ၿငိမ္းခ်မ္းေရးရမည့္အခ်ိန္ကို ေမွ်ာ္လင့္ခ်က္ႀကီးႀကီးမထားရန္ KNPP ဒု ဥကၠဌဆို

ၿငိမ္းခ်မ္းေရးရမည့္အခ်ိန္ကို ေမွ်ာ္လင့္ခ်က္ႀကီးႀကီးမထားရန္ KNPP ဒု ဥကၠဌဆို
မတ် 30, 2017
By 🌸
မၾကာမီကာလအတြင္း ၿငိမ္းခ်မ္းေရးရမည္ဟု ေမွ်ာ္လင့္လုပ္ေဆာင္ေနေသာ္လည္း ျပည္သူမ်ားအေနျဖင့္ ေမွ်ာ္လင့္ခ်က္ႀကီးႀကီးမထားမိရန္ ကရင္နီအမ်ိဳးသားတိုးတက္ေရးပါတီ(KNPP)ဒုဥကၠဌခူးဦးရယ္က ကရင္နီႏွစ္သစ္ကူးေန႔တြင္ ေျပာၾကားလုိက္သည္။

 “ကၽြန္ေတာ္တို႔ ေမွ်ာ္လင့္ေနတဲ့ ၿငိမ္းခ်မ္းေရးရဖို႔ နီးသလား ေဝးသးလားလို႔ေမးရင္ ကၽြန္ေတာ္ တိတိက်က် မေျပာႏိုင္ပါဘူး။ ကၽြန္ေတာ့့္အေနနဲ႔ ေျပာႏိုင္တာကေတာ့ မၾကာေသာကာလမွာ ေမွ်ာ္လင့္ေနတဲ့ၿငိမ္းခ်မ္းေရး ဟာ မေႏွးမျမန္ရလာေတာ့မယ္လို႕ ေမွ်ာ္လင့္ပါတယ္။ ရေအာင္လည္း ဆက္ၿပီး ႀကိဳးပမ္းပါမယ္။ သို႕ေသာ္ ဒီေနရာမွာ မိဘျပည္သူမ်ားကို ကၽြန္ေတာ္အသိေပးလိုတာကေတာ့ ေမွ်ာ္လင့္ခ်က္မထားပါနဲ႔လို႕ ကၽြန္ေတာ္ မတားလိုသလို ေမွ်ာ္လင့္ခ်က္ႀကီးႀကီးထားပါလို႔လည္း ကၽြန္ေတာ္မတိုက္တြန္းလိုဘူး။ ကၽြန္ေတာ္တို႕ တန္ရာတန္ရာ စဥ္းစားၿပီးေတာ့ တန္ရာတန္ရာ ဆက္သြားရမွာပဲ ျဖစ္ပါတယ္ ”ဟု ကရင္နီႏွစ္သစ္ကူးေန႔တြင္ ခူးဦးရယ္က ေျပာဆိုလိုက္သည္။

ယခင္အစိုးရလက္ထက္က စတင္လာသည့္ ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္အား ယခုအစိုးရလက္ထက္တြင္ အျမန္ဆုံး ေဖာ္ေဆာင္ႏိုင္ေရး လုပ္ေဆာင္ေနၿပီး KNPP အေနျဖင့္ မည္သည့္အစိုးရအဖြဲ႕ျဖင့္ျဖစ္ေစ ၿငိမ္းခ်မ္းေရးရသည္ အထိ လုပ္ေဆာင္သြားမည္ဟု ဆုံးျဖတ္ထားေၾကာင္း ခူးဦးရယ္က ဆိုသည္။

“ကၽြန္ေတာ္တို႔က လူမသိသူမသိစားပြဲဝိုင္းမွာက်ိတ္ၿပီးေတာ့ ႏိုင္ငံေရးကစားေနၾကသလား။အတိုင္အေဖာက္ လုပ္ေနၾကသလားလို႔ ျပည္သူလူထုက အဲဒီလိုအျမင္ေတြရွိေနတယ္လို႔ ကၽြန္ေတာ္ရိပ္မိပါတယ္။ အဲဒီေတာ့ ကၽြန္ေတာ္တို႔ ဝိုးတိုးဝါးတား ဝိုင္းက်ိတ္ၿပီးေတာ့ မေကာင္းႀကံေနတာမရွိပါဘူး။ ႀကံခ်င္တဲ့သူေတြ ရွိေကာင္းရွိမယ္။ ကၽြန္ေတာ္ အာမ မခံပါဘူး”ဟု ခူးဦးရယ္က ဆိုသည္။

