သၾကၤန္ကာလ ထုိင္းႏုိင္ငံမွ ဗီဇာေၾကးကင္းလြတ္ခြင့္ထုတ္ျပန္ခ်က္အား နယ္စပ္မွျပန္မည့္သူမ်ား ေဆာင္ထားၾကရန္ တိုက္တြန္း

သၾကၤန္ကာလ ထုိင္းႏုိင္ငံမွ ဗီဇာေၾကးကင္းလြတ္ခြင့္ထုတ္ျပန္ခ်က္အား နယ္စပ္မွျပန္မည့္သူမ်ား ေဆာင္ထားၾကရန္ တိုက္တြန္း
မတ် 28, 2017
By 🌸
ျမန္မာ-ထုိင္းနယ္စပ္ဝင္ေပါက္မ်ားမွ သြားလာေနသည့္ ျမန္မာႏုိင္ငံသားမ်ားအေနျဖင့္ သႀကၤန္ကာလအတြင္း ထိုင္းႏိုင္ငံမွ ဗီဇာေၾကးကင္းလြတ္ခြင့္ျပဳထားေၾကာင္း ေၾကညာခ်က္အား ေဆာင္ထားၾကရန္ ထိုင္းႏုိင္ငံေရာက္ ျမန္မာႏုိင္ငံသားမ်ားအား ကူညီေပးေနသည့္ AAC မဟာမိတ္အဖြဲ႕မွ ကိုရဲမင္းက တိုက္တြန္းထားသည္။

သႀကၤန္ကာလေနရပ္ျပန္မည့္ ျမန္မာႏုိင္ငံသားမ်ားအေနျဖင့္ ပံုမွန္ေပးေနရသည့္ ဗီဇာဆိုင္ရာ အေထြေထြ ကုန္က်စရိတ္ကင္းလြတ္ခြင့္ကို ဧၿပီလ (၅)ရက္ေန႔မွ ဧၿပီလ (၃၀) ရက္ေန႔အထိ ခြင့္ျပဳေၾကာင္း မတ္လ (၁၄)ရက္ေန႔တြင္ ထုိင္းႏုိင္ငံ လူဝင္မႈႀကီးၾကပ္ေရးဌာနမွ ထုတ္ျပန္ထားျခင္းျဖစ္သျဖင့္ နယ္စပ္ဝင္ေပါက္ အသီးသီးမွ ေနရပ္ျပန္မည့္ ျမန္မာႏုိင္ငံသားမ်ားအား ေငြေၾကးေတာင္းခံျခင္းမ်ားႏွင့္ႀကံဳလာပါက ေျဖရွင္းႏုိင္ရန္ ယင္းကဲ့သို႔ အသိေပးထားျခင္းျဖစ္ေၾကာင္း သိရသည္။

 “ဘယ္မွာျဖစ္ျဖစ္ပါ အေပၚက ဥပေဒထုတ္ေပမဲ့ ေအာက္ေျခဝန္ထမ္းေတြက လစ္ရင္လစ္သလို စားေပါက္႐ွာၾကမွာပါပဲ။ အဓိကကေတာ့ ကိုယ္ႏိုင္ငံသားေတြက လတ္တေလာ ထုတ္ျပန္ထားတဲ့ ဥပေဒအေၾကာင္းအရာ၊ ခံစားခြင့္ စသည္တို႔ကို ေလ့လာသိ႐ွိနားလည္ထားၾကဖို႔ လိုေနၾကတာပါ”ဟု နယ္စပ္ၿမိဳ႕ တာခ်ီလိတ္အေျခစိုက္ မယ္ဆိုင္ၿမိဳ႕ေရာက္ ျမန္မာႏုိင္ငံသားမ်ားအား ကူညီေစာင့္ေရွာက္ေရးေကာ္မတီ CNCMC မယ္ဆိုင္ၿမိဳ႕တာဝန္ခံ ဦးထြန္းက ဆိုသည္။

