မကွေးတိုင်းဒေသကြီးမှမီးသတ်ဌာနများတွင် နယ်သာလန်နည်းပညာနှင့် ပံ့ပိုးပစ္စည်းများ ဖြည့်တင်းထား

မကွေးတိုင်းဒေသကြီးမှမီးသတ်ဌာနများတွင် နယ်သာလန်နည်းပညာနှင့် ပံ့ပိုးပစ္စည်းများ ဖြည့်တင်းထား
မတျ 30, 2017
By 🌸

“နယ်သာလန်နိုင်ငံက ပညာရှင်တွေနဲ့ နည်းစနစ်ပိုင်းဆိုင်ရာတွေကို လေ့ကျင့်ပေးခဲ့ပြီး ဆင့်ပွားသင်တန်း တွေလည်း ပြုလုပ်ပေးထားတာကြောင့် လူအားနဲ့မစွမ်းနိုင်တဲ့ ဖယ်ရှားဖို့ခက်ခဲတဲ့အတားအဆီးတွေကြားမှာ ပိတ်မိနေရင်ပဲဖြစ်ဖြစ် တခြားဘေးအန္တရာယ်တွေနဲ့ ကြုံတွေ့ရရင်ပဲဖြစ်ဖြစ် မီးသတ်စခန်းတွေကို ဆက်သွယ်အကူအညီတောင်းခံနိုင်ပါတယ်”ဟု မကွေးတိုင်းဒေသကြီး မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦး ကပြောသည်။


“ယာဉ်တိုက်မှုဖြစ်စဉ်တွေ၊ အဆောက်အဦးပြိုကျပိတ်မိမှုဖြစ်စဉ်တွေမှာ အမာထည်တွေကို ထောက် ကန်၊ ဖြတ်တောက် ကယ်ဆယ်နိုင်ဖို့အတွက် Hydraulic Cutter ၊Hydraulic Spreader တွေ၊ မီးကာ ဝတ်စုံအပါအဝင် ကယ်ဆယ်ရေးပစ္စည်းနဲ့ မီးသတ်အထောက်အကူပြုပစ္စည်းတွေ ပါဝင်တဲ့ ခေတ်မီကယ် ဆယ်ရေးပစ္စည်း (၁၆) စုံကို အချက်အခြာကျတဲ့ ခရိုင်၊မြို့နယ်တွေမှာ ဖြန့်ခွဲပေးထားတာကြောင့် ယာဉ်တိုက်မှုဖြစ်စဉ်တွေ၊ သဘာဝဘေးအန္တရာယ်တွေနဲ့ ကြုံတွေ့ရတဲ့အခါ အဲဒီမြို့နယ် ခရိုင် မီးသတ်စခန်းတွေကို အကူအညီတောင်းခံနိုင်ပါတယ်”ဟု ၎င်းကဆိုသည်။



