ရွမ္းေရွ႕က်ိဳင္းလပ္ၿမိဳ႕တြင္ လာအိုႏုိင္ငံမွ လွ်ပ္စစ္ဓါတ္အား စတင္အသံုးျပဳ

ရွမ္းေရွ႕က်ိဳင္းလပ္ၿမိဳ႕တြင္ လာအိုႏုိင္ငံမွ လွ်ပ္စစ္ဓါတ္အား စတင္အသံုးျပဳ
မတ် 27, 2017
By 🌸
လာအိုႏိုင္ငံမွလွ်ပ္စစ္မီးကို ပထမဆံုးအႀကိမ္ဝယ္ယူၿပီး ရွမ္းျပည္နယ္(အေရွ႕ပုိင္း) တာခ်ီလိတ္ခရုိင္၊ က်ဳိင္းလပ္ၿမဳိ႕မွ တာေလၿမိဳ႕အထိ လွ်ပ္စစ္မီးေပးေရးလုပ္ေဆာင္ေနရာ မတ္လ (၂၆)ရက္ေန႔မွစတင္၍ က်ိဳင္းလပ္ၿမိဳ႕ မွ အိမ္ေျခ (၂၀၀)အတြက္ (၅) မဂၢါဝပ္စတင္အသံုးျပဳႏုိင္ၿပီျဖစ္ေၾကာင္း သိရသည္။

လာအိုႏုိင္ငံမွ လွ်ပ္စစ္မီးဝယ္ယူအသံုးျပဳႏုိင္ေရးအတြက္ ၂၀၁၄ ခုႏွစ္ကတည္းက ညိႇႏိႈင္းခဲ့ျခင္းျဖစ္ၿပီး လာအုိျပည္သူ႔ဒီမုိကရက္တစ္ႏုိင္ငံမွ MCM ကုမၸဏီလီမိတက္ႏွင့္ ျမန္မာႏုိင္ငံမွ ရွင္းလံုထုတ္လုပ္မႈကုမၸဏီလီမိတက္တို႔ ပူးေပါင္းေဆာင္ရြက္ခဲ့ၿပီး  ၂၀၁၇ ခုႏွစ္တြင္ လွ်ပ္စစ္မီး စတင္အသံုးျပဳႏုိင္လာျခင္းျဖစ္ေၾကာင္း သိရသည္။

“ကၽြန္ေတာ္ ရွမ္းျပည္နယ္အတြင္း ပထမဆံုး တာဝန္ထမ္းေဆာင္တဲ့အခ်ိန္မွာ ဒီဘက္ေတြလည္း မီးရဖို႔ ႀကိဳးစားပါတယ္။ က်ိဳင္းလပ္ဘက္လိုေနရာမွာက်ေတာ့ စီးပြားေရးအရ တြက္ေျခမကိုက္ေတာ့ ဘယ္သူမွမလုပ္ခ်င္ ၾကဘူး။ တာေလၿမိဳ႕အထိ လွ်ပ္စစ္မီးသြယ္တန္းဖို႔ဆိုတာ က်ပ္သိန္းငါးေသာင္းေက်ာ္ေက်ာ္ ကုန္က်မွာ ျဖစ္တယ္။ လတ္တေလာေတာ့ အက်ိဳးအျမတ္ျပန္ရမွာ မဟုတ္ဘူး။ ဒီေတာ့ ေဒသဖြံ႕ၿဖိဳးတိုးတက္ေရးအတြက္ လုပ္ ေပးပါဆိုၿပီး ကုမၸဏီဘက္ကိုလည္း ရွင္းျပရတာေပါ့”ဟု တာခ်ီလိတ္ခရိုင္အုပ္ခ်ဳပ္ေရးမွဴး ဦးတင္ဝင္းေရႊက ေျပာသည္။

က်ဳိင္းလပ္ၿမဳိ႕မွ  ကီလုိမီတာ (၃၀)ခန္႔ကြာေ၀းသည့္ လာအုိႏုိင္ငံ၊ မုိင္းေလာင္းၿမဳိ႕နယ္မွ ၂၀၁၆ ခုႏွစ္ ေအာက္တုိဘာလမွစတင္၍ လွ်ပ္စစ္မီးသြယ္တန္းျခင္းေဆာင္ရြက္ခဲ့ၿပီး မီတာတပ္ဆင္ခအျဖစ္ ထုိင္းဘတ္ေငြ ႏွစ္ေသာင္းငါးေထာင္အား သံုးရစ္အရစ္က်ေငြေပးသြင္းစနစ္ျဖင့္ က်ဳိင္းလပ္ၿမဳိ႕ရွိ အိမ္ေျခ(၂၀၀)ခန္႔အား စတင္ျဖန္႔ျဖဴးေပးျခင္းျဖစ္ေၾကာင္း သိရသည္။

