ကယားျပည္နယ္တြင္း႐ွိ ၿမိဳ႕ဝင္ေၾကးေကာက္ခံေသာ ဂိတ္မ်ားအားလုံး မတ္လကုန္အၿပီးဖ်က္သိမ္းမည္

ကယားျပည္နယ္တြင္း႐ွိ ၿမိဳ႕ဝင္ေၾကးေကာက္ခံေသာ ဂိတ္မ်ားအားလုံး မတ္လကုန္အၿပီးဖ်က္သိမ္းမည္
မတ် 19, 2017
By Tachileik News Agency
ကယားျပည္နယ္ အတြင္း႐ွိ ၿမိဳ႕ဝင္ေၾကးေကာက္ခံေသာ ဂိတ္မ်ားကို မတ္လ (၃၁) ရက္ေန႔တြင္ အၿပီးဖ်က္သိမ္း သြားမည္ျဖစ္ၿပီး ဘီးခြန္ေကာက္သည့္စနစ္ေျပာင္းလဲရန္ ျပည္နယ္စည္ပင္သာယာေရး ဦးစီးဌာနႏွင့္ ကုန္လမ္းပို႔ေဆာင္ေရး ၫႊန္ၾကားမႈဦးစီးဌာနတို႔ ပူးေပါင္း လုပ္ေဆာင္သြားမည္ျဖစ္ေၾကာင္း သိရသည္။
ၿမိဳ႕ဝင္ေၾကးဘီးခြန္မ်ားကို ပုဂၢလိက လုပ္ငန္း႐ွင္မ်ားအား သက္ဆိုင္ရာႏွစ္အလိုက္ ေလလံေပး၍ ၿမိဳ႕ဝင္လမ္း မႀကီးေပၚတြင္ ဂိတ္မ်ားျပဳလုပ္၍ ေကာက္ခံေသာစနစ္အစား ကုန္းလမ္းပို႔ေဆာင္ေရး ၫႊန္ၾကားမႈဦးစီးဌာနတြင္ ယာဥ္လိုင္စင္မ်ားႏွင့္ ယာဥ္လိုင္စင္ သက္တမ္းတိုး လုပ္ေဆာင္ခ်ိန္တြင္ ႏွစ္အလိုက္ ဘီးခြန္မ်ားကို တစ္ပါတည္း ေပးေဆာင္ရမည့္ စနစ္အား ေျပာင္းလဲ က်င့္သံုးသြားေတာ့မည္ျဖစ္ေၾကာင္း ကယားျပည္နယ္ စည္ပင္သာယာေရးဦးစီးဌာန လက္ေထာက္ ၫႊန္ၾကားေရးမွဴး ဦးသန္းထြန္းထံမွ သိရသည္။
" ခုကၽြန္ေတာ္တို႔ အားလုံး စီစဥ္ထားပါၿပီ။ ဝန္ထမ္းေတြေရာေပါ့။ ေကာက္မယ့္ပုံစံက ကညန ဆိုင္ကယ္၊ ကား ေတြကို သက္တမ္းလာတိုးတဲ့ အခါ လိုင္စင္လာလုပ္တဲ့အခါ ဘီးခြန္ကို တစ္ခါတည္း ေဆာင္ရမယ္။ ကညန ကေပးတဲ့ သက္တမ္း အတိုင္းေပါ့။ ႏွစ္ႏွစ္ဆို ဘီးခြန္လည္း ႏွစ္ႏွစ္စာ ေဆာင္ရမွာေပါ့။ အဲဒီေတာ့ ဘယ္လို ျဖစ္သြားမလဲဆို ဆိုင္ကယ္၊ ကား လိုင္စင္သက္တမ္း တိုးမယ္။ လိုင္စင္လုပ္မယ္ဆို အရင္ဆုံး ဘီးခြန္ေဆာင္ရမယ္။ အဲဒီ ဘီးခြန္ေဆာင္တဲ့ ေျပစာပါမွ လိုင္စင္လုပ္ေပးမယ္။ သက္တမ္းတိုးေပးမယ္။ အဲဒီလိုေလးေတြ လုပ္သြားမယ္။ လမ္းေပၚမွာေတာ့ ဘာဂိတ္မွ မ႐ွိေတာ့ဘူးေပါ့။ အကုန္ ဖ်က္သိမ္းပစ္မွာပါ "ဟု ကယားျပည္နယ္ စည္ပင္သာယာေရးဦးစီးဌာန လက္ေထာက္ၫႊန္ၾကားေရးမွဴး ဦးသန္းထြန္းက ေျပာသည္။
