ကယားျပည္နယ္ လြိဳင္ေကာ္ၿမိဳ႕ ႏွစ္ထပ္ေစ်းတြင္ မီးေလာင္မႈျဖစ္

ကယားျပည္နယ္ လြိဳင္ေကာ္ၿမိဳ႕ ႏွစ္ထပ္ေစ်းတြင္ မီးေလာင္မႈျဖစ္
မတ် 17, 2017
By Tachileik News Agency

ကယားျပည္နယ္ လြိဳင္ေကာ္ၿမိဳ႕  ေစ်းပိုင္းရပ္ကြက္ရွိ ႏွစ္ထပ္ေစ်း၏ ေအာက္ထပ္တြင္ မီးေလာင္မႈျဖစ္ပြားရာ သံထည္ပစၥည္းမ်ား သိုေလွာင္ထားသည့္ ဆိုင္ခန္းေနျဖစ္ေၾကာင္း သိရသည္။

မတ္လ(၁၇)ရက္ေန႔ နံနက္(၁၀း၁၅)နာရီ၀န္းက်င္က မီးစတင္ ေလာင္ကြ်မ္းခဲ့ရာ လြိဳင္ေကာ္ၿမိဳ႕နယ္ မီးသတ္တပ္ဖြဲ႔ႏွင့္ ျပည္သူမ်ားမွ ပူးေပါင္းမႈေၾကာင့္  နံနက္(၁၁)နာရီေက်ာ္မွာပင္  ၿငႇိမ္းသတ္ ႏိုင္ခဲ့ေၾကာင္း သိရသည္။
အဆိုပါ မီးေလာင္ကြ်မ္းသည့္ ဆိုင္ခန္းသည္ ႏွစ္ထပ္ေစ်းရွိ ဆိုင္ခန္းအမွတ္ (၃၇)ျဖစ္ၿပီး ဦးလွေစာသာ၏ သံထည္ပစၥည္းမ်ား သိုေလွာင္ေသာ ဆိုင္ခန္းျဖစ္ေၾကာင္းႏွင့္ မီးေလာင္ကြ်မ္းျခင္း ႏွင့္ ပတ္သက္၍ စစ္ေဆးမႈမ်ား ျပဳလုပ္ေနလွ်က္ရွိေၾကာင္း သိရွိရသည္။
သတင္း/ဓာတ္ပံု - ဆန္းၿဖဳိးထြန္း


~~~~~~~~⊰❂ unicode ~~~~~~~~

ကယားပြည်နယ် လွိုင်ကော်မြို့  ေဈေးပိုင်းရပ်ကွက်ရှိ နှစ်ထပ်ဈေး၏ အောက်ထပ်တွင် မီးလောင်မှုဖြစ်ပွားရာ သံထည်ပစ္စည်းများ သိုလှောင်ထားသည့် ဆိုင်ခန်းနဖြေစ်ကြောင်း သိရသည်။

မတ်လ(၁၇)ရက်နေ့ နံနက်(၁၀း၁၅)နာရီဝန်းကျင်က မီးစတင် လောင်ကျွမ်းခဲ့ရာ လွိုင်ကော်မြို့နယ်မီးသတ်တပ်ဖွဲ့နှင့် ပြည်သူများမှ ပူးပေါင်းမှုကြောင့် နံနက်(၁၁)နာရီကျော်မှာပင် ငြှိမ်းသတ် နိုင်ခဲ့ကြောင်း သိရသည်။

အဆိုပါ မီးလောင်ကျွမ်းသည့် ဆိုင်ခန်းသည် နှစ်ထပ်ဈေးရှိ ဆိုင်ခန်းအမှတ် (၃၇)ဖြစ်ပြီး ဦးလှစောသာ၏ သံထည်ပစ္စည်းများ သိုလှောင်သော ဆိုင်ခန်းဖြစ်ကြောင်းနှင့် မီးလောင်ကျွမ်းခြင်း နှင့် ပတ်သက်၍ စစ်ဆေးမှုများ ပြုလုပ်နေလျှက်ရှိကြောင်း သိရှိရသည်။

သတင်း/ဓာတ်ပုံ - ဆန်းဖြိုးထွန်း

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~