ထုိင္းႏိုင္ငံမွ ဗီဇာဆိုင္ရာအေထြေထြကုန္က်စရိတ္ ကင္းလြတ္ခြင့္ျပဳလိုက္ျခင္းမွာ ပထမဆံုးအႀကိမ္ျဖစ္ၿပီး နယ္စပ္ဝင္ေပါက္မ်ားမွ တရားမဝင္ ဝင္ေရာက္မႈ ေလ်ာ့သြားႏုိင္သည္ဟု ထိုင္းျမန္မာနယ္စပ္မွ လူမႈကူညီေရးအဖြဲ႕မ်ားက ခန္႔မွန္းထားသည္။

“ကုန္းလမ္းနယ္စပ္ေဒသ အဝင္ေတြအေနနဲ႔က (reentry) နယ္စပ္ကေနျပန္အဝင္အတြက္ ထိုင္းလဝကရံုးမွာ ဘတ္ (၁၀၀၀)၊ ျမန္မာ - ထုိင္းနယ္စပ္တံတား ျဖတ္ရင္ ထိုင္းဘက္က (၂၀၀) ဘတ္၊  ျမန္မာဘက္က (၃၀၀) ဘတ္ပါ။ အရင္ႏွစ္ေတြက အမ်ားအားျဖင့္ အဲဒီလိုမတတ္ႏိုင္ၾကေတာ့ ေရေခ်ာင္းကေန တရားမဝင္ကူးၾကေတာ့ ျပသနာေတြမ်ားတယ္”ဟု CNCMC မယ္ဆိုင္ၿမိဳ႕တာဝန္ခံ ဦးထြန္းက ေျပာသည္။

အဆိုပါ ထုတ္ျပန္ခ်က္အရ ထုိင္းႏုိင္ငံေရာက္ ျမန္မာလုပ္သား ပန္းေရာင္ဘတ္ကဒ္ ကိုင္ေဆာင္သူမ်ားအေနျဖင့္ မိမိတို႔သက္ဆိုင္ရာနယ္ေျမ အလုပ္သမားရံုးမွ ေထာက္ခံစာထုတ္ယူျခင္းႏွင့္ ပတ္စပို႔စ္စာအုပ္ကိုင္ေဆာင္သူမ်ား အေနျဖင့္ တံဆိပ္တံုးထုရန္ လိုအပ္ေၾကာင္း သိရေသာ္လည္း ပံုမွန္အတုိင္း ေပးေဆာင္ေနရသည့္ ဗီဇာဆိုင္ရာအေထြေထြကုန္က်စရိတ္အား ကင္းလြတ္ခြင့္ ျပဳထားျခင္းျဖစ္ေၾကာင္း သိရသည္။