လက္ရိွတြင္ တုိင္းရင္းသားလက္နက္ကိုင္အဖြဲ႕အမ်ားစုကအပစ္ရပ္သေဘာတူညီမႈျဖင့္ ၿငိမ္းခ်မ္းေရးေဆြးေႏြးမႈမ်ား လုပ္ေဆာင္ေနေသာ္လည္း  တစ္ႏိုင္ငံလုံးအတိုင္းအတာ ျပည္တြင္းၿငိမ္းခ်မ္းေရး ရရိွေရးကို ျပည္သူမ်ားအေနျဖင့္ ေမွ်ာ္လင့္ခ်က္ ႀကီးစြာထားေနေၾကာင္း လိြဳင္ေကာ္ၿမိဳ႕မွ ေဒသခံ ကိုဆူးရယ္ က ေျပာသည္။

“မၿငိမ္းခ်မ္းတဲ့ ေဒသမွာ ရွင္သန္လာသူေတြကေတာ့ ၿငိမ္းခ်မ္းေရးအေပၚကိုေတာ့ ေမွ်ာ္လင့္ခ်က္ႀကီး မိတာ မွားသလားေပါ့။ တိုင္းရင္းသားလက္နက္ကိုင္နဲ႔ အစိုးရ သူတို႔လုပ္ေနတဲ့ ၿငိမ္းခ်မ္းေရး ကတိကဝတ္ေတြ မလိုက္နာမႈစတဲ့ အခ်က္ေတြကို ျမင္ေနရေတာ့ ဒီအေပၚ သံသယ ရွိတာေတာ့ ဟုတ္ပါတယ္။ စစ္မွန္တဲ့ ၿငိမ္းခ်မ္းေရးကို အနာဂတ္ တိုင္းျပည္အတြက္ သားသမီးေတြအတြက္ႏွစ္ဖက္လုံးသေဘာထားႀကီးၿပီး ေဖာ္ေဆာင္ ေပးၾကပါလို႕ပဲ တိုက္တြန္းခ်င္တယ္ ”ဟု ကိုဆူးရယ္က ေျပာသည္။

လက္ရိွၿငိမ္းခ်မ္းေရးေဆြးေႏြးမႈတြင္ ပါဝင္ေဆြးေႏြးေနသည့္ KNPP အေနျဖင့္ၿငိမ္းခ်မ္းေရးရသည္အထိလုပ္ ေဆာင္သြားရန္ ဆုံးျဖတ္ထားၿပီး ျပည္သူလူထုကလည္း ပူးေပါင္းပါဝင္ေပးၾကရန္ ကရင္နီအမ်ိဳးသားတိုးတက္ေရးပါတီ ဒုဥကၠဌ ျဖစ္သူ UNFC အေထြေထြအတြင္းေရးမွဴးလည္းျဖစ္သည့္ ခူးဦးရယ္က တိုက္တြန္းထားသည္။

၁၉၅၇ ခုႏွစ္တြင္ စတင္ဖြဲ႕စည္းခဲ့သည့္ KNPP သည္ ၂၀၁၂ ခုႏွစ္ မတ္လ (၇) ရက္ေန႔တြင္ အစိုးရႏွင့္ အပစ္အခတ္ရပ္စဲေရး သေဘာတူညီမႈအသစ္ျဖင့္ ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္တြင္ ပါဝင္ေဆြးေႏြးေနသည့္ အဖြဲ႕တစ္ဖြဲ႕ျဖစ္သည္။

