တာချီလိတ်တွင် စည်ပင်၏ သားသတ်ခြင်းနှင့် အသားထုတ်လုပ် ရောင်းချခြင်း လုပ်ငန်းလိုင်စင်များကို မတ်လ (၂၀) နောက်ဆုံးထား လျှောက်ထားနိုင်

တာချီလိတ်တွင် စည်ပင်၏ သားသတ်ခြင်းနှင့် အသားထုတ်လုပ် ရောင်းချခြင်း လုပ်ငန်းလိုင်စင်များကို မတ်လ (၂၀) နောက်ဆုံးထား လျှောက်ထားနိုင်
မတျ 16, 2017
By Tachileik News Agency
သားသတ် ခေါင်းခွန်များကို အသားအမျိုးအစား အလိုက်အနေဖြင့် ကျွဲ/နွား (၁)ကောင်လျှင် သားသတ် ခေါင်းခွန် အဖြစ် (၁၀၀၀၀)ကျပ်၊ ၀က် (၁)ကောင်လျှင် သားသတ် ခေါင်းခွန် အဖြစ် (၇၀၀၀)ကျပ် နှင့် သိုး/ဆိတ် (၁)ကောင်လျှင် သားသတ်ခေါင်းခွန် အဖြစ် (၅၀၀၀)ကျပ်  အသီးသီး ခွဲခြား သတ်မှတ်ထားကြောင်း သိရသည်။
သက်ဆိုင်ရာ မြို့နယ်/မြို့၊ ကျေးရွာအုပ်စုများအလိုက် သားသတ်ခြင်းနှင့် အသားထုတ်လုပ်ဖြန့်ဖြူး ရောင်းချသူများ အနေဖြင့် လျှောက်လွှာစိစစ်သည့်နေ့တွင် အာမခံတင်သွင်းငွေများကို တပါတည်း ပေးသွင်းရမည်ဖြစ်ပြီး လိုင်စင်ရရှိပြီးပါက ဘဏ္ဍာရေးနှစ်ကုန်ဆုံးချိန်အထိ စည်းကမ်းနှင့်အညီ လုပ်ငန်း ဆောင်ရွက်သူ၊ ဘဏ္ဍာရေးနှစ်ကုန်သည်အထိ လုပ်ငန်းဆောင်ရွက်သူများကိုသာ ဘဏ္ဍာနှစ်အကုန်တွင် အဆိုပါအာမခံငွေအား ပြန်လည်ထုတ်ပေးမည်ဖြစ်ကြောင်း သိရသည်။
~~~~~~~~⊰❂ unicode ~~~~~~~~
ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မြို့နယ်အတွင်း အသားရောင်းချခွင့်အတွက် သားသတ်ခြင်းနှင့် အသားထုတ်လုပ် ရောင်းချခြင်း လုပ်ငန်းဆောင်ရွက်ခွင့် လိုင်စင်များအတွက် မတ်လ (၂၀) ရက်နေ့ နောက်ဆုံးထား၍ တာချီလိတ်မြို့နယ်စည်ပင်သာယာရေး ကော်မတီရုံးတွင် လာရောက်၍ လျှောက်လွှာ တင်ရမည် ဖြစ်ကြောင်း သိရသည်။

၂၀၁၇ -၂၀၁၈ ဘဏ္ဍာရေးနှစ်အတွက် တစ်နှစ် လုပ်ပိုင်ခွင့် သက်တမ်းပေးမည့် အဆိုပါ လိုင်စင်များကို တာချီလိတ်မြို့နယ် စည်ပင်သာယာရေး ကော်မတီရုံးတွင် မတ်လ (၂၁) ရက်နေ့ နံနက်(၁၀)နာရီ၌ ထုတ်ပေးမည် ဖြစ်ကြောင်း သိရသည်။

သားသတ် ခေါင်းခွန်များကို အသားအမျိုးအစား အလိုက်အနဖြေင့် ကျွဲ/နွား (၁)ကောင်လျှင် သားသတ် ခေါင်းခွန် အဖြစ် (၁၀၀၀၀)ကျပ်၊ ဝက် (၁)ကောင်လျှင် သားသတ် ခေါင်းခွန် အဖြစ် (၇၀၀၀)ကျပ် နှင့် သိုး/ဆိတ် (၁)ကောင်လျှင် သားသတ်ခေါင်းခွန် အဖြစ် (၅၀၀၀)ကျပ် အသီးသီး ခွဲခြား သတ်မှတ်ထားကြောင်း သိရသည်။

သက်ဆိုင်ရာ မြို့နယ်/မြို့၊ ကျေးရွာအုပ်စုများအလိုက် သားသတ်ခြင်းနှင့် အသားထုတ်လုပ်ဖြန့်ဖြူး ရောင်းချသူများ အနဖြေင့် လျှောက်လွှာစိစစ်သည့်နေ့တွင် အာမခံတင်သွင်းငွေများကို တပါတည်း ပေးသွင်းရမည်ဖြစ်ပြီး လိုင်စင်ရရှိပြီးပါက ဘဏ္ဍာရေးနှစ်ကုန်ဆုံးချိန်အထိ စည်းကမ်းနှင့်အညီ လုပ်ငန်း ဆောင်ရွက်သူ၊ ဘဏ္ဍာရေးနှစ်ကုန်သည်အထိ လုပ်ငန်းဆောင်ရွက်သူများကိုသာ ဘဏ္ဍာနှစ်အကုန်တွင် အဆိုပါအာမခံငွေအား ပြန်လည်ထုတ်ပေးမည်ဖြစ်ကြောင်း သိရသည်။

သားသတ်လုပ်ငန်းဆောင်ရွက်ခွင့်နှင့်အသားထုတ်လုပ်ဖြန့်ဖြူးရောင်းချခွင့်လက်မှတ် ဆောင်ရွက်လိုခြင်းနှင့် ပတ်သက်၍ တာချီလိတ်မြို့နယ် စည်ပင်သာယာရေးဌာနရုံး ( 084-51974၊ 084-51035 )သို့ ရုံးဖွင့်ချိန်များတွင် စုံစမ်းနိုင်မှာ ဖြစ်ကြောင်း သိရှိရသည်။

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~