လတ္တေလာတြင္ လွ်ပ္စစ္ဓါတ္အားသြယ္တန္းရသည့္ ခရီးအကြာအေဝးႏွင့္ အိမ္ေျခနည္းပါးျခင္းတို႔ေၾကာင့္ လွ်ပ္စစ္ဓါတ္အား အျပည့္အဝရရိွေရးႏွင့္ လွ်ပ္စစ္ဓါတ္အားအသံုးျပဳခႏႈန္းထားေလ်ာ့နည္းေရးတို႔တြင္ အခက္အခဲအနည္းငယ္ ရွိေနေသာ္လည္း ေနာက္ပိုင္းကာလမ်ားတြင္ လွ်ပ္စစ္ဓါတ္အား အသံုးျပဳခႏႈန္းထားမ်ား ေလွ်ာ့ခ်ေပးႏုိင္ရန္ ညိႇႏိႈင္းေဆာင္ရြက္ထားေၾကာင္း သိရသည္။

“ က်ိဳင္းလပ္ဘက္မွာဆို တခ်ိဳ႕က အိမ္ေျခ (၁၅)လံုး၊ (၂၀)ေလာက္ဆိိုေတာ့ လွ်ပ္စစ္မီးသြယ္တန္းရာမွာ ကုန္က်စရိတ္မ်ားေတာ့ ကုမၸဏီေတြဘက္က ၾကည့္ရင္ေတာ့ မကိုက္ဘူးေပါ့။ လွ်ပ္စစ္မီးသြယ္တန္းရတဲ့စရိတ္နဲ႔ ေလလြင့္တဲ့ဓါတ္အားလည္း ရိွေသးတယ္။ ခရီးအကြာအေဝးက ေဝးေလ လွ်ပ္စစ္ဓါတ္အား အျပည့္အဝရရိွမႈမွာ ေလ်ာ့နည္းသြားတယ္။ ဒါေပမဲ့ ဒီဘက္ေဒသေတြအားလံုး လွ်ပ္စစ္မီးအသံုးျပဳႏုိင္ေရးအတြက္ေတာ့ ႀကိဳးစားညိႇႏိႈင္း ေဆာင္ရြက္ေနပါတယ္”ဟု ခရိုင္အုပ္ခ်ဳပ္ေရးမွဴး ဦးတင္ဝင္းေရႊက ေျပာသည္။

က်ိဳင္းလပ္ၿမိဳ႕ လွ်ပ္စစ္မီးစတင္ျဖန္႔ေဝျခင္းအခမ္းအနားအား မတ္လ (၂၆)ရက္ေန႔က က်ိဳင္းလပ္ၿမိဳ႕တြင္ က်င္းပရာ ရွမ္းျပည္နယ္အစုိးရအဖဲြ႕ဝင္၀န္ႀကီးမ်ားျဖစ္သည့္ ျပည္နယ္လွ်ပ္စစ္ စြမ္းအင္ႏွင့္ စက္မႈ၀န္ႀကီး     ဦးေဆြသိန္း၊ ျပည္နယ္စည္ပင္သာယာေရး၀န္ႀကီး ဦးစုိင္းစံြဆုိင္း၊ ျပည္နယ္ဘ႑ာေရး၀န္ႀကီး ဦးစုိင္းရွဲန္တစ္လံု၊ တာခ်ီလိတ္ခရုိင္အုပ္ခ်ဳပ္ေရးမွဴး ဦးတင္၀င္းေရႊ ၊ ရွင္းလံုထုတ္လုပ္ေရးကုမၸဏီမွ   မန္ေနဂ်င္းဒါရုိက္တာ ဦးစုိင္းထြန္းလႈိင္၊  လာအုိျပည္သူ႔ဒီမုိကရက္တစ္ႏုိင္ငံမွ   လွ်ပ္စစ္ စြမ္းအင္ႏွင့္စက္မႈ၀န္ႀကီးဌာန ဒုတိယ၀န္   ႀကီး Mr. Baunma Mani Vong ႏွင့္ တာ၀န္ရွိသူမ်ား တက္ေရာက္ၾကေၾကာင္း သိရသည္။

