ကြတ္ခိုင္ၿမိဳ႕ နမ့္ဖတ္ကာေက်းရြာအနီး ပစ္ခတ္မႈမ်ားေၾကာင့္ အရပ္သားကေလးတစ္ဦး ဦးေခါင္း ဒဏ္ရာရ

ကြတ္ခိုင္ၿမိဳ႕ နမ့္ဖတ္ကာေက်းရြာအနီး ပစ္ခတ္မႈမ်ားေၾကာင့္ အရပ္သားကေလးတစ္ဦး ဦးေခါင္း ဒဏ္ရာရ
မတ် 14, 2017
By Tachileik News Agency
ရွမ္းျပည္နယ္(ေျမာက္ပိုင္း) ကြတ္ခိုင္ၿမိဳ႕နယ္ နမ့္ဖတ္ကာေက်းရြာအနီးတြင္ မတ္လ (၁၄)ရက္ေန႔ နံနက္( ၄) နာရီခန္႔မွစ၍ ပစ္ခတ္မႈမ်ားျဖစ္ပြားခဲ့ရာ ေဒသခံကေလးတစ္ဦး ဦးေခါင္းတြင္ ဒဏ္ရာရရွိသျဖင့္ မူဆယ္ၿမိဳ႕ျပည္သူ႔ေဆးရံု အေရးေပၚဌာန၌ ခြဲစိတ္ကုသမႈ ခံယူေနရေၾကာင္း သိရသည္။
“မူဆယ္ေဆးရံုကိုေရာက္လာတဲ့ ကေလးက အသက္ (၁၃) ႏွစ္အရြယ္ ဆယ္ဆိုင္လု ဆိုတဲ့ မိန္းကေလးပါ။ ဒဏ္ရာက ေခါင္းမွာရတာဆိုေတာ့ စိုးရိမ္ရတဲ့အေနအထားမွာရွိပါတယ္။ ကြ်န္ေတာ္တို႔လည္း ကူညီစရာရွိတာ ကူညီေပးဖို႔ ေစာင့္ ေနပါတယ္ “ဟု မူဆယ္ၿမိဳ့ ကရုဏာလူမႈကူညီေရးအသင္းဥကၠဌ ဦးေသာင္းထြန္းက ေျပာသည္။
နမ့္ဖတ္ကာေက်းရြာအနီး နံနက္(၄)နာရီခန္႔က ပစ္ခတ္မႈျဖစ္ပြားေနစဥ္ နမ့္ဖတ္ကာ၏ အဝင္အထြက္ ေက်းရြာမ်ားျဖစ္သည့္ ပန္တေလာ့ေက်းရြာႏွင့္ နမ့္ကြတ္ေက်းရြာတို႔မွေန၍ လက္နက္ကိုင္အဖြဲ႕က လမ္းပိတ္ဆို႔ ထားေၾကာင္းသိရၿပီး နံနက္(၉)နာရီခန္႔တြင္မွ ပစ္ခတ္သံစဲသြားေၾကာင္း ေဒသခံမ်ားထံမွ သိရသည္။
“မနက္က ကားအသြား အလာေတာ့ ခဏရပ္သြားတယ္။ အခုေတာ့ ဆက္သြားေနၾကတာပဲ။ အဲဒီနား မေရာက္ေသးေတာ့ အေျခအေနေတာ့ မသိရေသးဘူးဗ်။ ဆင္းလာတဲ့ ကားေတြကေတာ့ အေျခအေန ၿငိမ္သြားၿပီလို႔ ေျပာတာပဲ။ ကြ်န္ေတာ္ကေတာ့ ခဏေစာင့္ၾကည့္ၿပီး အေျခအေန ေကာင္းမွ ဆက္တက္သြားမယ္“ဟု သိန္းနီၿမိဳ႕ အနီးသို႔ ေရာက္ရွိေနသည့္ ယာဥ္ေမာင္းအမ်ိဳးသားတစ္ဦးက ေျပာသည္။
အဆိုပါ ပစ္ခတ္မႈေၾကာင့္ နမ့္ဖတ္ကာေက်းရြာအတြင္း လက္နက္ႀကီး က်ည္ဆံက်ေရာက္ခဲ့ရာ လူေနအိမ္အခ်ိဳ႕ ထိခိုက္ပ်က္စီးမႈရွိခဲ့ၿပီး မေပါက္ကြဲ ေသးသည့္ လက္နက္ႀကီး က်ည္ဆံအခ်ိဳ႕အား သက္ဆိုင္ရာ နယ္ေျမခံ စစ္တပ္မွ တာဝန္ရွိသူမ်ား သြားေရာက္ ရွင္းလင္းေပးေနေၾကာင္း သိရသည္။
