ကားလမ္းပိတ္ ဆက္ေၾကးေကာက္မႈမ်ားေၾကာင့္ မူဆယ္ကုန္သြယ္ေရးအေျခအေန အနည္းငယ္ထိခိုက္

ကားလမ္းပိတ္ ဆက္ေၾကးေကာက္မႈမ်ားေၾကာင့္ မူဆယ္ကုန္သြယ္ေရးအေျခအေန အနည္းငယ္ထိခိုက္
မတ် 16, 2017
By Tachileik News Agency
ရွမ္းျပည္နယ္(ေျမာက္ပိုင္း) ျပည္ေထာင္စုလမ္းမႀကီး ကြတ္ခိုင္ႏွင့္ မူဆယ္ၾကားတြင္ လက္နက္ကိုင္ တပ္ဖြဲ႔မ်ားက ႏွစ္ရက္ၾကာ ဆက္ေၾကးေကာက္ခံမႈမ်ားေၾကာင့္ မူဆယ္ကုန္သြယ္ေရးဇုန္သို႔ ကုန္တင္ယာဥ္ ဝင္ေရာက္မႈ အနည္းငယ္ေလ်ာ့က်သြားေၾကာင္း မူဆယ္ကုန္စည္ဒိုင္လုပ္ငန္းမ်ားမွ သိရသည္။
“လမ္းတစ္ေလ်ွာက္မွာ ပစ္ခတ္တာေတြ၊ ဆက္ေၾကးေကာက္တာေတြက ဆက္တိုက္လို ျဖစ္ေနတာဆိုေတာ့ ကုန္ဝယ္ယူမယ့္ ဝယ္လက္ေတြက မလာရဲေတာ့တာေတြရွိတယ္။ ကုန္အဝင္လည္း ေလ်ာ့သြားတယ္။ ဝင္ေတာ့ ဝင္တာေပါ့။ ပံုမွန္ထက္ ေနာက္က်သြားတယ္ဆိုေတာ့ ေရာင္းရဝယ္ရတာက အခက္အခဲ တခ်ိိဳ႕ျဖစ္လာတယ္ “ဟု မူဆယ္ကုန္စည္ဒိုင္မွ မနန္းခရြန္ဆာက ေျပာသည္။
မူဆယ္ကုန္သြယ္ေရးလမ္းေၾကာင္း ျပည္ေထာင္စုလမ္းမႀကီး ကြတ္ခိုင္ၿမိဳ႕နယ္အတြင္းတြင္ မတ္လ (၁၄)ႏွင့္ (၁၅) ရက္ေန႔မ်ားတြင္ ေျမာက္ပိုင္းမဟာမိတ္ တပ္ဖြဲ႔ဝင္မ်ားက ကုန္တင္ယာဥ္မ်ားႏွင့္ ခရီးသည္တင္ ယာဥ္မ်ားအား တားဆီးကာ ဆက္ေၾကးေကာက္ခံျခင္း၊ ကုန္တင္ကားမ်ားအား ေသာ့ျဖဳတ္သိမ္းျခင္း၊ ကားဘီးမ်ားအား ေသနတ္ျဖင့္ပစ္ျခင္းတို႔ျဖင့္ ယာဥ္ေၾကာပိတ္ဆိို႔ရန္ လုပ္ေဆာင္မႈမ်ား ျပဳလုပ္ခဲ့ၾကျခင္းျဖစ္သည္။
“ပြဲရံုကိုေတာ့ ကားေတြက အစီးေရအရဆိုရင္ေတာ့ ပံုမွန္ေလာက္ပဲ ဝင္ေနပါတယ္။ အခ်ိန္ ေနာက္က်သြားတာပဲ ရွိတာေပ့ါ။ ကုန္ဝင္ကုန္ထြက္လည္း ပံုမွန္ေလာက္ပါပဲ။ လမ္းမွာ ပိတ္မိေနတယ္ဆိုလည္း ခဏေနစစ္တပ္က လာရွင္းေပးလိုက္ေတာ့ ျပန္ပြင့္ၿပီး သြားႏိုင္ လာႏိုင္ ျဖစ္သြားတယ္ဆိုေတာ့ အဝင္အထြက္ သိသိသာသာေတာ့ မေလ်ာ့သြားေသးဘူး”ဟု ခြာညိဳသစ္သီးပြဲရံုမွ ဦးစိုင္းခင္ေမာင္က ေျပာသည္။
