော့ အဲဒီလူတွေလည်း သဘောကျနိုင်တော့မှာ မဟုတ်ဘူး။ အကောင်းဆုံးကတော့ နွေရာသီမှာ ရောင်းချခွင့် မပြုဘဲ ခေတ္တပိတ်ထားရင်တော့ ပိုကောင်းတာပေါ့” ဟု အမှတ်(၉)ရပ်ကွက် မှ ဦးသောင်းထွန်းက ပြောသည်။
ဆီဆိုင်ငယ်များမှာ လူနေရပ်ကွက်များအတွင်း အများအပြား ဖွင့်လှစ်လာကြခြင်းကြောင့် မီးဘေးအန္တရာယ် အတွက် စိုးရိမ်ရသည့် အပြင် လက်လုပ်ဗုံးနှင့် လာရောက်ပစ်ခတ်မှု နှစ်ကြိမ်တိုင်တိုင်ဖြစ်ပွားခဲ့သောကြောင့် ယင်းကဲ့သို့ အန္တရာယ်ကိုလည်း စိုးရိမ်နေရကြောင်း ဒေသခံများက ဆိုသည်။
သတင်း - နဖြေိုးမြင့်
 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~