လက္ရွိၿမိဳ႕ဝင္ေၾကး ဘီးခြန္ေကာက္ခံသည့္ စနစ္အရ ဆိုင္ကယ္တစ္စီးလွ်င္ က်ပ္ (၂၀၀)၊ ကား အမ်ိဳးအစားအလိုက္ တစ္စီး က်ပ္ (၃၀၀)မွ က်ပ္(၁၀၀၀) အထိ ဂိတ္ျဖတ္သန္းခ ေပးေဆာင္ေနရျခင္းျဖစ္ၿပီး ေျပာင္းလဲေကာက္ခံမည့္ စနစ္အရ ဆိုင္ကယ္တစ္စီးလွ်င္ တစ္ႏွစ္စာ ဘီးခြန္အျဖစ္ က်ပ္ (၃၀၀၀)၊ ကားအမ်ိဳးအစားအလိုက္ တစ္ႏွစ္လွ်င္က်ပ္ (၅၀၀၀)မွ က်ပ္(၂၀၀၀၀) အထိ ေပးသြင္းရမည္ျဖစ္ေၾကာင္း သိရသည္။
ကုန္းလမ္း ပို႔ေဆာင္ေရးၫႊန္ၾကားမႈ ဦးစီးဌာန၏ ဥပေဒအရ ယခုေျပာင္းလဲ ေကာက္ခံသည့္ စနစ္ မ႐ွိေသာ္လည္း လမ္းေပၚတြင္ ေကာက္ခံသည့္ စနစ္မွာ အမ်ားျပည္သူ မလိုလားသျဖင့္ ျပည္နယ္အစိုးရ ၫႊန္ၾကားမႈျဖင့္ ေျပာင္းလဲလိုက္ျခင္း ျဖစ္ေၾကာင္း ကယားျပည္နယ္ ကုန္းလမ္းပို႔ေဆာင္ေရး ၫႊန္ၾကားမႈဦးစီးဌာန လက္ေထာက္ ၫႊန္ၾကားေရးမွဴး ေဒၚနန္းစိုးစိုးဟက္ထံမွ သိရသည္။
" ဥပေဒမွာေတာ့ မ႐ွိေပမဲ့ ကြ်န္မတို႔ အထက္ရဲ႕ ၫႊန္ၾကားမႈအရရယ္ ျပည္သူေတြ အဆင္ေျပေအာင္ ပူေပါင္းေပးတာေပါ့။ ကြ်န္မတို႔ဆီမွာ ဆိုင္ကယ္၊ ကားေတြ သက္တမ္းတိုးမယ္ လိုင္စင္လုပ္မယ္ဆို ကြ်န္မတို႔ ႐ုံးမွာ စည္ပင္သာယာက ဘီးခြန္ေကာက္ဖ္ို႔ ေနရာတစ္ခုေပးထားတယ္။ အဲဒီမွာ ဘီးခြန္အရင္ေဆာင္ရမယ္။ အဲဒီမွာေဆာင္ၿပီးမွသာ အမတို႔က သက္တမ္းတိုးေပးမယ္။ လိုင္စင္လုပ္ေပးမယ္ေပါ့။ ဒီႏွစ္ေတာ့ ဒီလိုလုပ္သြားေပးမယ္။ လုပ္ထုံးလုပ္နည္းအရဆို လိုင္စင္သက္တမ္းလာတိုးရင္ အာမခံေဆာင္ရမယ္ ၿပီးေတာ့ဘီးခြန္ေဆာင္ရမယ္ အဲဒီေျပစာေတြပါမွ အမတို႔က သက္တမ္းတိုးေပးမွာေပါ့။ ျပည္သူေတြ အသားက်သြားရင္ ေနာက္ဆို စည္ပင္႐ုံးမွာ သြားေဆာင္မယ္။ ၿပီးမွ အမတို႔ ကညန ဆီလာမယ္ေပါ့ ။ဒီလုိလုပ္ေပးသြားမွာပါ " ဟု ေဒၚနန္းစိုးစိုးဟက္က ေျပာသည္။
ဘီးခြန္အား ကညန ၏ ယဥ္လိုင္စင္ သက္တမ္းအတိုင္း ေကာက္ခံမည္ျဖစ္ၿပီး ဘီးခြန္ ေဆာင္ထားၿပီးယာဥ္မ်ား တစ္ျပည္နယ္လုံးတြင္ သြားလာခြင့္ေပးရန္ႏွင့္ ျပည္သူမ်ားအား အသိပညာေပး ဗီႏို္င္းမ်ား စိုက္၍ ဘီးခြန္စနစ္သစ္အား ႐ွင္းလင္း အသိပညာေပးရန္ စည္ပင္သာယာေရးဌာနအား ေတာင္းဆိုထားေၾကာင္း ၎ထံမွ သိရသည္။