ရွမ္းျပည္နယ္အေရွ႕ပိုင္း တာခ်ီလိတ္ခရိုင္အေနျဖင့္ ထုိင္းႏုိင္ငံမွ လွ်ပ္စစ္ဓါတ္အားႏွင့္ ေဒသတြင္း ေရအားလွ်ပ္စစ္အခ်ိဳ႕မွ လွ်ပ္စစ္ဓါတ္အားမ်ားကို ေဒသတြင္း ျဖန္႕ျဖဴးရန္ မလံုေလာက္သျဖင့္ လာအိုႏုိင္ငံမွ လွ်ပ္စစ္ဓါတ္အားကို ပထမဆံုးအႀကိမ္ စတင္ဝယ္ယူအသံုးျပဳျခင္းျဖစ္ေၾကာင္း သိရသည္။

သတင္း #ခ်ယ္ရီထုိက္
ဓါတ္ပံု #ေဝယံလင္း

~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းရှေ့ကျိုင်းလပ်မြို့တွင် လာအိုနိုင်ငံမှ လျှပ်စစ်ဓါတ်အား စတင်အသုံးပြု
************
လာအိုနိုင်ငံမှလျှပ်စစ်မီးကို ပထမဆုံးအကြိမ်ဝယ်ယူပြီး ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်ခရိုင်၊ ကျိုင်းလပ်မြို့မှ တာလေမြို့အထိ လျှပ်စစ်မီးပေးရေးလုပ်ဆောင်နေရာ မတ်လ (၂၆)ရက်နေ့မှစတင်၍ ကျိုင်းလပ်မြို့ မှ အိမ်ခြေ (၂၀၀)အတွက် (၅) မဂ္ဂါဝပ်စတင်အသုံးပြုနိုင်ပြီဖြစ်ကြောင်း သိရသည်။

လာအိုနိုင်ငံမှ လျှပ်စစ်မီးဝယ်ယူအသုံးပြုနိုင်ရေးအတွက် ၂၀၁၄ ခုနှစ်ကတည်းက ညှိနှိုင်းခဲ့ခြင်းဖြစ်ပြီး လာအိုပြည်သူ့ဒီမိုကရက်တစ်နိုင်ငံမှ MCM ကုမ္ပဏီလီမိတက်နှင့် မြန်မာနိုင်ငံမှ ရှင်းလုံထုတ်လုပ်မှုကုမ္ပဏီလီမိတက်တို့ ပူးပေါင်းဆောင်ရွက်ခဲ့ပြီး  ၂၀၁၇ ခုနှစ်တွင် လျှပ်စစ်မီး စတင်အသုံးပြုနိုင်လာခြင်းဖြစ်ကြောင်း သိရသည်။

“ကျွန်တော် ရှမ်းပြည်နယ်အတွင်း ပထမဆုံး တာဝန်ထမ်းဆောင်တဲ့အချိန်မှာ ဒီဘက်တွေလည်း မီးရဖို့ ကြိုးစားပါတယ်။ ကျိုင်းလပ်ဘက်လိုနေရာမှာကျတော့ စီးပွားရေးအရ တွက်ခြေမကိုက်တော့ ဘယ်သူမှမလုပ်ချင် ကြဘူး။ တာလေမြို့အထိ လျှပ်စစ်မီးသွယ်တန်းဖို့ဆိုတာ ကျပ်သိန်းငါးသောင်းကျော်ကျော် ကုန်ကျမှာ ဖြစ်တယ်။ လတ်တလောတော့ အကျိုးအမြတ်ပြန်ရမှာ မဟုတ်ဘူး။ ဒီတော့ ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် လုပ် ပေးပါဆိုပြီး ကုမ္ပဏီဘက်ကိုလည်း ရှင်းပြရတာပေါ့”ဟု တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်ဝင်းရွှေက ပြောသည်။

ကျိုင်းလပ်မြို့မှ  ကီလိုမီတာ (၃၀)ခန့်ကွာဝေးသည့် လာအိုနိုင်ငံ၊ မိုင်းလောင်းမြို့နယ်မှ ၂၀၁၆ ခုနှစ် အောက်တိုဘာလမှစတင်၍ လျှပ်စစ်မီးသွယ်တန်းခြင်းဆောင်ရွက်ခဲ့ပြီး မီတာတပ်ဆင်ခအဖြစ် ထိုင်းဘတ်ငွေ နှစ်သောင်းငါးထောင်အား သုံးရစ်အရစ်ကျငွေပေးသွင်းစနစ်ဖြင့် ကျိုင်းလပ်မြို့ရှိ အိမ်ခြေ(၂၀၀)ခန့်အား စတင်ဖြန့်ဖြူးပေးခြင်းဖြစ်ကြောင်း သိရသည်။

