မိုင္းဆတ္တြင္ အလယ္တန္းအဆင့္လူငယ္မ်ား ပံုေျပာၿပိဳင္ပြဲ က်င္းပ

မိုင္းဆတ္တြင္ အလယ္တန္းအဆင့္လူငယ္မ်ား ပံုေျပာၿပိဳင္ပြဲ က်င္းပ
မတ် 19, 2017
By Tachileik News Agency

ရွမ္းျပည္နယ္(အေရွ႕ပိုင္း)၊ မိုင္းဆတ္ခ႐ိုင္ျပန္ၾကားေရးႏွင့္ ျပည္သူ႔ဆက္ဆံေရးဦးစီးဌာနႏွင့္ အျဖဴေရာင္ လူငယ္အဖဲြ႔တို႔ ပူးေပါင္း၍ မတ္လ(၁၉)ရက္ေန႔က စာဖတ္ရွိန္ ျမႇင့္တင္ေရး ပံုေျပာၿပိဳင္ပြဲကို မိုင္းဆတ္ ခ႐ိုင္ျပန္ၾကားေရးႏွင့္ ျပည္သူ႔ဆက္ဆံေရးဦးစီးဌာန Community Centre ၌ က်င္းပေၾကာင္း သိရသည္။ 

အဆိုပါ အခမ္းအနားတြင္ အလယ္တန္းအဆင့္ ေက်ာင္းသား၊ ေက်ာင္းသူမ်ားႏွင့္ ေက်ာင္းျပင္ပ အသက္(၁၀)ႏွစ္မွ (၁၅)ႏွစ္အတြင္းရိွ လူငယ္မ်ား ပါဝင္ယွဥ္ၿပိဳင္ၾကေၾကာင္း သိရသည္။ 
အဆိုပါ ပံုေျပာၿပိဳင္ပြဲတြင္ ႏွစ္သိမ့္ဆု ရရိွသူမ်ားအား အျဖဴေရာင္ လူငယ္အဖဲြ႔မွ မေစာနန္းႏြယ္က လည္းေကာင္း၊ တတိယဆုရရိွသူ မေမဇင္မိုးဦးအား အျဖဴေရာင္လူငယ္အဖဲြ႔မွ ဦးဇင္မင္းဦးက လည္းေကာင္း၊ ဒုတိယဆုရရိွသူ ေမာင္ဟိန္းထက္ေအာင္အား အျဖဴေရာင္လူငယ္ အဖဲြ႔မွ ေဒၚသီသီစိုးက လည္းေကာင္း၊ ပထမဆုရရိွသူ မခုိင္၀င္းေရႊအား ခ႐ိုင္ျပန္ၾကားေရးႏွင့္ ျပည္သူ႔ဆက္ဆံေရး ဦးစီးဌာန၊ ခ႐ိုင္ဦးစီးအရာရိွ ဦးသန္းေဇာ္ဦးက လည္းေကာင္း ဂုဏ္ျပဳဆုေငြႏွင့္ ဂုဏ္ျပဳလက္ေဆာင္မ်ား အသီးသီးေပးအပ္ ခဲ့ေၾကာင္း သိရသည္။
သတင္း - သန္းေဇာ္ဦး


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အဖြူရောင် လူငယ်အဖွဲ့တို့ ပူးပေါင်း၍ မတ်လ(၁၉)ရက်နေ့က စာဖတ်ရှိန် မြှင့်တင်ရေး ပုံပြောပြိုင်ပွဲကို မိုင်းဆတ် ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre၌ ကျင်းပကြောင်း သိရသည်။

အဆိုပါ အခမ်းအနားတွင် အလယ်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူများနှင့် ကျောင်းပြင်ပ အသက်(၁၀)နှစ်မှ (၁၅)နှစ်အတွင်းရှိ လူငယ်များ ပါဝင်ယှဉ်ပြိုင်ကြကြောင်း သိရသည်။

အဆိုပါ ပုံပြောပြိုင်ပွဲတွင် နှစ်သိမ့်ဆု ရရှိသူများအား အဖြူရောင် လူငယ်အဖွဲ့မှ မစောနန်းနွယ်က လည်းကောင်း၊ တတိယဆုရရှိသူ မမေဇင်မိုးဦးအား အဖြူရောင်လူငယ်အဖွဲ့မှ ဦးဇင်မင်းဦးက လည်းကောင်း၊ ဒုတိယဆုရရှိသူ မောင်ဟိန်းထက်အောင်အား အဖြူရောင်လူငယ် အဖွဲ့မှ ဒေါ်သီသီစိုးက လည်းကောင်း၊ ပထမဆုရရှိသူ မခိုင်ဝင်းရွှေအား ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ ခရိုင်ဦးစီးအရာရှိ ဦးသန်းဇော်ဦးက လည်းကောင်း ဂုဏ်ပြုဆုငွေနှင့် ဂုဏ်ပြုလက်ဆောင်များ အသီးသီးပေးအပ် ခဲ့ကြောင်း သိရသည်။

သတင်း - သန်းဇော်ဦး

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~