" အခုစနစ္သစ္က ျပည္နယ္သားတိုင္း ယဥ္တစ္စီးမွာ အခြန္ေဆာင္ၿပီးသားျဖစ္သြားမွာပါ ။ အခြန္လည္း တိတိက်က်ရမယ္။ ေနာက္တစ္ခ်က္က ဒီလိုဂိတ္နဲ႔ ေကာက္တာကို လုံးဝကိုမလိုလားတာ။ အခု ဖ်က္သိမ္းမယ္ဆိုေတာ့ ေကာင္းတာေပါ့။ ဂိတ္နဲ႔ဆို ေလလံေပးထားေတာ့ သူတို႔အျမတ္ရေအာင္ ဓားျပတိုက္သလိုကို ေအာ္ဟစ္ၿပီးေတာင္းေနၾကတာေလ။ ခုဖ်က္သိမ္းလိုက္တာ အရမ္းေကာင္းပါတယ္ "ဟု လိြဳင္ေကာ္ၿမိဳ႕မွ ေဒသခံ ကိုေဝယံမင္းသူက ေျပာသည္။
ဘီးခြန္အား လမ္းတြင္ဝါးတား၍ ေကာက္ခံေနသည့္စနစ္အား ျပဳျပင္ေပးရန္ ျပည္သူမ်ားက ေတာင္းဆိုခဲ့ၿပီးေနာက္ ယင္းကဲ့သို႔ ေျပာင္းလဲလိုက္ျခင္းျဖစ္ၿပီး ျပည္နယ္ရန္ပုံေငြ ယခင္ကထက္ တိုးလာႏိုင္ေသာ္လည္း အျခားျပည္နယ္တိုင္းမ်ားမွ ဝင္ေရာက္လာမည့္ ယာဥ္မ်ားမွ အခြန္ဆံုးရံႈးမႈမ်ား ျဖစ္လာမည္ဟု ကုန္းလမ္းပို႔ေဆာင္ေရး ၫႊန္ၾကားမႈဦးစီးဌာနမွ ဆိုသည္။
"ဒီစနစ္အရ ဒို႔ျပည္နယ္သားေတြကေတာ့ အကုန္အခြန္ေဆာင္ၿပီးသား ျဖစ္ေပမယ့္ တျခားျပည္နယ္ေတြက လာတဲ့ကားေတြကေတာ့ ဒီဂိတ္ႀကီးေတြ မ႐ွိေတာ့ အခြန္ေပးစရာ မလိုေတာ့ဘဲ ျဖစ္သြားမယ္။ အဲဒီေတာ့ တျခားျပည္နယ္က ဒို႔ကိုေပးရမယ့္ ေငြေတြ အခြန္ေတြ မရေတာ့ဘူး။ သူတို႔ျပည္နယ္ကို သြားရင္ေတာ့ ဒို႔လူေတြက အခြန္ေပးရမယ္။ သူတို႔ဆီက ရမယ့္ အခြန္ေတြေတာ့ ဆုံး႐ႈံးကုန္တာေပါ့ "ဟု ကယားျပည္နယ္ စည္ပင္သာယာေရးဦးစီးဌာန လက္ေထာက္ၫႊန္ၾကားေရးမွဴး ဦးသန္းထြန္းက ေျပာသည္။ 
မတ္လ (၃၁) ရက္ေန႔တြင္ တစ္ျပည္နယ္လုံး႐ွိ ၿမိဳ႕ဝင္ဘီးခြန္ဂိတ္မ်ားကို ဖ်က္သိမ္းကာ စနစ္သစ္အား လာမည့္ ဧၿပီလ (၁) ရက္ေန႔တြင္ စတင္မည္ျဖစ္ၿပီး မတ္လ(၃၁)ရက္တြင္ သက္တမ္း ကုန္ဆံုးေတာ့မည့္ ကယားတစ္ျပည္နယ္လုံး ဘီးခြန္ေၾကးေကာက္ခံခြင့္ကို က်ပ္သိန္း (၅၀၀)ေက်ာ္ျဖင့့္ ေလလံေပးထားခဲ့ျခင္း ျဖစ္ေၾကာင္း သိရသည္။
သတင္း - ဆန္းၿဖဳိးထြန္း
~~~~~~~~⊰❂ unicode ~~~~~~~~