သတင္း၊ ဓါတ္ပံု #ဆန္းၿဖိဳးထြန္း

~~~~~~~~⊰❂ unicode ~~~~~~~~

ငြိမ်းချမ်းရေးရမည့်အချိန်ကို မျှော်လင့်ချက်ကြီးကြီးမထားရန် KNPP ဒု ဥက္ကဌဆို
************
မကြာမီကာလအတွင်း ငြိမ်းချမ်းရေးရမည်ဟု မျှော်လင့်လုပ်ဆောင်နေသော်လည်း ပြည်သူများအနေဖြင့် မျှော်လင့်ချက်ကြီးကြီးမထားမိရန် ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP)ဒုဥက္ကဌခူးဦးရယ်က ကရင်နီနှစ်သစ်ကူးနေ့တွင် ပြောကြားလိုက်သည်။

 “ကျွန်တော်တို့ မျှော်လင့်နေတဲ့ ငြိမ်းချမ်းရေးရဖို့ နီးသလား ဝေးသးလားလို့မေးရင် ကျွန်တော် တိတိကျကျ မပြောနိုင်ပါဘူး။ ကျွန်တော့့်အနေနဲ့ ပြောနိုင်တာကတော့ မကြာသောကာလမှာ မျှော်လင့်နေတဲ့ငြိမ်းချမ်းရေး ဟာ မနှေးမမြန်ရလာတော့မယ်လို့ မျှော်လင့်ပါတယ်။ ရအောင်လည်း ဆက်ပြီး ကြိုးပမ်းပါမယ်။ သို့သော် ဒီနေရာမှာ မိဘပြည်သူများကို ကျွန်တော်အသိပေးလိုတာကတော့ မျှော်လင့်ချက်မထားပါနဲ့လို့ ကျွန်တော် မတားလိုသလို မျှော်လင့်ချက်ကြီးကြီးထားပါလို့လည်း ကျွန်တော်မတိုက်တွန်းလိုဘူး။ ကျွန်တော်တို့ တန်ရာတန်ရာ စဉ်းစားပြီးတော့ တန်ရာတန်ရာ ဆက်သွားရမှာပဲ ဖြစ်ပါတယ် ”ဟု ကရင်နီနှစ်သစ်ကူးနေ့တွင် ခူးဦးရယ်က ပြောဆိုလိုက်သည်။

ယခင်အစိုးရလက်ထက်က စတင်လာသည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အား ယခုအစိုးရလက်ထက်တွင် အမြန်ဆုံး ဖော်ဆောင်နိုင်ရေး လုပ်ဆောင်နေပြီး KNPP အနေဖြင့် မည်သည့်အစိုးရအဖွဲ့ဖြင့်ဖြစ်စေ ငြိမ်းချမ်းရေးရသည် အထိ လုပ်ဆောင်သွားမည်ဟု ဆုံးဖြတ်ထားကြောင်း ခူးဦးရယ်က ဆိုသည်။

“ကျွန်တော်တို့က လူမသိသူမသိစားပွဲဝိုင်းမှာကျိတ်ပြီးတော့ နိုင်ငံရေးကစားနေကြသလား။အတိုင်အဖောက် လုပ်နေကြသလားလို့ ပြည်သူလူထုက အဲဒီလိုအမြင်တွေရှိနေတယ်လို့ ကျွန်တော်ရိပ်မိပါတယ်။ အဲဒီတော့ ကျွန်တော်တို့ ဝိုးတိုးဝါးတား ဝိုင်းကျိတ်ပြီးတော့ မကောင်းကြံနေတာမရှိပါဘူး။ ကြံချင်တဲ့သူတွေ ရှိကောင်းရှိမယ်။ ကျွန်တော် အာမ မခံပါဘူး”ဟု ခူးဦးရယ်က ဆိုသည်။

လက်ရှိတွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အများစုကအပစ်ရပ်သဘောတူညီမှုဖြင့် ငြိမ်းချမ်းရေးဆွေးနွေးမှုများ လုပ်ဆောင်နေသော်လည်း  တစ်နိုင်ငံလုံးအတိုင်းအတာ ပြည်တွင်းငြိမ်းချမ်းရေး ရရှိရေးကို ပြည်သူများအနေဖြင့် မျှော်လင့်ချက် ကြီးစွာထားနေကြောင်း လွိုင်ကော်မြို့မှ ဒေသခံ ကိုဆူးရယ် က ပြောသည်။

“မငြိမ်းချမ်းတဲ့ ဒေသမှာ ရှင်သန်လာသူတွေကတော့ ငြိမ်းချမ်းရေးအပေါ်ကိုတော့ မျှော်လင့်ချက်ကြီး မိတာ မှားသလားပေါ့။ တိုင်းရင်းသားလက်နက်ကိုင်နဲ့ အစိုးရ သူတို့လုပ်နေတဲ့ ငြိမ်းချမ်းရေး ကတိကဝတ်တွေ မလိုက်နာမှုစတဲ့ အချက်တွေကို မြင်နေရတော့ ဒီအပေါ် သံသယ ရှိတာတော့ ဟုတ်ပါတယ်။ စစ်မှန်တဲ့ ငြိမ်းချမ်းရေးကို အနာဂတ် တိုင်းပြည်အတွက် သားသမီးတွေအတွက်နှစ်ဖက်လုံးသဘောထားကြီးပြီး ဖော်ဆောင် ပေးကြပါလို့ပဲ တိုက်တွန်းချင်တယ် ”ဟု ကိုဆူးရယ်က ပြောသည်။

လက်ရှိငြိမ်းချမ်းရေးဆွေးနွေးမှုတွင် ပါဝင်ဆွေးနွေးနေသည့် KNPP အနေဖြင့်ငြိမ်းချမ်းရေးရသည်အထိလုပ် ဆောင်သွားရန် ဆုံးဖြတ်ထားပြီး ပြည်သူလူထုကလည်း ပူးပေါင်းပါဝင်ပေးကြရန် ကရင်နီအမျိုးသားတိုးတက်ရေးပါတီ ဒုဥက္ကဌ ဖြစ်သူ UNFC အထွေထွေအတွင်းရေးမှူးလည်းဖြစ်သည့် ခူးဦးရယ်က တိုက်တွန်းထားသည်။

၁၉၅၇ ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့သည့် KNPP သည် ၂၀၁၂ ခုနှစ် မတ်လ (၇) ရက်နေ့တွင် အစိုးရနှင့် အပစ်အခတ်ရပ်စဲရေး သဘောတူညီမှုအသစ်ဖြင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် ပါဝင်ဆွေးနွေးနေသည့် အဖွဲ့တစ်ဖွဲ့ဖြစ်သည်။

သတင်း၊ ဓါတ်ပုံ #ဆန်းဖြိုးထွန်း

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~