မိုင္းတံုၿမိဳ႕နယ္ ေႏြရာသီအားကစားသင္တန္းဆင္း လူငယ္ (၈၇)ဦးအား သင္တန္းဆင္း လက္မွတ္မ်ား ခ်ီးျမႇင့္

မိုင္းတံုၿမိဳ႕နယ္ ေႏြရာသီအားကစားသင္တန္းဆင္း လူငယ္ (၈၇)ဦးအား သင္တန္းဆင္း လက္မွတ္မ်ား ခ်ီးျမႇင့္
မတ် 16, 2017
By Tachileik News Agency
ရွမ္းျပည္နယ္အေရွ႕ပိုင္း၊ မိုင္းဆတ္ခ႐ုိင္၊ မိုင္းတံုၿမိဳ႕နယ္ အားကစားႏွင့္ ကာယပညာ ဦးစီးဌာနမွႀကီးမွဴး၍ ေႏြရာသီလူငယ္ အေျခခံေဘာလံုး၊ ပုိက္ေက်ာ္ျခင္းႏွင့္ ၾကက္ေတာင္႐ုိက္ အားကစား သင္တန္းသား (၈၇)ဦးအား မတ္လ (၁၆)ရက္ေန႔က သင္တန္းဆင္း လက္မွတ္မ်ား ခ်ီးျမႇင့္ေၾကာင္း သိရသည္။
" ေႏြရာသီ ေက်ာင္းပိတ္ရက္မွာ ေက်ာင္းသား လူငယ္ေတြ အခ်ိန္ကုိ အက်ိဳးရိွစြာ အသုံးခ်ႏိုင္ဖို႔ရယ္ ကုိယ္ကာယ ၾက့ံခိုင္ၿပီး နည္းစနစ္ မွန္ကန္စြာ ကစားတတ္တ့ဲ အားကစား လူငယ္ေမာင္မယ္ေတြ ေပၚထြက္လာေစဖို႔ ရည္ရြယ္ၿပီး ဦးစီးဌာနရဲ႕ ပ့ံပုိးကူညီမွဳနဲ႔ ေဒသခံေတြရဲ႕ အားေပးကူညီမွဳေတြ ေပါင္းစပ္ ေဆာင္ရြက္ေပးခ့ဲတာပါ"ဟု မိုင္းတံုၿမိဳ႕နယ္ အားကစားနည္းစနစ္မွဴး ဦးေအာင္ကုိကုိက ဆိုသည္။
ေႏြရာသီသင္တန္းမ်ား အျဖစ္ ေဘာလံုး၊ ပိုက္ေက်ာ္ျခင္းႏွင့္ ၾကက္ေတာင္ အားကစား သင္တန္းမ်ားအား မတ္လ (၁)ရက္မွ (၁၅)ရက္ေန႔အထိ သင္ၾကားေပးျခင္းျဖစ္ၿပီး ေဘာလံုးအားကစား သင္တန္းသား(၇၃)ဦး၊ ပုိက္ေက်ာ္ျခင္း သင္တန္းသား(၁၀)ဦးႏွင့္ ၾကက္ေတာင္႐ုိက္သင္တန္းသူ(၄)ဦး စုစုေပါင္း(၈၇)ဦး တက္ေရာက္ျခင္း ျဖစ္ေၾကာင္း သိရသည္။
သင္တန္းဆင္းလက္မွတ္မ်ားအား  ျပည္နယ္လႊတ္ေတာ္ကုိယ္စားလွယ္ ဦးေစာမူးလာ မိုင္းတံုၿမိဳ႕နယ္ အုပ္ခ်ဳပ္ေရးမွဴး ဦးထြန္းဆန္းဝင္း၊ ၿမိဳ႕နယ္ရဲတပ္ဖြ႔ဲမွဴး ရဲမႇဴး ေသာမတ္၊၊ ျပန္ၾကားေရးႏွင့္ ျပည္သူ႔ဆက္ဆံေရး ဦးစီးဌာနမွဴး ေဒၚဝင္းဝင္းခိုင္တို႔က ေပးအပ္ၾကေၾကာင္း သိရသည္။
သတင္း/ဓာတ္ပံု - ေအာင္ေဇယ်


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းဆတ်ခရိုင်၊ မိုင်းတုံမြို့နယ် အားကစားနှင့် ကာယပညာ ဦးစီးဌာနမှကြီးမှူး၍ နွေရာသီလူငယ် အခြေခံဘောလုံး၊ ပိုက်ကျော်ခြင်းနှင့် ကြက်တောင်ရိုက် အားကစား သင်တန်းသား (၈၇)ဦးအား မတ်လ (၁၆)ရက်နေ့က သင်တန်းဆင်း လက်မှတ်များ ချီးမြှင့်ကြောင်း သိရသည်။

" နွေရာသီ ကျောင်းပိတ်ရက်မှာ ကျောင်းသား လူငယ်တွေ အချိန်ကို အကျိုးရှိစွာ အသုံးချနိုင်ဖို့ရယ် ကိုယ်ကာယ ကြံ့ခိုင်ပြီး နည်းစနစ် မှန်ကန်စွာ ကစားတတ်တဲ့ အားကစား လူငယ်မောင်မယ်တွေ ပေါ်ထွက်လာစေဖို့ ရည်ရွယ်ပြီး ဦးစီးဌာနရဲ့ ပံ့ပိုးကူညီမှုနဲ့ ဒေသခံတွေရဲ့ အားပေးကူညီမှုတွေ ပေါင်းစပ် ဆောင်ရွက်ပေးခဲ့တာပါ"ဟု မိုင်းတုံမြို့နယ် အားကစားနည်းစနစ်မှူး ဦးအောင်ကိုကိုက ဆိုသည်။

နွေရာသီသင်တန်းများ အဖြစ် ဘောလုံး၊ ပိုက်ကျော်ခြင်းနှင့် ကြက်တောင် အားကစား သင်တန်းများအား မတ်လ (၁)ရက်မှ (၁၅)ရက်နေ့အထိ သင်ကြားပေးခြင်းဖြစ်ပြီး ဘောလုံးအားကစား သင်တန်းသား(၇၃)ဦး၊ ပိုက်ကျော်ခြင်း သင်တန်းသား(၁၀)ဦးနှင့် ကြက်တောင်ရိုက်သင်တန်းသူ(၄)ဦး စုစုပေါင်း(၈၇)ဦး တက်ရောက်ခြင်း ဖြစ်ကြောင်း သိရသည်။

သင်တန်းဆင်းလက်မှတ်များအား ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးစောမူးလာ မိုင်းတုံမြို့နယ် အုပ်ချုပ်ရေးမှူး ဦးထွန်းဆန်းဝင်း၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး သောမတ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှူး ဒေါ်ဝင်းဝင်းခိုင်တို့က ပေးအပ်ကြကြောင်း သိရသည်။

သတင်း/ဓာတ်ပုံ - အောင်ဇေယျ

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~