မိုင္းယု နမ့္ေလြေခ်ာင္းအတြင္း တရုတ္အမ်ဳိးသား အေလာင္း ေမ်ာပါလာ

မိုင္းယု နမ့္ေလြေခ်ာင္းအတြင္း တရုတ္အမ်ဳိးသား အေလာင္း ေမ်ာပါလာ
မတ် 12, 2017
By Tachileik News Agency
ရွမ္းျပည္နယ္(အေရွ႕ပိုင္း)၊ တာခ်ီလိတ္ခရိုင္၊ မိုင္းယုၿမိဳ႕ရွိ နမ့္ေလြေခ်ာင္းအတြင္း ေသဆံုးေနသည့္ အမ်ဳိးသား အေလာင္းတစ္ေလာင္း ေမ်ာပါတင္ရွိေနမွဳအားစစ္ေဆးရာမွ ေသဆံုးေနသူမွာ တရုတ္လူမ်ဳိး ျဖစ္ေနေၾကာင္း သိရသည္။

မိုင္းယုၿမိဳ႕ရွိ နမ့္ေလြေခ်ာင္းတံတားေအာက္ (၁)မိုင္ခန္႔ အကြာတြင္ ေမ်ာပါတင္ရွိေနသည့္ အမ်ဳိးသားအေလာင္း တစ္ေလာင္းႏွင့္ ပတ္သက္၍ သက္ဆိုင္ရာ တာ၀န္ရွိသူမ်ားက မတ္လ(၁၂)ရက္ေန႔ ေန႔လယ္(၁၂)နာရီခြဲ၀န္းက်င္က သြားေရာက္ စစ္ေဆးရာ အသက္(၄၅)ႏွစ္အရြယ္၀န္းက်င္ရွိ တရုတ္လူမ်ဳိး ျဖစ္ေနေၾကာင္း သိရသည္။

ေမ်ာပါလာသည့္ အဆိုပါ အေလာင္းသည္ အထူးေဒသ(၄) က်ိန္းယဲန္းတစ္ဖက္ကမ္းမွ အေလာင္းျဖစ္၍ အထူးေဒသ(၄) နမ့္ပန္းရဲဌာနမွ စခန္းမွဴး ေစာနအဖြဲ႔မွ ေန႔လယ္(၂)နာရီခြဲ၀န္းက်င္က အထူးေဒသ(၄)နမ့္ပန္းသို႔ သယ္ေဆာင္သြားေၾကာင္း သိရွိရသည္။

~~~~~~~~⊰❂ unicode ~~~~~~~~
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းယုမြို့ရှိ နမ့်လွေချောင်းအတွင်း သေဆုံးနေသည့် အမျိုးသား အလောင်းတစ်လောင်း မျောပါတင်ရှိနေမှုအားစစ်ဆေးရာမှ သေဆုံးနေသူမှာ တရုတ်လူမျိုး ဖြစ်နေကြောင်း သိရသည်။

မိုင်းယုမြို့ရှိ နမ့်လွေချောင်းတံတားအောက် (၁)မိုင်ခန့် အကွာတွင် မျောပါတင်ရှိနေသည့် အမျိုးသားအလောင်း တစ်လောင်းနှင့် ပတ်သက်၍ သက်ဆိုင်ရာ တာဝန်ရှိသူများက မတ်လ(၁၂)ရက်နေ့ နေ့လယ်(၁၂)နာရီခွဲဝန်းကျင်က သွားရောက် စစ်ဆေးရာ အသက်(၄၅)နှစ်အရွယ်ဝန်းကျင်ရှိ တရုတ်လူမျိုး ဖြစ်နေကြောင်း သိရသည်။

မျောပါလာသည့် အဆိုပါ အလောင်းသည် အထူးဒေသ(၄) ကျိန်းယဲန်းတစ်ဖက်ကမ်းမှ အလောင်းဖြစ်၍ အထူးဒေသ(၄) နမ့်ပန်းရဲဌာနမှ စခန်းမှူး စောနအဖွဲ့မှ နေ့လယ်(၂)နာရီခွဲဝန်းကျင်က အထူးဒေသ(၄)နမ့်ပန်းသို့ သယ်ဆောင်သွားကြောင်း သိရှိရသည်။

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~