သတင္း - ေနၿဖဳိးျမင့္
~~~~~~~~⊰❂ unicode ~~~~~~~~
ရှမ်းပြည်နယ်(မြောက်ပိုင်း) ကွတ်ခိုင်မြို့နယ် နမ့်ဖတ်ကာကျေးရွာအနီးတွင် မတ်လ (၁၄)ရက်နေ့ နံနက်( ၄) နာရီခန့်မှစ၍ ပစ်ခတ်မှုများဖြစ်ပွားခဲ့ရာ ဒေသခံကလေးတစ်ဦး ဦးခေါင်းတွင် ဒဏ်ရာရရှိသဖြင့် မူဆယ်မြို့ပြည်သူ့ဆေးရုံ အရေးပေါ်ဌာန၌ ခွဲစိတ်ကုသမှု ခံယူနေရကြောင်း သိရသည်။

“မူဆယ်ဆေးရုံကိုရောက်လာတဲ့ ကလေးက အသက် (၁၃) နှစ်အရွယ် ဆယ်ဆိုင်လု ဆိုတဲ့ မိန်းကလေးပါ။ ဒဏ်ရာက ခေါင်းမှာရတာဆိုတော့ စိုးရိမ်ရတဲ့အနေအထားမှာရှိပါတယ်။ ကျွန်တော်တို့လည်း ကူညီစရာရှိတာ ကူညီပေးဖို့ စောင့် နေပါတယ် “ဟု မူဆယ်မြို့ ကရုဏာလူမှုကူညီရေးအသင်းဥက္ကဌ ဦးသောင်းထွန်းက ပြောသည်။

နမ့်ဖတ်ကာကျေးရွာအနီး နံနက်(၄)နာရီခန့်က ပစ်ခတ်မှုဖြစ်ပွားနေစဉ် နမ့်ဖတ်ကာ၏ အဝင်အထွက် ကျေးရွာများဖြစ်သည့် ပန်တလော့ကျေးရွာနှင့် နမ့်ကွတ်ကျေးရွာတို့မှနေ၍ လက်နက်ကိုင်အဖွဲ့က လမ်းပိတ်ဆို့ ထားကြောင်းသိရပြီး နံနက်(၉)နာရီခန့်တွင်မှ ပစ်ခတ်သံစဲသွားကြောင်း ဒေသခံများထံမှ သိရသည်။

“မနက်က ကားအသွား အလာတော့ ခဏရပ်သွားတယ်။ အခုတော့ ဆက်သွားနကြေတာပဲ။ အဲဒီနား မရောက်သေးတော့ အခြေအနေတော့ မသိရသေးဘူးဗျ။ ဆင်းလာတဲ့ ကားတွေကတော့ အခြေအနေ ငြိမ်သွားပြီလို့ ပြောတာပဲ။ ကျွန်တော်ကတော့ ခဏစောင့်ကြည့်ပြီး အခြေအနေ ကောင်းမှ ဆက်တက်သွားမယ်“ဟု သိန်းနီမြို့ အနီးသို့ ရောက်ရှိနေသည့် ယာဉ်မောင်းအမျိုးသားတစ်ဦးက ပြောသည်။

အဆိုပါ ပစ်ခတ်မှုကြောင့် နမ့်ဖတ်ကာကျေးရွာအတွင်း လက်နက်ကြီး ကျည်ဆံကျရောက်ခဲ့ရာ လူနေအိမ်အချို့ ထိခိုက်ပျက်စီးမှုရှိခဲ့ပြီး မပေါက်ကွဲ သေးသည့် လက်နက်ကြီး ကျည်ဆံအချို့အား သက်ဆိုင်ရာ နယ်မြေခံ စစ်တပ်မှ တာဝန်ရှိသူများ သွားရောက် ရှင်းလင်းပေးနေကြောင်း သိရသည်။

သတင်း - နဖြေိုးမြင့်

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~