ဆက္ေၾကးေကာက္သည့္ေန႔မ်ားတြင္ ယာဥ္ေၾကာပိတ္ဆို႔ရန္ လုပ္ေဆာင္သည့္အတြက္ ကုန္တင္ကားမ်ား မူဆယ္ကုန္သြယ္ေရးဇုန္သို႔ အဝင္ေနာက္က်ေသာ္လည္း ကုန္သည္မ်ားက ပံုမွန္တင္ပို႔မႈမ်ား လုပ္ေဆာင္ေနဆဲ ျဖစ္ေၾကာင္း သိရသည္။
“လမ္းပိတ္တယ္။ စစ္ျဖစ္တယ္။ ဆက္ေၾကးေကာက္တဲ့ အဲဒီသံုးရက္စလံုးမွာလည္း သစ္သီးကားေတြကေတာ့ တစ္ရက္ကို အစီးေရ (၃၀၀) ကေန (၄၀၀) ေလာက္ပံုမွန္ဝင္ေနတာပဲ။ အရင္ပံုမွန္ရက္ေတြက အဝင္အတိုင္းပဲ အေရအတြက္ကေတာ့ သိသိသာသာေလ်ာ့က်မသြားေသးဘူး။ သစ္သီးေစ်းႏႈန္းေတြလည္း အရင္လိုပံုမွန္ပဲ အေျပာင္းအလဲမရွိပါဘူး။ မဝင္ႏိုင္ေတာ့တာ မရွိေသးဘူး။ ေစာဝင္တာ ေနာက္က်ဝင္တာ ဒါပဲရွိတယ္။ ဒီမွာကေတာ့ အေရာင္းအဝယ္ကပံုမွန္ပဲရွိေသးတယ္ “ဟု ဦးစိုင္းခင္ေမာင္က ေျပာသည္။
မူဆယ္ - ကြတ္ခိုင္လမ္းပိုင္းတြင္ မတ္လ (၁၄ )ရက္ေန႔မွစ၍ ေျမာက္ပိုင္းမဟာမိတ္တပ္ဖြဲ႔ႏွင့္ တပ္မေတာ္ တို႔ ပစ္ခတ္တိုက္ခိုက္မႈျဖစ္ပြားခဲ့ၿပီးေနာက္ အဆိုပါလမ္းပိုင္းတြင္ လက္နက္ကိုင္အဖြဲ႕က ကားႀကီးတစ္စီးလွ်င္ က်ပ္ ငါးသိန္းႏႈန္းေတာင္းခံျခင္း၊ ယာဥ္ေမာင္းမ်ား၏ လက္ကိုင္ဖုန္းမ်ားအား သိမ္းဆည္းထားျခင္း၊ ကားႀကီးမ်ားအား လမ္းလယ္တြင္ရပ္တန္႔ေစကာ ကားတာယာမ်ား၊ ေလအိတ္မ်ားအား ေသနတ္ျဖင့္ပစ္ေဖာက္သြားျခင္းတို႔ေၾကာင့္ ယာဥ္ေမာင္းမ်ားႏွင့္ကုန္သည္မ်ားမွာ ဆံုးရံႈးနစ္နာမႈမ်ားရွိေနရေၾကာင္း သိရသည္။
“လမ္းအေျခအေနမေကာင္းလို႔ လံုၿခံဳမႈမရွိလို႔သာ လုပ္ငန္းကိုရပ္ထားရရင္ ငတ္ၿပီးေသရံုပဲရွိမွာေပါ့။ ဒါေပမယ့္ကြ်န္ေတာ္တို႔ကို ဒီလိုတရားမဝင္ေငြေၾကးေကာက္ခံ တာေတြ ကားဘီးေတြကိုပစ္ေဖာက္ပီး ဒုကၡေပးသြားတာေတြက်ေတာ့ ဘယ္သူမွမကယ္ဘူး။ ကုန္စည္ေတြ ပ်က္စီးတယ္။ လူေတြဒုကၡေရာက္တယ္။ ဒီလိုျဖစ္ခဲ့ေပါင္းလည္း မ်ားလွၿပီ။ ဒီဒုကၡေတြက ဘယ္ေတာ့မွ အဆံုးမသတ္ဘူး “ဟု လမ္းပိတ္ဆို႔မႈအား ရင္ဆိုင္ခဲ့ရသည့္ ယာဥ္ေမာင္းတစ္ဦး ကေျပာသည္။
လက္နက္ကိုင္အဖြဲ႕မ်ားက ဆက္ေၾကးေကာက္ခံမႈမ်ားမွာ ယခင္က တစ္ႏွစ္ပတ္လံုးတြင္ တစ္ႀကိမ္ သို႔မဟုတ္ ႏွစ္ႀကိမ္ေကာက္ခံေလ့ရိွေၾကာင္း သိရသည္။
သတင္း - ေနၿဖဳိးျမင့္