ကယားပြည်နယ် အတွင်းရှိ မြို့ဝင်ကြေးကောက်ခံသော ဂိတ်များကို မတ်လ (၃၁) ရက်နေ့တွင် အပြီးဖျက်သိမ်း သွားမည်ဖြစ်ပြီး ဘီးခွန်ကောက်သည့်စနစ်ပြောင်းလဲရန် ပြည်နယ်စည်ပင်သာယာရေး ဦးစီးဌာနနှင့် ကုန်လမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနတို့ ပူးပေါင်း လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။

မြို့ဝင်ကြေးဘီးခွန်များကို ပုဂ္ဂလိက လုပ်ငန်းရှင်များအား သက်ဆိုင်ရာနှစ်အလိုက် လေလံပေး၍ မြို့ဝင်လမ်း မကြီးပေါ်တွင် ဂိတ်များပြုလုပ်၍ ကောက်ခံသောစနစ်အစား ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနတွင် ယာဉ်လိုင်စင်များနှင့် ယာဉ်လိုင်စင် သက်တမ်းတိုး လုပ်ဆောင်ချိန်တွင် နှစ်အလိုက် ဘီးခွန်များကို တစ်ပါတည်း ပေးဆောင်ရမည့် စနစ်အား ပြောင်းလဲ ကျင့်သုံးသွားတော့မည်ဖြစ်ကြောင်း ကယားပြည်နယ် စည်ပင်သာယာရေးဦးစီးဌာန လက်ထောက် ညွှန်ကြားရေးမှူး ဦးသန်းထွန်းထံမှ သိရသည်။

" ခုကျွန်တော်တို့ အားလုံး စီစဉ်ထားပါပြီ။ ဝန်ထမ်းတွေရောပေါ့။ ကောက်မယ့်ပုံစံက ကညန ဆိုင်ကယ်၊ ကား တွေကို သက်တမ်းလာတိုးတဲ့ အခါ လိုင်စင်လာလုပ်တဲ့အခါ ဘီးခွန်ကို တစ်ခါတည်း ဆောင်ရမယ်။ ကညန ကပေးတဲ့ သက်တမ်း အတိုင်းပေါ့။ နှစ်နှစ်ဆို ဘီးခွန်လည်း နှစ်နှစ်စာ ဆောင်ရမှာပေါ့။ အဲဒီတော့ ဘယ်လို ဖြစ်သွားမလဲဆို ဆိုင်ကယ်၊ ကား လိုင်စင်သက်တမ်း တိုးမယ်။ လိုင်စင်လုပ်မယ်ဆို အရင်ဆုံး ဘီးခွန်ဆောင်ရမယ်။ အဲဒီ ဘီးခွန်ဆောင်တဲ့ ပြေစာပါမှ လိုင်စင်လုပ်ပေးမယ်။ သက်တမ်းတိုးပေးမယ်။ အဲဒီလိုလေးတွေ လုပ်သွားမယ်။ လမ်းပေါ်မှာတော့ ဘာဂိတ်မှ မရှိတော့ဘူးပေါ့။ အကုန် ဖျက်သိမ်းပစ်မှာပါ "ဟု ကယားပြည်နယ် စည်ပင်သာယာရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးသန်းထွန်းက ပြောသည်။