သတင်း၊ဓါတ်ပုံ #ဖီးနစ်

~~~~~~~~⊰❂ unicode ~~~~~~~~

မကွေးတိုင်းဒေသကြီးမွမီးသတ်ဌာနများတွင် နယ်သာလန်နည်းပညာနှင့် ပံ့ပိုးပစ္စည်းများ ဖြည့်တင်းထား
************
ယာဉ်မတော်တဆမှုနှင့်သဘာဝဘေးအန္တရာယ်များတွင်ကူညီရန် မကွေးတိုင်းဒေသကြီးအတွင်းရှိ မီး သတ်ဦးစီးဌာနများအား နယ်သာလန်နိုင်ငံမှ နည်းစနစ်များလေ့ကျင့်ပေးမှုနှင့် ခေတ်မီကယ်ဆယ်ရေးပစ္စည်းများ ဖြည့်ဆည်းပေးထားကြောင်း မကွေးတိုင်းဒေသကြီး မီးသတ်ဦးစီးဌာနထံမှ သိရသည်။

“နယ်သာလန်နိုင်ငံက ပညာရှင်တွေနဲ့ နည်းစနစ်ပိုင်းဆိုင်ရာတွေကို လေ့ကျင့်ပေးခဲ့ပြီး ဆင့်ပွားသင်တန်း တွေလည်း ပြုလုပ်ပေးထားတာကြောင့် လူအားနဲ့မစွမ်းနိုင်တဲ့ ဖယ်ရှားဖို့ခက််ခဲတဲ့အတားအဆီးတွေကြားမှာ ပိတ်မိနေရင်ပဲဖြစ်ဖြစ် တခြားဘေးအန္တရာယ်တွေနဲ့ ကြုံတွေ့ရရင်ပဲဖြစ်ဖြစ် ဖော်ပြပါမီးသတ်စခန်းတွေကို ဆက်သွယ်အကူအညီတောင်းခံနိုင်ပါတယ်”ဟု မကွေးတိုင်းဒေသကြီး မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦး ကပြောသည်။

မကွေးတိုင်းဒေသကြီးအတွင်းရှိ အချက်အခြာကျသော မီးသတ်စခန်းများဖြစ်သည့် မကွေးတိုင်းရုံးနှင့် ခရိုင်မြို့များဖြစ်သော ပခုက္ကူ၊ သရက်၊ မင်းဘူး၊ ဂန့်ဂေါခရိုင်တို့တွင်လည်းကောင်း၊ မြို့နယ်များဖြစ်သော တောင်တွင်းကြီး၊ ချောက်၊ ပေါက်၊ အောင်လံနှင့် စလင်းမြို့နယ်များတွင်လည်းကောင်း နယ်သာလန်နိုင်ငံမှ ထုတ်လုပ်သည့် ခေတ်မီကယ်ဆယ်ရေးပစ္စည်း (၁၆)စုံကို ဖြန့်ဝေပေးထားကြောင်း သိရသည်။

“ယာဉ်တိုက်မှုဖြစ်စဉ်တွေ၊ အဆောက်အဦးပြိုကျပိတ်မိမှုဖြစ်စဉ်တွေမှာ အမာထည်တွေကို ထောက် ကန်၊ ဖြတ်တောက်ကယ်ဆယ်နိုင်ဖို့အတွက် Hydraulic Cutter ၊Hydraulic Spreader တွေ၊ မီးကာ ဝတ်စုံအပါအဝင် ကယ်ဆယ်ရေးပစ္စည်းနဲ့ မီးသတ်အထောက်အကူပြုပစ္စည်းတွေ ပါဝင်တဲ့ ခေတ်မီကယ် ဆယ်ရေးပစ္စည်း ၁၆ စုံကို အချက်အခြာကျတဲ့ ခရိုင်၊မြို့နယ်တွေမှာ ဖြန့်ခွဲပေးထားတာကြောင့် ယာဉ်တိုက်မှုဖြစ်စဉ်တွေ၊ သဘာဝဘေးအန္တရာယ်တွေနဲ့ ကြံုတွေ့ရတဲ့အခါ အဲဒီမြို့နယ် ခရိုင် မီးသတ်စခန်းတွေကို အကူအညီတောင်းခံနိုင်ပါတယ်”ဟု ၎င်းကဆိုသည်။

အဆိုပါပစ္စည်းများအား ၂၀၁၄-၁၅ ဘဏ္ဍာရေးနှစ်တွင် (၁၀)စုံ၊ ၂၀၁၅-၁၆ ဘဏ္ဍာနှစ်တွင် (၆)စုံ ပံ့ပိုးပေးခဲ့ခြင်း ဖြစ်ကြောင်း မကွေးတိုင်းဒေသကြီး မီးသတ်ဦးစီးဌာနမှ သိရသည်။

မကွေးတိုင်းဒေသကြီးအတွင်း ယာဉ်မတော်တဆမှုနှင့်သဘာဝဘေးအန္တရာယ်များ အရေးပေါ်ကယ်ဆယ်ရေး အတွက် မကွေးမြို့နယ်မီးသတ်ဌာန ၀၆၃ ၂၅၅၀၂၊ ၀၆၃ ၂၈၆၅၈၊ ၀၆၃ ၂၃၂၃၁၊ ၀၆၃ ၂၈၄၉၁ တို့အပြင် မည်သည့်မြို့တွင်မဆို ၁၉၁ သို့လည်း ဆက်သွယ်အကူအညီတောင်းနိုင်ကြောင်း သိရသည်။

သတင်း၊ဓါတ်ပုံ #ဖီးနစ်

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~