ဓာတ္ပံု - Maymyo Maung


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(မြောက်ပိုင်း) ပြည်ထောင်စုလမ်းမကြီး ကွတ်ခိုင်နှင့် မူဆယ်ကြားတွင် လက်နက်ကိုင် တပ်ဖွဲ့များက နှစ်ရက်ကြာ ဆက်ကြေးကောက်ခံမှုများကြောင့် မူဆယ်ကုန်သွယ်ရေးဇုန်သို့ ကုန်တင်ယာဉ် ဝင်ရောက်မှု အနည်းငယ်လျော့ကျသွားကြောင်း မူဆယ်ကုန်စည်ဒိုင်လုပ်ငန်းများမှ သိရသည်။
“လမ်းတစ်လျှောက်မှာ ပစ်ခတ်တာတွေ၊ ဆက်ကြေးကောက်တာတွေက ဆက်တိုက်လို ဖြစ်နေတာဆိုတော့ ကုန်ဝယ်ယူမယ့် ဝယ်လက်တွေက မလာရဲတော့တာတွေရှိတယ်။ ကုန်အဝင်လည်း လျော့သွားတယ်။ ဝင်တော့ ဝင်တာပေါ့။ ပုံမှန်ထက် နောက်ကျသွားတယ်ဆိုတော့ ရောင်းရဝယ်ရတာက အခက်အခဲ တချို့ဖြစ်လာတယ် “ဟု မူဆယ်ကုန်စည်ဒိုင်မှ မနန်းခရွန်ဆာက ပြောသည်။
မူဆယ်ကုန်သွယ်ရေးလမ်းကြောင်း ပြည်ထောင်စုလမ်းမကြီး ကွတ်ခိုင်မြို့နယ်အတွင်းတွင် မတ်လ (၁၄)နှင့် (၁၅) ရက်နေ့များတွင် မြောက်ပိုင်းမဟာမိတ် တပ်ဖွဲ့ဝင်များက ကုန်တင်ယာဉ်များနှင့် ခရီးသည်တင် ယာဉ်များအား တားဆီးကာ ဆက်ကြေးကောက်ခံခြင်း၊ ကုန်တင်ကားများအား သော့ဖြုတ်သိမ်းခြင်း၊ ကားဘီးများအား သေနတ်ဖြင့်ပစ်ခြင်းတို့ဖြင့် ယာဉ်ကြောပိတ်ဆို့ရန် လုပ်ဆောင်မှုများ ပြုလုပ်ခဲ့ကြခြင်းဖြစ်သည်။
“ပွဲရုံကိုတော့ ကားတွေက အစီးရေအရဆိုရင်တော့ ပုံမှန်လောက်ပဲ ဝင်နေပါတယ်။ အချိန် နောက်ကျသွားတာပဲ ရှိတာပေါ့။ ကုန်ဝင်ကုန်ထွက်လည်း ပုံမှန်လောက်ပါပဲ။ လမ်းမှာ ပိတ်မိနေတယ်ဆိုလည်း ခဏနေစစ်တပ်က လာရှင်းပေးလိုက်တော့ ပြန်ပွင့်ပြီး သွားနိုင် လာနိုင် ဖြစ်သွားတယ်ဆိုတော့ အဝင်အထွက် သိသိသာသာတော့ မလျော့သွားသေးဘူး”ဟု ခွာညိုသစ်သီးပွဲရုံမှ ဦးစိုင်းခင်မောင်က ပြောသည်။
ဆက်ကြေးကောက်သည့်နေ့များတွင် ယာဉ်ကြောပိတ်ဆို့ရန် လုပ်ဆောင်သည့်အတွက် ကုန်တင်ကားများ မူဆယ်ကုန်သွယ်ရေးဇုန်သို့ အဝင်နောက်ကျသော်လည်း ကုန်သည်များက ပုံမှန်တင်ပို့မှုများ လုပ်ဆောင်နေဆဲ ဖြစ်ကြောင်း သိရသည်။
