တာခ်ီလိတ္ၿမိဳ႕ ျပည္ခိုင္ၿဖဳိးပါတီရံုးတြင္ အေျခခံ ေမာ္ေတာ္ဆိုင္ကယ္ျပဳျပင္ေရးသင္တန္း အခမဲ့ သင္ၾကားေပးသြားမည္၊ မည္သူမဆို စာရင္းေပးသြင္းႏိုင္

တာခ်ီလိတ္ၿမိဳ႕ ျပည္ခိုင္ၿဖဳိးပါတီရံုးတြင္ အေျခခံ ေမာ္ေတာ္ဆိုင္ကယ္ျပဳျပင္ေရးသင္တန္း အခမဲ့ သင္ၾကားေပးသြားမည္၊ မည္သူမဆို စာရင္းေပးသြင္းႏိုင္
မတ် 17, 2017
By Tachileik News Agency
တာခ်ီလိတ္ၿမိဳ႕ ျပည္ေထာင္စုႀကံ႕ခိုင္ေရးႏွင့္ဖြံ႔ၿဖဳိးေရးပါတီက ဦးစီးကာ ထိုင္းႏိုင္ငံ အိမ္တြင္းမႈအသက္ေမြး သင္တန္းေက်ာင္းဆရာမ်ားႏွင့္ ပူးေပါင္း၍ အေျခခံ ေမာ္ေတာ္ဆိုင္ကယ္ျပဳျပင္ေရးသင္တန္းအား လူဦးေရ အကန္႔အသတ္ျဖင့္ အခမဲ့ သင္ၾကာေပးမွာ ျဖစ္သည့္အတြက္ စိတ္၀င္စားသူ မည္သူမဆို လာေရာက္၍ ႀကိဳတင္စာရင္းေပးသြင္းႏိုင္မွာ ျဖစ္ေၾကာင္း တာခ်ီလိတ္ၿမိဳ႕နယ္ျပည္ခိုင္ၿဖဳိးပါတီရံုးမွ သိရသည္။
"သင္တန္းကာလအတြင္းမွာ ဆိုင္ကယ္ေတြကို အခမဲ့ ျပင္ေပးမယ္၊ အင္ဂ်င္၀ိုင္လဲမယ္ဆိုရင္လည္း အင္ဂ်င္၀ိုင္၀ယ္လာေပါ့၊ လက္ခ မယူဘဲ အခမဲ့ လဲေပးတာတို႔၊ ဘီးေပါက္ရင္ အခမဲ့ ဖာေပးတာတို႔လည္း ျပဳလုပ္ေပးသြားၿပီး သင္တန္းသားေတြကို ထိုင္းက သင္တန္းဆင္းလက္မွတ္ ေပးမယ္လို႔ ေျပာပါတယ္"ဟု တာခ်ီလိတ္ၿမိဳ႕နယ္ျပည္ခိုင္ၿဖဳိးပါတီမွ ဦးစိုးေက်ာ္ေအာင္က ေျပာသည္။
အဆိုပါ သင္တန္းအား ၂၀၁၇ခုႏွစ္ မတ္လ(၂၄)ရက္ေန႔မွ ဧၿပီလ(၂)ရက္ေန႔အထိ (၁၀)ရက္တိတိ တာခ်ီလိတ္ၿမိဳ႕ မကာဟိုခမ္းရပ္ကြက္ရွိ ျပည္ခိုင္ၿဖဳိးပါတီရံုးတြင္ ဖြင့္လွစ္သင္ၾကားေပးမွာ ျဖစ္ေၾကာင္း သိရသည္။
ယင္းသင္တန္းအား တက္ေရာက္လိုသူမ်ားအေနျဖင့္ မတ္လ(၂၂)ရက္ေန႔ ေနာက္ဆံုးထားကာ  အဆိုပါ ရံုးသို႔ လာေရာက္၍ စာရင္းေပးသြင္းရန္ လိုအပ္မွာ ျဖစ္ေၾကာင္း ႏွင့္ သင္တန္းကာလအတြင္း ေန႔လယ္စာ ေကြ်းေမြးသြားမည္ ျဖစ္ၿပီး သင္တန္းသား ဦးေရ (၂၅)ဦးကိုသာ လက္ခံသင္ၾကားေပးသြားမွာ ျဖစ္ေၾကာင္း သိရွိရသည္
~~~~~~~~⊰❂ unicode ~~~~~~~~
တာချီလိတ်မြို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီက ဦးစီးကာ ထိုင်းနိုင်ငံ အိမ်တွင်းမှုအသက်မွေး သင်တန်းကျောင်းဆရာများနှင့် ပူးပေါင်း၍ အခြေခံ မော်တော်ဆိုင်ကယ်ပြုပြင်ရေးသင်တန်းအား လူဦးရေ အကန့်အသတ်ဖြင့် အခမဲ့ သင်ကြာပေးမှာ ဖြစ်သည့်အတွက် စိတ်ဝင်စားသူ မည်သူမဆို လာရောက်၍ ကြိုတင်စာရင်းပေးသွင်းနိုင်မှာ ဖြစ်ကြောင်း တာချီလိတ်မြို့နယ်ပြည်ခိုင်ဖြိုးပါတီရုံးမှ သိရသည်။

"သင်တန်းကာလအတွင်းမှာ ဆိုင်ကယ်တွေကို အခမဲ့ ပြင်ပေးမယ်၊ အင်ဂျင်ဝိုင်လဲမယ်ဆိုရင်လည်း အင်ဂျင်ဝိုင်ဝယ်လာပေါ့၊ လက်ခ မယူဘဲ အခမဲ့ လဲပေးတာတို့၊ ဘီးပေါက်ရင် အခမဲ့ ဖာပေးတာတို့လည်း ပြုလုပ်ပေးသွားပြီး သင်တန်းသားတွေကို ထိုင်းက သင်တန်းဆင်းလက်မှတ် ပေးမယ်လို့ ပြောပါတယ်"ဟု တာချီလိတ်မြို့နယ်ပြည်ခိုင်ဖြိုးပါတီမှ ဦးစိုးကျော်အောင်က ပြောသည်။

အဆိုပါ သင်တန်းအား ၂၀၁၇ခုနှစ် မတ်လ(၂၄)ရက်နေ့မှ ဧပြီလ(၂)ရက်နေ့အထိ (၁၀)ရက်တိတိ တာချီလိတ်မြို့ မကာဟိုခမ်းရပ်ကွက်ရှိ ပြည်ခိုင်ဖြိုးပါတီရုံးတွင် ဖွင့်လှစ်သင်ကြားပေးမှာ ဖြစ်ကြောင်း သိရသည်။

ယင်းသင်တန်းအား တက်ရောက်လိုသူများအနဖြေင့် မတ်လ(၂၂)ရက်နေ့ နောက်ဆုံးထားကာ အဆိုပါ ရုံးသို့ လာရောက်၍ စာရင်းပေးသွင်းရန် လိုအပ်မှာ ဖြစ်ကြောင်း နှင့် သင်တန်းကာလအတွင်း နေ့လယ်စာ ကျွေးမွေးသွားမည် ဖြစ်ပြီး သင်တန်းသား ဦးရေ (၂၅)ဦးကိုသာ လက်ခံသင်ကြားပေးသွားမှာ ဖြစ်ကြောင်း သိရှိရသည်

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~