လိဳြင္ေကာ္ၿမိဳ႕တြင္ ပဲျပဳတ္အိုးတည္ထားရာမွ ေနအိမ္မီးဖိုေဆာင္တစ္လံုး မီးေလာင္

လိဳြင္ေကာ္ၿမိဳ႕တြင္ ပဲျပဳတ္အိုးတည္ထားရာမွ ေနအိမ္မီးဖိုေဆာင္တစ္လံုး မီးေလာင္
မတ် 8, 2017
By Tachileik News Agency

ကယားျပည္နယ္ ၊ လိြဳင္ေကာ္ၿမိဳ႕ မိုင္းလုံးရပ္ကြက္ အုပ္စု(၆)႐ွိ ေနအိမ္တြင္ မီးဖိုေဆာင္တစ္လုံး မတ္လ (၈) ရက္ေန႔ ည(၁၀)နာရီ (၄၀)မိနစ္က မီးေလာင္ကြၽမ္းမႈျဖစ္ပြားေၾကာင္း သိရသည္။

ေနအိမ္ အေနာက္ဘက္တြင္ သီးျခားေဆာက္လုပ္ထားသည့္ သြပ္မိုး၊ ဝါးထရံကာ ၊ ေျမစိုက္ မီးဖိုေဆာင္၌ ပဲျပဳတ္အိုး တည္ထားရာမွ မီးစတင္ ေလာင္ကၽြမ္းျခင္းျဖစ္ၿပီး ည (၁၁)နာရီခန္႔တြင္ မီးၿငိွမ္းသတ္ႏုိင္ လိုက္ေၾကာင္း သိရသည္။

အဆိုပါ မီးေလာင္မႈအား ရပ္ကြက္တြင္းမွ ျပည္သူမ်ားႏွင့္ လိြဳင္ေကာ္မီးသတ္တပ္ဖြဲ႕တို႔က ဝိုင္းဝန္း ၿငိွမ္းသတ္ႏုိင္ခဲ့သျဖင့္ အျခားေနအိမ္မ်ားသို႔ ကူးစက္ေလာင္ကၽြမ္းျခင္းမရိွေၾကာင္း သိရသည္။

သတင္း/ဓာတ္ပံု - ဆန္းၿဖဳိးထြန္း


~~~~~~~~⊰❂ unicode ~~~~~~~~

ကယားပြည်နယ်၊ လွိုင်ကော်မြို့ မိုင်းလုံးရပ်ကွက် အုပ်စု(၆)ရှိ နေအိမ်တွင် မီးဖိုဆောင်တစ်လုံး မတ်လ (၈) ရက်နေ့ ည(၁၀)နာရီ (၄၀)မိနစ်က မီးလောင်ကျွမ်းမှုဖြစ်ပွားကြောင်း သိရသည်။

နေအိမ် အနောက်ဘက်တွင် သီးခြားဆောက်လုပ်ထားသည့် သွပ်မိုး၊ ဝါးထရံကာ၊ မြေစိုက် မီးဖိုဆောင်၌ ပဲပြုတ်အိုး တည်ထားရာမှ မီးစတင် လောင်ကျွမ်းခြင်းဖြစ်ပြီး ည (၁၁)နာရီခန့်တွင် မီးငြှိမ်းသတ်နိုင် လိုက်ကြောင်း သိရသည်။

အဆိုပါ မီးလောင်မှုအား ရပ်ကွက်တွင်းမှ ပြည်သူများနှင့် လွိုင်ကော်မီးသတ်တပ်ဖွဲ့တို့က ဝိုင်းဝန်း ငြှိမ်းသတ်နိုင်ခဲ့သဖြင့် အခြားနေအိမ်များသို့ ကူးစက်လောင်ကျွမ်းခြင်းမရှိကြောင်း သိရသည်။

သတင်း/ဓာတ်ပုံ - ဆန်းဖြိုးထွန်း

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~