လတ်တလောတွင် လျှပ်စစ်ဓါတ်အားသွယ်တန်းရသည့် ခရီးအကွာအဝေးနှင့် အိမ်ခြေနည်းပါးခြင်းတို့ကြောင့် လျှပ်စစ်ဓါတ်အား အပြည့်အဝရရှိရေးနှင့် လျှပ်စစ်ဓါတ်အားအသုံးပြုခနှုန်းထားလျော့နည်းရေးတို့တွင် အခက်အခဲအနည်းငယ် ရှိနေသော်လည်း နောက်ပိုင်းကာလများတွင် လျှပ်စစ်ဓါတ်အား အသုံးပြုခနှုန်းထားများ လျှော့ချပေးနိုင်ရန် ညှိနှိုင်းဆောင်ရွက်ထားကြောင်း သိရသည်။

“ ကျိုင်းလပ်ဘက်မှာဆို တချို့က အိမ်ခြေ (၁၅)လုံး၊ (၂၀)လောက်ဆိိုတော့ လျှပ်စစ်မီးသွယ်တန်းရာမှာ ကုန်ကျစရိတ်များတော့ ကုမ္ပဏီတွေဘက်က ကြည့်ရင်တော့ မကိုက်ဘူးပေါ့။ လျှပ်စစ်မီးသွယ်တန်းရတဲ့စရိတ်နဲ့ လေလွင့်တဲ့ဓါတ်အားလည်း ရှိသေးတယ်။ ခရီးအကွာအဝေးက ဝေးလေ လျှပ်စစ်ဓါတ်အား အပြည့်အဝရရှိမှုမှာ လျော့နည်းသွားတယ်။ ဒါပေမဲ့ ဒီဘက်ဒေသတွေအားလုံး လျှပ်စစ်မီးအသုံးပြုနိုင်ရေးအတွက်တော့ ကြိုးစားညှိနှိုင်း ဆောင်ရွက်နေပါတယ်”ဟု ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်ဝင်းရွှေက ပြောသည်။

ကျိုင်းလပ်မြို့ လျှပ်စစ်မီးစတင်ဖြန့်ဝေခြင်းအခမ်းအနားအား မတ်လ (၂၆)ရက်နေ့က ကျိုင်းလပ်မြို့တွင် ကျင်းပရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများဖြစ်သည့် ပြည်နယ်လျှပ်စစ် စွမ်းအင်နှင့် စက်မှုဝန်ကြီး     ဦးဆွေသိန်း၊ ပြည်နယ်စည်ပင်သာယာရေးဝန်ကြီး ဦးစိုင်းစွံဆိုင်း၊ ပြည်နယ်ဘဏ္ဍာရေးဝန်ကြီး ဦးစိုင်းရှဲန်တစ်လုံ၊ တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်ဝင်းရွှေ ၊ ရှင်းလုံထုတ်လုပ်ရေးကုမ္ပဏီမှ   မန်နေဂျင်းဒါရိုက်တာ ဦးစိုင်းထွန်းလှိုင်၊  လာအိုပြည်သူ့ဒီမိုကရက်တစ်နိုင်ငံမှ   လျှပ်စစ် စွမ်းအင်နှင့်စက်မှုဝန်ကြီးဌာန ဒုတိယဝန်   ကြီး Mr. Baunma Mani Vong နှင့် တာဝန်ရှိသူများ တက်ရောက်ကြကြောင်း သိရသည်။

ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်ခရိုင်အနေဖြင့် ထိုင်းနိုင်ငံမှ လျှပ်စစ်ဓါတ်အားနှင့် ဒေသတွင်း ရေအားလျှပ်စစ်အချို့မှ လျှပ်စစ်ဓါတ်အားများကို ဒေသတွင်း ဖြန့်ဖြူးရန် မလုံလောက်သဖြင့် လာအိုနိုင်ငံမှ လျှပ်စစ်ဓါတ်အားကို ပထမဆုံးအကြိမ် စတင်ဝယ်ယူအသုံးပြုခြင်းဖြစ်ကြောင်း သိရသည်။

သတင်း #ချယ်ရီထိုက်
ဓါတ်ပုံ #ဝေယံလင်း

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~