မေကြးသၾကၤန္ပဲြေတာ္အတြက္ မ႑ပ္ေဆာက္ရန္ ေလွ်ာက္ထားသူ မရိွေသး

မေကြးသၾကၤန္ပဲြေတာ္အတြက္ မ႑ပ္ေဆာက္ရန္ ေလွ်ာက္ထားသူ မရိွေသး
မတ် 26, 2017
By 🌸
မေကြးတိုင္းေဒသႀကီး မေကြးၿမိဳ႕တြင္ သၾကၤန္ပြဲေတာ္အတြက္ တိုင္းေဒသႀကီးအစိုးရမွ ညႊန္ၾကားခ်က္ထုတ္ျပန္ထားျခင္းမရိွသည့္အျပင္ မ႑ပ္ေဆာက္လုပ္ခြင့္ေလွ်ာက္ထားသူလည္း မရိွေသးေၾကာင္း မေကြးၿမိဳ႕နယ္စည္ပင္အမႈေဆာင္အရာရိွထံမွ သိရသည္။
“အစိုးရအဖဲြ႔ကလည္း သၾကၤန္က်င္းပႏိုင္ေရးအတြက္ ဘာညႊန္ၾကားခ်က္မွ မရိွေသးပါဘူး။ ဌာနဆိုင္ရာေတြနဲ႔ ပုဂၢလိကေတြအေနနဲ႔ကလည္း သၾကၤန္မ႑ပ္ေဆာက္လုပ္ဖို႔အတြက္ ေလွ်ာက္ထားတာ ဒီေန႔အထိ တစ္ခုမွ မရိွေသးပါဘူး” ဟု မေကြးၿမိဳ႕နယ္စည္ပင္အမႈေဆာင္အရာရိွ ဦးထင္ေအာင္က ေျပာသည္။
ယခင္ႏွစ္မ်ားက မေကြးၿမိဳ႕သႀကၤန္ပြဲေတာ္အား ဗဟိုမ႑ပ္၊ ဌာနဆိုင္ရာမ႑ပ္မ်ား၊ ပုဂၢလိကမ႑ပ္မ်ားႏွင္႔ ၿမိဳ႕နယ္(၆)ခုမွ အလွ ျပယာဥ္မ်ားျဖင္႔ က်င္းပေလ႔ရိွခဲ႔ေသာ္လည္း ၂၀၁၆ ခုႏွစ္မွစ၍ ဌာနဆိုင္ရာမ႑ပ္မ်ားႏွင့္ ဗဟိုမ႑ပ္မ်ား ေဆာက္လုပ္ျခင္းမရိွခဲ႔ေၾကာင္း ေဒသခံမ်ားထံမွ သိရသည္။
“ကၽြန္ေတာ္တို႔က လူငယ္ေတြဆိုေတာ႔ သၾကၤန္ပဲြေတာ္ကို စည္စည္ကားကားက်င္းပႏိုင္ျခင္း မရိွေတာ႔ဘူး ဆိုတဲ႔အေပၚမွာ စိတ္မေကာင္းျဖစ္ရတာေပါ႔ဗ်ာ။ အစဥ္အလာပ်က္သြားမွာကိုလည္း စိုးရိမ္မိတယ္။ ၿပီးခဲ႔တဲ႔ႏွစ္က အစိုးရအကူးအေျပာင္းမို႔ အခက္အခဲရိွတာကိုေတာ႔ နားလည္ေပးလို႔ရပါတယ္”ဟု သိဂၤါဂီရိ ရပ္ကြက္ ေနသူ ကိုခ်မ္းေျမ႕ေဇာ္က ေျပာသည္။
မေကြးၿမိဳ႕နယ္စည္ပင္သာယာေရးအဖဲြ႔အေနျဖင့္ ပုဂၢလိကမ႑ပ္မ်ား ေလွ်ာက္လာမည္ဆိုပါက စိစစ္ခြင့္ျပဳသြားမည္ျဖစ္ေၾကာင္း သိရသည္။
“ညႊန္ၾကားခ်က္မရေသးဘူးဆိုေပမဲ့ ထံုးစံအတိုင္း ပုဂၢလိက သၾကၤန္မ႑ပ္မ်ားေဆာက္လုပ္ခ်င္တယ္ဆို ရင္ ေဆာက္လုပ္မယ္႔ေနရာ၊ အတိုင္းအတာနဲ႔ ေဖာ္ျပၿပီး ၿမိဳ႕နယ္စည္ပင္သာယာေရးေကာ္မတီကို ေလွ်ာက္လႊာတင္မယ္ဆိုရင္ ခြင္႔ျပဳေပးမွာပါ။ ဒါေပမဲ့ အခု ေဆာက္လုပ္ေနဆဲ ႏိုင္လြန္ကတၱရာလမ္းေတြေပၚမွာေတာ႔ ခြင္႔ျပဳမွာမဟုတ္ပါဘူး”ဟု မေကြးၿမိဳ႕နယ္စည္ပင္အမႈေဆာင္အရာရိွ ဦးထင္ေအာင္က ေျပာသည္။
မေကြးၿမိဳ႕၏ အဓိကလမ္းမႀကီးမ်ားျဖစ္သည့္  ျပည္ေတာ္သာလမ္း၊ မဲထီးလမ္း၊ အ.ထ.က (၁)လမ္း၊ ၿမိဳ႕မေစ်းလမ္းႏွင့္ ဗိုလ္ခ်ဳပ္လမ္းတို႔အား ႏိုင္လြန္ကတၱရာလမ္းမ်ား ခင္းေနသျဖင့္ အဆိုပါေနရာမ်ားတြင္ သႀကၤန္မ႑ပ္မ်ား တည္ေဆာက္ခြင့္ျပဳမည္မဟုတ္ေၾကာင္း သိရသည္။

သတင္း၊ ဓါတ္ပံု # ဖီးနစ္

~~~~~~~~⊰❂ unicode ~~~~~~~~


