မိုင်းဆတ်မြို့ နမ့်ခုတ်ချောင်းရေအားလျှပ်စစ်စီမံကိန်း စတင်ရန် ခွင့်ပြုချက် စောင့်ဆိုင်းနေ

မိုင်းဆတ်မြို့ နမ့်ခုတ်ချောင်းရေအားလျှပ်စစ်စီမံကိန်း စတင်ရန် ခွင့်ပြုချက် စောင့်ဆိုင်းနေ
မတျ 17, 2017
By Tachileik News Agency
အဆိုပါ စီမံကိန်းလုပ်ဆောင်မည့် SUNTAC POWER ကုမ္ပဏီက မတ်လ (၁၀)ရက်နေ့တွင် မိုင်းဆတ်မြို့ရှိ ဌာနဆိုင်ရာများ၊ ဒေသခံပြည်သူများအား ရေအားလျှပ်စစ်စီမံကိန်း၏ ပတ်ဝန်းကျင် ထိခိုက်မှုဆန်းစစ်ခြင်း ( Enviromental Impact Assessment -EIA ) လုပ်ငန်းဆိုင်ရာ ကိစ္စရပ်များ၊ လေ့လာမှုမှ ရရှိသော အချက်အလက်များကို ရှင်းလင်း တင်ပြခြင်းနှင့် သဘောထားအမြင်များ နှီးနှောဖလှယ်ခဲ့ကြောင်း သိရသည်။
အဆိုပါ ရေအားလျှပ်စစ်စီမံကိန်းသည် ရေဝေရေလွှဲဧရိယာ (၁၁၇၉) စတုရန်းကီလိုမီတာရှိပြီး တမံအမြင့် (၇၀) မီတာ၊ တမံအလျား (၂၇၆) ဒဿမ (၂၂) မီတာ၊ ရေလွှဲဥမင်အချင်း (၆) မီတာ၊ အလျား (၃၆၀) မီတာ၊ ရေတံခါး (၅) ခုဖြင့် ကွန်ကရစ်တမံ အမျိုးအစား တည်ဆောက်မည်ဖြစ်ပြီး မိုင်းဆတ်မြို့နယ်နှင့် အနီးပတ်ဝန်းကျင် ကျေးရွာများသို့ အစိုးရ သတ်မှတ်သည့် မီတာခနှုန်းထားဖြင့် ဖြန့်ဝေမည်ဟု SUNTAC POWER ကုမ္မဏီမှ ရှင်းလင်းသည်။


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်မြို့နယ်၊ ရေပူစမ်းကျေးရွာအနီး နမ့်ခုတ်ချောင်းပေါ်တွင် (၃၀) မဂ္ဂါဝပ် ရေအားလျှပ်စစ် စီမံကိန်းတည်ဆောက်ရန် ပတ်ဝန်းကျင် ထိခိုက်မှု ဆန်းစစ်ခြင်း လုပ်ငန်းဆိုင်ရာ ကိစ္စရပ်များ လုပ်ဆောင်ထားပြီး ခွင့်ပြုချက်စောင့်ဆိုင်းနေကြောင်း SUNTAC POWER ကုမ္ပဏီမှ သိရသည်။

နမ့်ခုတ်ချောင်းရေအား လျှပ်စစ် စီမံကိန်းကို ရှမ်းပြည်နယ်အစိုးရ၊ ဒေသန္တရဖွံ့ဖြိုးတိုးတက်ရေးကော်မတီနှင့် SUNTAC POWER ကုမ္ပဏီတို့ ၂၀၁၅ ခုနှစ် နိုဝင်ဘာ (၁၁) ရက်နေ့တွင် MOU လက်မှတ်ရေးထိုးထားခြင်း ဖြစ်ကြောင်း သိရသည်။

အဆိုပါ စီမံကိန်းလုပ်ဆောင်မည့် SUNTAC POWER ကုမ္ပဏီက မတ်လ (၁၀)ရက်နေ့တွင် မိုင်းဆတ်မြို့ရှိ ဌာနဆိုင်ရာများ၊ ဒေသခံပြည်သူများအား ရေအားလျှပ်စစ်စီမံကိန်း၏ ပတ်ဝန်းကျင် ထိခိုက်မှုဆန်းစစ်ခြင်း ( Enviromental Impact Assessment -EIA ) လုပ်ငန်းဆိုင်ရာ ကိစ္စရပ်များ၊ လေ့လာမှုမှ ရရှိသော အချက်အလက်များကို ရှင်းလင်း တင်ပြခြင်းနှင့် သဘောထားအမြင်များ နှီးနှောဖလှယ်ခဲ့ကြောငး် သိရသည်။

၂၀၁၈ ခုနှစ်တွင် စီမံကိန်း လုပ်ဆောင်ခွင့်ရရှိပါက ၂၀၂၀ ခုနှစ်တွင် အပြီး တည်ဆောက်သွားမည်ဖြစ်ကြောင်း SUNTAC POWER ကုမ္ပဏီ စီမံကိန်းဒါရိုက်တာ ဦးမျိုးမြင့်က ဆိုသည်။

အဆိုပါ ရေအားလျှပ်စစ်စီမံကိန်းသည် ရေဝရေလွှဲဧရိယာ (၁၁၇၉) စတုရန်းကီလိုမီတာရှိပြီး တမံအမြင့် (၇၀) မီတာ၊ တမံအလျား (၂၇၆) ဒဿမ (၂၂) မီတာ၊ ရေလွှဲဥမင်အချင်း (၆) မီတာ၊ အလျား (၃၆၀) မီတာ၊ ရေတံခါး (၅) ခုဖြင့် ကွန်ကရစ်တမံ အမျိုးအစား တည်ဆောက်မည်ဖြစ်ပြီး မိုင်းဆတ်မြို့နယ်နှင့် အနီးပတ်ဝန်းကျင် ကျေးရွာများသို့ အစိုးရ သတ်မှတ်သည့် မီတာခနှုန်းထားဖြင့် ဖြန့်ဝေမည်ဟု SUNTAC POWER ကုမ္မဏီမှ ရှင်းလင်းသည်။

သတင်း/ဓာတ်ပုံ - သန်းဇော်ဦး

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~