ေက်ာက္မဲၿမိဳ႕နယ္အတြင္း သားသတ္လုပ္ငန္းႏွင့္ အသားထုတ္လုပ္ခြင့္လိုင္စင္ မတ္လ(၂၀)တြင္ ေရာင္းခ်မည္

ေက်ာက္မဲၿမိဳ႕နယ္အတြင္း သားသတ္လုပ္ငန္းႏွင့္ အသားထုတ္လုပ္ခြင့္လိုင္စင္ မတ္လ(၂၀)တြင္ ေရာင္းခ်မည္
မတ် 19, 2017
By Tachileik News Agency
ရွမ္းျပည္နယ္(ေျမာက္ပိုင္း) ေက်ာက္မဲၿမိဳ႕နယ္ မိုင္းေငါ့ၿမိဳ႕ႏွင့္ မိုင္းလံုၿမိဳ႕မ်ားအတြက္ ၂၀၁၇-၂၀၁၈ ဘ႑ာေရးႏွစ္အတြင္း သားသတ္ လုပ္ငန္းမ်ားအား အသားထုတ္လုပ္ ေရာင္းခ်ခြင့္လိုင္စင္မ်ားကုိ မတ္လ (၂၀)ရက္ ေန႔တြင္ ေက်ာက္မဲၿမိဳ႕စည္ပင္သာယာေရးဌာန၌ ေရာင္းခ်မည္ျဖစ္ေၾကာင္း သိရသည္။
“လုပ္ကိုင္ခြင့္ခ်ထားေပးတာကိုေတာ့ မတ္လ (၂၀)ရက္ေန႔မွာ ၿမိဳ႕နယ္စည္ပင္သာယာေရးဌာန အစည္းအေဝး ခန္းမမွာ ျပဳလုပ္သြားမွာျဖစ္ပါတယ္။ ေလွ်ာက္လႊာတင္ဖို႔အတြက္ လိုအပ္ခ်က္ေတြကို ေၾကညာေပးထားပါတယ္။ မတ္လ (၁၉) ရက္ေန႔ ေနာက္ဆံုးထားၿပီး ၿမိဳ႕နယ္စည္ပင္သာယာေရးဌာနမွာ လာေရာက္တင္သြင္းရမွာ ျဖစ္ပါတယ္” ဟု ေက်ာက္မဲၿမိဳ႕စည္ပင္သာယာေရး ဌာနမွ လက္ေထာက္ ညႊန္ၾကားေရးမွဴး ဦးျမတ္ခန္႔ေအးက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။
တစ္ႏွစ္တာ အသားထုတ္လုပ္ေရာင္းခ်ခြင့္အတြက္ ေက်ာက္မဲၿမိဳ႕နယ္အတြင္းရွိ သားသတ္လုပ္ငန္း (အမည္) (၁၃) ခုႏွင့္ လုပ္ငန္းအလုိက္ေပးသြင္းရမည့္ အာမခံေငြတန္ဖိုးမ်ား၊ မိုင္းေငါ့ၿမိဳ႕အတြင္းရွိ လုပ္ငန္း(အမည္) (၄)ခုႏွင့္ ေပးသြင္းရမည့္ အာမခံေငြတန္ဖိုးမ်ား၊ မိုင္းလုံၿမိဳ႕အတြင္းရွိ သားသတ္လုပ္ငန္း (အမည္) (၅)ခုႏွင့္ ေပးသြင္းရမည့္ အာမခံေငြတန္ဖိုးမ်ားအား ေၾကညာခ်က္မ်ားထုတ္ျပန္ထားေပးၿပီး ျဖစ္ေၾကာင္း သိရသည္။
သတင္း - ေနၿဖဳိးျမင့္
~~~~~~~~⊰❂ unicode ~~~~~~~~
ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲမြို့နယ် မိုင်းငေါ့မြို့နှင့် မိုင်းလုံမြို့များအတွက် ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်အတွင်း သားသတ် လုပ်ငန်းများအား အသားထုတ်လုပ် ရောင်းချခွင့်လိုင်စင်များကို မတ်လ (၂၀)ရက် နေ့တွင် ကျောက်မဲမြို့စည်ပင်သာယာရေးဌာန၌ ရောင်းချမည်ဖြစ်ကြောင်း သိရသည်။
“လုပ်ကိုင်ခွင့်ချထားပေးတာကိုတော့ မတ်လ (၂၀)ရက်နေ့မှာ မြို့နယ်စည်ပင်သာယာရေးဌာန အစည်းအဝေး ခန်းမမှာ ပြုလုပ်သွားမှာဖြစ်ပါတယ်။ လျှောက်လွှာတင်ဖို့အတွက် လိုအပ်ချက်တွေကို ကြေညာပေးထားပါတယ်။ မတ်လ (၁၉) ရက်နေ့ နောက်ဆုံးထားပြီး မြို့နယ်စည်ပင်သာယာရေးဌာနမှာ လာရောက်တင်သွင်းရမှာ ဖြစ်ပါတယ်” ဟု ကျောက်မဲမြို့စည်ပင်သာယာရေး ဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး ဦးမြတ်ခန့်အေးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
တစ်နှစ်တာ အသားထုတ်လုပ်ရောင်းချခွင့်အတွက် ကျောက်မဲမြို့နယ်အတွင်းရှိ သားသတ်လုပ်ငန်း (အမည်) (၁၃) ခုနှင့် လုပ်ငန်းအလိုက်ပေးသွင်းရမည့် အာမခံငွေတန်ဖိုးများ၊ မိုင်းငေါ့မြို့အတွင်းရှိ လုပ်ငန်း(အမည်) (၄)ခုနှင့် ပေးသွင်းရမည့် အာမခံငွေတန်ဖိုးများ၊ မိုင်းလုံမြို့အတွင်းရှိ သားသတ်လုပ်ငန်း (အမည်) (၅)ခုနှင့် ပေးသွင်းရမည့် အာမခံငွေတန်ဖိုးများအား ကြေညာချက်များထုတ်ပြန်ထားပေးပြီး ဖြစ်ကြောင်း သိရသည်။
သတင်း - နဖြေိုးမြင့်
 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~