သတင္း #အင္မိုင္ခ
ဓါတ္ပံု #Ye Min (AAC)


~~~~~~~~⊰❂ unicode ~~~~~~~~

သင်္ကြန်ကာလ ထိုင်းနိုင်ငံမှ ဗီဇာကြေးကင်းလွတ်ခွင့်ထုတ်ပြန်ချက်အား နယ်စပ်မှပြန်မည့်သူများ ဆောင်ထားကြရန် တိုက်တွန်း
************
မြန်မာ-ထိုင်းနယ်စပ်ဝင်ပေါက်များမှ သွားလာနေသည့် မြန်မာနိုင်ငံသားများအနေဖြင့် သင်္ကြန်ကာလအတွင်း ထိုင်းနိုင်ငံမှ ဗီဇာကြေးကင်းလွတ်ခွင့်ပြုထားကြောင်း ကြေညာချက်အား ဆောင်ထားကြရန် ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအား ကူညီပေးနေသည့် AAC မဟာမိတ်အဖွဲ့မှ ကိုရဲမင်းက တိုက်တွန်းထားသည်။

သင်္ကြန်ကာလနေရပ်ပြန်မည့် မြန်မာနိုင်ငံသားများအနေဖြင့် ပုံမှန်ပေးနေရသည့် ဗီဇာဆိုင်ရာ အထွေထွေ ကုန်ကျစရိတ်ကင်းလွတ်ခွင့်ကို ဧပြီလ (၅)ရက်နေ့မှ ဧပြီလ (၃၀) ရက်နေ့အထိ ခွင့်ပြုကြောင်း မတ်လ (၁၄)ရက်နေ့တွင် ထိုင်းနိုင်ငံ လူဝင်မှုကြီးကြပ်ရေးဌာနမှ ထုတ်ပြန်ထားခြင်းဖြစ်သဖြင့် နယ်စပ်ဝင်ပေါက် အသီးသီးမှ နေရပ်ပြန်မည့် မြန်မာနိုင်ငံသားများအား ငွေကြေးတောင်းခံခြင်းများနှင့်ကြုံလာပါက ဖြေရှင်းနိုင်ရန် ယင်းကဲ့သို့ အသိပေးထားခြင်းဖြစ်ကြောင်း သိရသည်။

 “ဘယ်မှာဖြစ်ဖြစ်ပါ အပေါ်က ဥပဒေထုတ်ပေမဲ့ အောက်ခြေဝန်ထမ်းတွေက လစ်ရင်လစ်သလို စားပေါက်ရှာကြမှာပါပဲ။ အဓိကကတော့ ကိုယ်နိုင်ငံသားတွေက လတ်တလော ထုတ်ပြန်ထားတဲ့ ဥပဒေအကြောင်းအရာ၊ ခံစားခွင့် စသည်တို့ကို လေ့လာသိရှိနားလည်ထားကြဖို့ လိုနေကြတာပါ”ဟု နယ်စပ်မြို့ တာချီလိတ်အခြေစိုက် မယ်ဆိုင်မြို့ရောက် မြန်မာနိုင်ငံသားများအား ကူညီစောင့်ရှောက်ရေးကော်မတီ CNCMC မယ်ဆိုင်မြို့တာဝန်ခံ ဦးထွန်းက ဆိုသည်။

ထိုင်းနိုင်ငံမှ ဗီဇာဆိုင်ရာအထွေထွေကုန်ကျစရိတ် ကင်းလွတ်ခွင့်ပြုလိုက်ခြင်းမှာ ပထမဆုံးအကြိမ်ဖြစ်ပြီး နယ်စပ်ဝင်ပေါက်များမှ တရားမဝင် ဝင်ရောက်မှု လျော့သွားနိုင်သည်ဟု ထိုင်းမြန်မာနယ်စပ်မှ လူမှုကူညီရေးအဖွဲ့များက ခန့်မှန်းထားသည်။

“ကုန်းလမ်းနယ်စပ်ဒေသ အဝင်တွေအနေနဲ့က (reentry) နယ်စပ်ကနေပြန်အဝင်အတွက် ထိုင်းလဝကရုံးမှာ ဘတ် (၁၀၀၀)၊ မြန်မာ - ထိုင်းနယ်စပ်တံတား ဖြတ်ရင် ထိုင်းဘက်က (၂၀၀) ဘတ်၊  မြန်မာဘက်က (၃၀၀) ဘတ်ပါ။ အရင်နှစ်တွေက အများအားဖြင့် အဲဒီလိုမတတ်နိုင်ကြတော့ ရေချောင်းကနေ တရားမဝင်ကူးကြတော့ ပြသနာတွေများတယ်”ဟု CNCMC မယ်ဆိုင်မြို့တာဝန်ခံ ဦးထွန်းက ပြောသည်။

အဆိုပါ ထုတ်ပြန်ချက်အရ ထိုင်းနိုင်ငံရောက် မြန်မာလုပ်သား ပန်းရောင်ဘတ်ကဒ် ကိုင်ဆောင်သူများအနေဖြင့် မိမိတို့သက်ဆိုင်ရာနယ်မြေ အလုပ်သမားရုံးမှ ထောက်ခံစာထုတ်ယူခြင်းနှင့် ပတ်စပို့စ်စာအုပ်ကိုင်ဆောင်သူများ အနေဖြင့် တံဆိပ်တုံးထုရန် လိုအပ်ကြောင်း သိရသော်လည်း ပုံမှန်အတိုင်း ပေးဆောင်နေရသည့် ဗီဇာဆိုင်ရာအထွေထွေကုန်ကျစရိတ်အား ကင်းလွတ်ခွင့် ပြုထားခြင်းဖြစ်ကြောင်း သိရသည်။

သတင်း #အင်မိုင်ခ
ဓါတ်ပုံ #Ye Min (AAC)

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~