လက်ရှိမြို့ဝင်ကြေး ဘီးခွန်ကောက်ခံသည့် စနစ်အရ ဆိုင်ကယ်တစ်စီးလျှင် ကျပ် (၂၀၀)၊ ကား အမျိုးအစားအလိုက် တစ်စီး ကျပ် (၃၀၀)မှ ကျပ်(၁၀၀၀) အထိ ဂိတ်ဖြတ်သန်းခ ပေးဆောင်နေရခြင်းဖြစ်ပြီး ပြောင်းလဲကောက်ခံမည့် စနစ်အရ ဆိုင်ကယ်တစ်စီးလျှင် တစ်နှစ်စာ ဘီးခွန်အဖြစ် ကျပ် (၃၀၀၀)၊ ကားအမျိုးအစားအလိုက် တစ်နှစ်လျှင်ကျပ် (၅၀၀၀)မှ ကျပ်(၂၀၀၀၀) အထိ ပေးသွင်းရမည်ဖြစ်ကြောင်း သိရသည်။

ကုန်းလမ်း ပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာန၏ ဥပဒေအရ ယခုပြောင်းလဲ ကောက်ခံသည့် စနစ် မရှိသော်လည်း လမ်းပေါ်တွင် ကောက်ခံသည့် စနစ်မှာ အများပြည်သူ မလိုလားသဖြင့် ပြည်နယ်အစိုးရ ညွှန်ကြားမှုဖြင့် ပြောင်းလဲလိုက်ခြင်း ဖြစ်ကြောင်း ကယားပြည်နယ် ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်နန်းစိုးစိုးဟက်ထံမှ သိရသည်။

" ဥပဒေမှာတော့ မရှိပေမဲ့ ကျွန်မတို့ အထက်ရဲ့ ညွှန်ကြားမှုအရရယ် ပြည်သူတွေ အဆင်ပြေအောင် ပူပေါင်းပေးတာပေါ့။ ကျွန်မတို့ဆီမှာ ဆိုင်ကယ်၊ ကားတွေ သက်တမ်းတိုးမယ် လိုင်စင်လုပ်မယ်ဆို ကျွန်မတို့ ရုံးမှာ စည်ပင်သာယာက ဘီးခွန်ကောက်ဖို့် နေရာတစ်ခုပေးထားတယ်။ အဲဒီမှာ ဘီးခွန်အရင်ဆောင်ရမယ်။ အဲဒီမှာဆောင်ပြီးမှသာ အမတို့က သက်တမ်းတိုးပေးမယ်။ လိုင်စင်လုပ်ပေးမယ်ပေါ့။ ဒီနှစ်တော့ ဒီလိုလုပ်သွားပေးမယ်။ လုပ်ထုံးလုပ်နည်းအရဆို လိုင်စင်သက်တမ်းလာတိုးရင် အာမခံဆောင်ရမယ် ပြီးတော့ဘီးခွန်ဆောင်ရမယ် အဲဒီပြေစာတွေပါမှ အမတို့က သက်တမ်းတိုးပေးမှာပေါ့။ ပြည်သူတွေ အသားကျသွားရင် နောက်ဆို စည်ပင်ရုံးမှာ သွားဆောင်မယ်။ ပြီးမှ အမတို့ ကညန ဆီလာမယ်ပေါ့။ဒီလိုလုပ်ပေးသွားမှာပါ " ဟု ဒေါ်နန်းစိုးစိုးဟက်က ပြောသည်။

ဘီးခွန်အား ကညန၏ ယဉ်လိုင်စင် သက်တမ်းအတိုင်း ကောက်ခံမည်ဖြစ်ပြီး ဘီးခွန် ဆောင်ထားပြီးယာဉ်များ တစ်ပြည်နယ်လုံးတွင် သွားလာခွင့်ပေးရန်နှင့် ပြည်သူများအား အသိပညာပေး ဗီနို်င်းများ စိုက်၍ ဘီးခွန်စနစ်သစ်အား ရှင်းလင်း အသိပညာပေးရန် စည်ပင်သာယာရေးဌာနအား တောင်းဆိုထားကြောင်း၎င်းထံမှ သိရသည်။