မကွေးသင်္ကြန်ပွဲတော်အတွက် မဏ္ဍပ်ဆောက်လုပ်ရန် လျှောက်ထားသူ မရှိသေး
************

မကွေးတိုင်းဒေသကြီး မကွေးမြို့တွင် သင်္ကြန်ပွဲတော်အတွက် တိုင်းဒေသကြီးအစိုးရမှ ညွှန်ကြားချက်ထုတ်ပြန်ထားခြင်းမရှိသည့်အပြင် မဏ္ဍပ်ဆောက်လုပ်ခွင့်လျှောက်ထားသူလည်း မရှိသေးကြောင်း မကွေးမြို့နယ်စည်ပင်အမှုဆောင်အရာရှိထံမှ သိရသည်။
“အစိုးရအဖွဲ့ကလည်း သင်္ကြန်ကျင်းပနိုင်ရေးအတွက် ဘာညွှန်ကြားချက်မှ မရှိသေးပါဘူး။ ဌာနဆိုင်ရာတွေနဲ့ ပုဂ္ဂလိကတွေအနေနဲ့ကလည်း သင်္ကြန်မဏ္ဍပ်ဆောက်လုပ်ဖို့အတွက် လျှောက်ထားတာ ဒီနေ့အထိ တစ်ခုမှ မရှိသေးပါဘူး” ဟု မကွေးမြို့နယ်စည်ပင်အမှုဆောင်အရာရှိ ဦးထင်အောင်က ပြောသည်။
ယခင်နှစ်များက မကွေးမြို့သင်္ကြန်ပွဲတော်အား ဗဟိုမဏ္ဍပ်၊ ဌာနဆိုင်ရာမဏ္ဍပ်များ၊ ပုဂ္ဂလိကမဏ္ဍပ်များနှင့် မြို့နယ်(၆)ခုမှ အလှ ပြယာဉ်များဖြင့် ကျင်းပလေ့ရှိခဲ့သော်လည်း ၂၀၁၆ ခုနှစ်မှစ၍ ဌာနဆိုင်ရာမဏ္ဍပ်များနှင့် ဗဟိုမဏ္ဍပ်များ ဆောက်လုပ်ခြင်းမရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
“ကျွန်တော်တို့က လူငယ်တွေဆိုတော့ သင်္ကြန်ပွဲတော်ကို စည်စည်ကားကားကျင်းပနိုင်ခြင်း မရှိတော့ဘူး ဆိုတဲ့အပေါ်မှာ စိတ်မကောင်းဖြစ်ရတာပေါ့ဗျာ။ အစဉ်အလာပျက်သွားမှာကိုလည်း စိုးရိမ်မိတယ်။ ပြီးခဲ့တဲ့နှစ်က အစိုးရအကူးအပြောင်းမို့ အခက်အခဲရှိတာကိုတော့ နားလည်ပေးလို့ရပါတယ်”ဟု သိင်္ဂါဂီရိ ရပ်ကွက် နေသူ ကိုချမ်းမြေ့ဇော်က ပြောသည်။
မကွေးမြို့နယ်စည်ပင်သာယာရေးအဖွဲ့အနေဖြင့် ပုဂ္ဂလိကမဏ္ဍပ်များ လျှောက်လာမည်ဆိုပါက စိစစ်ခွင့်ပြုသွားမည်ဖြစ်ကြောင်း သိရသည်။
“ညွှန်ကြားချက်မရသေးဘူးဆိုပေမဲ့ ထုံးစံအတိုင်း ပုဂ္ဂလိက သင်္ကြန်မဏ္ဍပ်များဆောက်လုပ်ချင်တယ်ဆို ရင် ဆောက်လုပ်မယ့်နေရာ၊ အတိုင်းအတာနဲ့ ဖော်ပြပြီး မြို့နယ်စည်ပင်သာယာရေးကော်မတီကို လျှောက်လွှာတင်မယ်ဆိုရင် ခွင့်ပြုပေးမှာပါ။ ဒါပေမဲ့ အခု ဆောက်လုပ်နေဆဲ နိုင်လွန်ကတ္တရာလမ်းတွေပေါ်မှာတော့ ခွင့်ပြုမှာမဟုတ်ပါဘူး”ဟု မကွေးမြို့နယ်စည်ပင်အမှုဆောင်အရာရှိ ဦးထင်အောင်က ပြောသည်။
မကွေးမြို့၏ အဓိကလမ်းမကြီးများဖြစ်သည့်  ပြည်တော်သာလမ်း၊ မဲထီးလမ်း၊ အ.ထ.က (၁)လမ်း၊ မြို့မစျေးလမ်းနှင့် ဗိုလ်ချုပ်လမ်းတို့အား နိုင်လွန်ကတ္တရာလမ်းများ ခင်းနေသဖြင့် အဆိုပါနေရာများတွင် သင်္ကြန်မဏ္ဍပ်များ တည်ဆောက်ခွင့်ပြုမည်မဟုတ်ကြောင်း သိရသည်။

သတင်း၊ ဓါတ်ပုံ # ဖီးနစ်

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~