နမ့္ဆန္ၿမိဳ႕နယ္ ကုယားလမ္းရြာတြင္ ဘုရားမီးပူေဇာ္ရာမွ ေနအိမ္ (၁၁)လံုးမီးေလာင္ကၽြမ္း

နမ့္ဆန္ၿမိဳ႕နယ္ ကုယားလမ္းရြာတြင္ ဘုရားမီးပူေဇာ္ရာမွ ေနအိမ္ (၁၁)လံုးမီးေလာင္ကၽြမ္း
မတ် 30, 2017
By 🌸

ရွမ္းျပည္နယ္ေျမာက္ပိုင္း နမ့္ဆန္ၿမိဳ႕နယ္ ကုယားလမ္းရြာတြင္ မတ္လ (၃၀) ရက္ေန႔ နံနက္ (၉ )နာရီခန္႔က ဘုရားမီးပူေဇာ္ရာမွ မီးေလာင္မႈျဖစ္ပြားခဲ့ရာ လူေနအိမ္ (၁၁) လံုးမီးေလာင္ကြ်မ္းသြားခဲ့ၿပီး ပ်က္စီးဆံုးရႈံးမႈတန္ဖိုး က်ပ္ (၉၆)သိန္းေက်ာ္ရွိေၾကာင္း ၿမိဳ႕နယ္မီးသတ္ဦးစီးဌာနမွ သိရသည္။

“ကုယားလမ္းေက်းရြာက လူေနအိမ္တစ္ခုမွာ ဘုရားမီးပူေဇာ္ရာကေနၿပီးေတာ့ မီးစတင္ေလာင္ကၽြမ္းခဲ့တာပါ။ မီးသတ္ဦးစီးဌာနက တပ္ဖြဲ႔ဝင္ (၁၁) ဦး ၊ သေႏၶမီးသတ္ တပ္ဖြဲ႔ဝင္( ၁၁) ဦးနဲ႔ ဝိုင္းဝန္းၿငိမ္းသတ္လိုက္ရာမွာ ေန႔လယ္ (၁၁ )နာရီဝန္းက်င္မွာ လံုးဝမီးၿငိမ္းသြားခဲ့ပါတယ္။ မီးေလာင္မႈေၾကာင့္ ပ်က္စီးဆံုးရႈံးမႈရွိခဲ့ေပမဲ့ လူအေသအေပ်ာက္ေတာ့ မရွိခဲ့ပါဘူး”ဟု နမ့္ဆန္ၿမိဳ႕ ၿမိဳ႕နယ္မီးသတ္ဦးစီးဌာနမွ ၿမိဳ႕နယ္မီးသတ္ဦးစီးမွဴး ဦးသန္႔ေဇာ္မိုးက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

မီးေလာင္မႈျဖစ္ပြားရာ ကုယားလမ္းေက်းရြာအတြင္း မီးသတ္ယာဥ္မ်ားဝင္ေရာက္ရန္ အဆင္မေျပသည့္အတြက္ မီးသတ္စက္ငယ္မ်ားျဖင့္သာ လူအင္အားအသံုးျပဳ၍ ၿငိမ္းသတ္ခဲ့ရျခင္းျဖစ္ေၾကာင္း သိရသည္။
မီးစတင္ေလာင္ကြ်မ္းခဲ့သည့္ ေနအိမ္ပိုင္ရွင္အား မီးေပါ့ဆမႈျဖင့္ အမႈဖြင့္အေရးယူရန္ ေဆာင္ရြက္လွ်က္ ရွိေၾကာင္း သိရသည္။

သတင္း #ေနၿဖိဳးျမင့္

~~~~~~~~⊰❂ unicode ~~~~~~~~
နမ့်ဆန်မြို့နယ် ကုယားလမ်းရွာတွင် ဘုရားမီးပူဇော်ရာမှ နေအိမ် (၁၁)လုံးမီးလောင်ကျွမ်း
************

ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ဆန်မြို့နယ် ကုယားလမ်းရွာတွင် မတ်လ (၃၀) ရက်နေ့ နံနက် (၉ )နာရီခန့်က ဘုရားမီးပူဇော်ရာမှ မီးလောင်မှုဖြစ်ပွားခဲ့ရာ လူနေအိမ် (၁၁) လုံးမီးလောင်ကျွမ်းသွားခဲ့ပြီး ပျက်စီးဆုံးရှုံးမှုတန်ဖိုး ကျပ် (၉၆)သိန်းကျော်ရှိကြောင်း မြို့နယ်မီးသတ်ဦးစီးဌာနမှ သိရသည်။

“ကုယားလမ်းကျေးရွာက လူနေအိမ်တစ်ခုမှာ ဘုရားမီးပူဇော်ရာကနေပြီးတော့ မီးစတင်လောင်ကျွမ်းခဲ့တာပါ။ မီးသတ်ဦးစီးဌာနက တပ်ဖွဲ့ဝင် (၁၁) ဦး ၊ သန္ဓေမီးသတ် တပ်ဖွဲ့ဝင်( ၁၁) ဦးနဲ့ ဝိုင်းဝန်းငြိမ်းသတ်လိုက်ရာမှာ နေ့လယ် (၁၁ )နာရီဝန်းကျင်မှာ လုံးဝမီးငြိမ်းသွားခဲ့ပါတယ်။ မီးလောင်မှုကြောင့် ပျက်စီးဆုံးရှုံးမှုရှိခဲ့ပေမဲ့ လူအသေအပျောက်တော့ မရှိခဲ့ပါဘူး”ဟု နမ့်ဆန်မြို့ မြို့နယ်မီးသတ်ဦးစီးဌာနမှ မြို့နယ်မီးသတ်ဦးစီးမှူး ဦးသန့်ဇော်မိုးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

မီးလောင်မှုဖြစ်ပွားရာ ကုယားလမ်းကျေးရွာအတွင်း မီးသတ်ယာဉ်များဝင်ရောက်ရန် အဆင်မပြေသည့်အတွက် မီးသတ်စက်ငယ်များဖြင့်သာ လူအင်အားအသုံးပြု၍ ငြိမ်းသတ်ခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။
မီးစတင်လောင်ကျွမ်းခဲ့သည့် နေအိမ်ပိုင်ရှင်အား မီးပေါ့ဆမှုဖြင့် အမှုဖွင့်အရေးယူရန် ဆောင်ရွက်လျှက် ရှိကြောင်း သိရသည်။

သတင်း #နေဖြိုးမြင့်


 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~