" အခုစနစ်သစ်က ပြည်နယ်သားတိုင်း ယဉ်တစ်စီးမှာ အခွန်ဆောင်ပြီးသားဖြစ်သွားမှာပါ။ အခွန်လည်း တိတိကျကျရမယ်။ နောက်တစ်ချက်က ဒီလိုဂိတ်နဲ့ ကောက်တာကို လုံးဝကိုမလိုလားတာ။ အခု ဖျက်သိမ်းမယ်ဆိုတော့ ကောင်းတာပေါ့။ ဂိတ်နဲ့ဆို လေလံပေးထားတော့ သူတို့အမြတ်ရအောင် ဓားပြတိုက်သလိုကို အော်ဟစ်ပြီးတောင်းနကြေတာလေ။ ခုဖျက်သိမ်းလိုက်တာ အရမ်းကောင်းပါတယ် "ဟု လွိုင်ကော်မြို့မှ ဒေသခံ ကိုဝေယံမင်းသူက ပြောသည်။

ဘီးခွန်အား လမ်းတွင်ဝါးတား၍ ကောက်ခံနေသည့်စနစ်အား ပြုပြင်ပေးရန် ပြည်သူများက တောင်းဆိုခဲ့ပြီးနောက် ယင်းကဲ့သို့ ပြောင်းလဲလိုက်ခြင်းဖြစ်ပြီး ပြည်နယ်ရန်ပုံငွေ ယခင်ကထက် တိုးလာနိုင်သော်လည်း အခြားပြည်နယ်တိုင်းများမှ ဝင်ရောက်လာမည့် ယာဉ်များမှ အခွန်ဆုံးရှုံးမှုများ ဖြစ်လာမည်ဟု ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနမှ ဆိုသည်။

"ဒီစနစ်အရ ဒို့ပြည်နယ်သားတွေကတော့ အကုန်အခွန်ဆောင်ပြီးသား ဖြစ်ပေမယ့် တခြားပြည်နယ်တွေက လာတဲ့ကားတွေကတော့ ဒီဂိတ်ကြီးတွေ မရှိတော့ အခွန်ပေးစရာ မလိုတော့ဘဲ ဖြစ်သွားမယ်။ အဲဒီတော့ တခြားပြည်နယ်က ဒို့ကိုပေးရမယ့် ငွေတွေ အခွန်တွေ မရတော့ဘူး။ သူတို့ပြည်နယ်ကို သွားရင်တော့ ဒို့လူတွေက အခွန်ပေးရမယ်။ သူတို့ဆီက ရမယ့် အခွန်တွေတော့ ဆုံးရှုံးကုန်တာပေါ့ "ဟု ကယားပြည်နယ် စည်ပင်သာယာရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးသန်းထွန်းက ပြောသည်။

မတ်လ (၃၁) ရက်နေ့တွင် တစ်ပြည်နယ်လုံးရှိ မြို့ဝင်ဘီးခွန်ဂိတ်များကို ဖျက်သိမ်းကာ စနစ်သစ်အား လာမည့် ဧပြီလ (၁) ရက်နေ့တွင် စတင်မည်ဖြစ်ပြီး မတ်လ(၃၁)ရက်တွင် သက်တမ်း ကုန်ဆုံးတော့မည့် ကယားတစ်ပြည်နယ်လုံး ဘီးခွန်ကြေးကောက်ခံခွင့်ကို ကျပ်သိန်း (၅၀၀)ကျော်ဖြင့် လေလံပေးထားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

သတင်း - ဆန်းဖြိုးထွန်း

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~