မိုင္းဆတ္ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမွဴးဖလား ေဘာလုံးၿပိဳင္ပဲြတြင္ ၿမိဳ႕သစ္အသင္း ဗုိလ္စြဲ

မိုင္းဆတ္ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမွဴးဖလား ေဘာလုံးၿပိဳင္ပဲြတြင္ ၿမိဳ႕သစ္အသင္း ဗုိလ္စြဲ
မတ် 20, 2017
By Tachileik News Agency
ရွမ္းျပည္နယ္(အေရွ႕ပိုင္း) မိုင္းဆတ္ၿမိဳ႕နယ္ အုပ္ခ်ဳပ္ေရးမွဴးဖလား အမ်ဳိးသား အလြတ္တန္း ေဘာလုံးၿပိဳင္ပဲြ ဗိုလ္လုပဲြ ႏွင့္ ဆုေပးပဲြ အခမ္းအနားကို မတ္ ၁၉ ရက္ ညေန ၃ နာရီခဲြက ေအာင္ေဇယ်ဘက္စုံ အားကစားကြင္း၌ က်င္းပရာ ၿမိဳ႕သစ္အသင္းက က်ဒယ္အသင္းကို တစ္ဂိုး ဂိုးမရိွျဖင့္ အႏိုင္ရ ဗိုလ္စဲြသြားသည္။
အေကာင္းဆုံး ဂိုးသမားဆုကုိ က်ဒယ္အသင္းမွ ခ်င္းတြင္းေဇာ္၊ ေနာက္တန္း အေကာင္းဆုံး ကစားသမားဆုကုိ ၿမိဳ႕သစ္အသင္းမွ လျပည့္၊ အလယ္တန္း အေကာင္းဆုံး ကစားသမားဆုကုိ ၿမိဳ႕သစ္အသင္းမွ ေဇာ္မင္းသူ၊ ေရွ႕တန္းအေကာင္းဆုံး ကစားသမားဆုကုိ က်ဒယ္အသင္းမွ ေက်ာ္ထက္ေအာင္ႏွင့္ ပဲြစဥ္ တစ္ေလွ်ာက္ အေကာင္းဆုံး ကစားသမားဆုကုိ ၿမိဳ႕သစ္အသင္းမွ အိုက္ပီးတို႔က ရရိွသြားၿပီး၊ ဒုတိယဆုရ က်ဒယ္ အသင္းအား တစ္ဦးခ်င္း ေငြတံဆိပ္ဆုႏွင့္ ေငြက်ပ္သုံးသိန္း၊ ပထမဆုရ ၿမိဳ႕သစ္ အသင္းအား တစ္ဦးခ်င္းေရႊတံဆိပ္ဆု၊ ေငြက်ပ္ငါးသိန္းႏွင့္ ဆုဖလားတို႔ကို မိုင္းဆတ္ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမွဴး ဦးေအာင္သူလႈိင္ ႏွင့္ တာ၀န္ရွိသူမ်ားက အသီးသီး ေပးအပ္း ခ်ီးျမႇင့္ခဲ့ေၾကာင္း သိရသည္။
ဆက္လက္၍ က်င္းပၿပီးစီးခဲ့သည့္ ၾကက္ေတာင္႐ိုက္၊ ပိုက္ေက်ာ္ျခင္းႏွင့္ ေဘာလုံးၿပိဳင္ပဲြမ်ား အတြက္ ေထာက္ပံ့ေငြက်ပ္ ၁၄ သိန္းႏွင့္ အားကစားပစၥည္းမ်ားကို အားကစားႏွင့္ ကာယပညာဦးစီးဌာန၊ လက္ေထာက္ ညႊန္ၾကားေရးမွဴး ေဒၚတင္တင္၀င္း က ေပးအပ္ရာ ၿမိဳ႕နယ္အားကစားႏွင့္ ကာယပညာ ဦးစီးဌာနမွ ဦးျမင့္တင္က လက္ခံရယူၿပီး ဒိုင္လူႀကီးမ်ားအား အမွတ္တရ လက္ေဆာင္ပစၥည္းမ်ား ေပးအပ္သည္။
သတင္း/ဓာတ္ပံု - သန္းေဇာ္ဦး


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်မြို့နယ် အုပ်ချုပ်ရေးမှူးဖလား အမျိုးသား အလွတ်တန်း ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲ နှင့် ဆုပေးပွဲ အခမ်းအနားကို မတ် ၁၉ ရက် ညနေ ၃ နာရီခွဲက အောင်ဇေယျဘက်စုံ အားကစားကွင်း၌ ကျင်းပရာ မြို့သစ်အသင်းက ကျဒယ်အသင်းကို တစ်ဂိုး ဂိုးမရှိဖြင့် အနိုင်ရ ဗိုလ်စွဲသွားသည်။

အကောင်းဆုံး ဂိုးသမားဆုကို ကျဒယ်အသင်းမှ ချင်းတွင်းဇော်၊ နောက်တန်း အကောင်းဆုံး ကစားသမားဆုကို မြို့သစ်အသင်းမှ လပြည့်၊ အလယ်တန်း အကောင်းဆုံး ကစားသမားဆုကို မြို့သစ်အသင်းမှ ဇော်မင်းသူ၊ ရှေ့တန်းအကောင်းဆုံး ကစားသမားဆုကို ကျဒယ်အသင်းမှ ကျော်ထက်အောင်နှင့် ပွဲစဉ် တစ်လျှောက် အကောင်းဆုံး ကစားသမားဆုကို မြို့သစ်အသင်းမှ အိုက်ပီးတို့က ရရှိသွားပြီး၊ ဒုတိယဆုရ ကျဒယ် အသင်းအား တစ်ဦးချင်း ငွေတံဆိပ်ဆုနှင့် ငွေကျပ်သုံးသိန်း၊ ပထမဆုရ မြို့သစ် အသင်းအား တစ်ဦးချင်းရွှေတံဆိပ်ဆု၊ ငွေကျပ်ငါးသိန်းနှင့် ဆုဖလားတို့ကို မိုင်းဆတ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်သူလှိုင် နှင့် တာဝန်ရှိသူများက အသီးသီး ပေးအပ်း ချီးမြှင့်ခဲ့ကြောင်း သိရသည်။

ဆက်လက်၍ ကျင်းပပြီးစီးခဲ့သည့် ကြက်တောင်ရိုက်၊ ပိုက်ကျော်ခြင်းနှင့် ဘောလုံးပြိုင်ပွဲများ အတွက် ထောက်ပံ့ငွေကျပ် ၁၄ သိန်းနှင့် အားကစားပစ္စည်းများကို အားကစားနှင့် ကာယပညာဦးစီးဌာန၊ လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်တင်တင်ဝင်း က ပေးအပ်ရာ မြို့နယ်အားကစားနှင့် ကာယပညာ ဦးစီးဌာနမှ ဦးမြင့်တင်က လက်ခံရယူပြီး ဒိုင်လူကြီးများအား အမှတ်တရ လက်ဆောင်ပစ္စည်းများ ပေးအပ်သည်။

သတင်း/ဓာတ်ပုံ - သန်းဇော်ဦး

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~