“လမ်းပိတ်တယ်။ စစ်ဖြစ်တယ်။ ဆက်ကြေးကောက်တဲ့ အဲဒီသုံးရက်စလုံးမှာလည်း သစ်သီးကားတွေကတော့ တစ်ရက်ကို အစီးရေ (၃၀၀) ကနေ (၄၀၀) လောက်ပုံမှန်ဝင်နေတာပဲ။ အရင်ပုံမှန်ရက်တွေက အဝင်အတိုင်းပဲ အရေအတွက်ကတော့ သိသိသာသာလျော့ကျမသွားသေးဘူး။ သစ်သီးဈေးနှုန်းတွေလည်း အရင်လိုပုံမှန်ပဲ အပြောင်းအလဲမရှိပါဘူး။ မဝင်နိုင်တော့တာ မရှိသေးဘူး။ စောဝင်တာ နောက်ကျဝင်တာ ဒါပဲရှိတယ်။ ဒီမှာကတော့ အရောင်းအဝယ်ကပုံမှန်ပဲရှိသေးတယ် “ဟု ဦးစိုင်းခင်မောင်က ပြောသည်။
မူဆယ် - ကွတ်ခိုင်လမ်းပိုင်းတွင် မတ်လ (၁၄ )ရက်နေ့မှစ၍ မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့နှင့် တပ်မတော် တို့ ပစ်ခတ်တိုက်ခိုက်မှုဖြစ်ပွားခဲ့ပြီးနောက် အဆိုပါလမ်းပိုင်းတွင် လက်နက်ကိုင်အဖွဲ့က ကားကြီးတစ်စီးလျှင် ကျပ် ငါးသိန်းနှုန်းတောင်းခံခြင်း၊ ယာဉ်မောင်းများ၏ လက်ကိုင်ဖုန်းများအား သိမ်းဆည်းထားခြင်း၊ ကားကြီးများအား လမ်းလယ်တွင်ရပ်တန့်စေကာ ကားတာယာများ၊ လေအိတ်များအား သေနတ်ဖြင့်ပစ်ဖောက်သွားခြင်းတို့ကြောင့် ယာဉ်မောင်းများနှင့်ကုန်သည်များမှာ ဆုံးရှုံးနစ်နာမှုများရှိနေရကြောင်း သိရသည်။
“လမ်းအခြေအနေမကောင်းလို့ လုံခြုံမှုမရှိလို့သာ လုပ်ငန်းကိုရပ်ထားရရင် ငတ်ပြီးသေရုံပဲရှိမှာပေါ့။ ဒါပေမယ့်ကျွန်တော်တို့ကို ဒီလိုတရားမဝင်ငွေကြေးကောက်ခံ တာတွေ ကားဘီးတွေကိုပစ်ဖောက်ပီး ဒုက္ခပေးသွားတာတွေကျတော့ ဘယ်သူမှမကယ်ဘူး။ ကုန်စည်တွေ ပျက်စီးတယ်။ လူတွေဒုက္ခရောက်တယ်။ ဒီလိုဖြစ်ခဲ့ပေါင်းလည်း များလှပြီ။ ဒီဒုက္ခတွေက ဘယ်တော့မှ အဆုံးမသတ်ဘူး “ဟု လမ်းပိတ်ဆို့မှုအား ရင်ဆိုင်ခဲ့ရသည့် ယာဉ်မောင်းတစ်ဦး ကပြောသည်။
လက်နက်ကိုင်အဖွဲ့များက ဆက်ကြေးကောက်ခံမှုများမှာ ယခင်က တစ်နှစ်ပတ်လုံးတွင် တစ်ကြိမ် သို့မဟုတ် နှစ်ကြိမ်ကောက်ခံလေ့ရှိကြောင်း သိရသည်။
သတင်း - နဖြေိုးမြင့်
ဓာတ္ပံု - Maymyo Maung
 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~