လူ႔အခြင့္အေရး လူ႔ဂုဏ္သိကၡာ ခရီးသြားရုပ္ရွင္ပြဲေတာ္ တာခ်ီလိတ္တြင္ မတ္လ ၂၈ ရက္ေန႔ ျပသမည္

လူ႔အခြင့္အေရး လူ႔ဂုဏ္သိကၡာ ခရီးသြားရုပ္ရွင္ပြဲေတာ္ တာခ်ီလိတ္တြင္ မတ္လ ၂၈ ရက္ေန႔ ျပသမည္
မတ် 26, 2017
By 🌸
တိုင္းႏွင့္ျပည္နယ္အသီးသီးတြင္ လွည့္လည္ျပသေနသည့္ လူ႔အခြင့္အေရး လူ႔ဂုဏ္သိကၡာ ခရီးသြား ႐ုပ္ရွင္ပြဲေတာ္အား ရွမ္းျပည္နယ္အေရွ႕ပိုင္း တာခ်ီလိတ္ၿမိဳ႕ ရွမ္းရိုးမကြင္းတြင္ မတ္လ (၂၈) ရက္ေန႔ ည(၇)နာရီ၌ ျပသသြားမည္ ျဖစ္ေၾကာင္း သိရသည္။

အဆိုပါ ရုပ္ရွင္ပြဲေတာ္တြင္ ၂၀၁၆ ခုႏွစ္ လူ႔အခြင့္အေရး လူ႔ဂုဏ္သိကၡာ ရုပ္ရွင္ပြဲေတာ္မွ ဆုအသီးသီး ရရိွထားသည့္ မွတ္တမ္း႐ုပ္ရွင္မ်ား၊ ဇာတ္လမ္းတို႐ုပ္ရွင္မ်ားႏွင့္ ANIMATION ႐ုပ္ရွင္မ်ားကို အခမဲ့ျပသသြားမည္ျဖစ္ၿပီး ကၽြန္မ မလိုခ်င္တဲ့ ကၽြန္မဘဝ ၊ ေမွာ္ ၊ သားကေလးမ်ား ၊ ေပ်ာက္ဆံုးေျခရာ၊ ေရာင္းကုန္၊ ေသနတ္တစ္လက္နဲ႔မိန္းမ ရုပ္ရွင္ဇာတ္လမ္းတိုမ်ားအား ျပသသြားမည္ျဖစ္ေၾကာင္း သိရသည္။

၂၀၁၆ ခုႏွစ္တြင္ က်င္းပသည့္ စတုတၳအႀကိမ္ေျမာက္ လူ႔အခြင့္အေရး လူ႔ဂုဏ္သိကၡာ ႏိုင္ငံတကာ႐ုပ္ရွင္ပြဲေတာ္အား ဇြန္လ (၁၅)ရက္ေန႔မွ (၁၈)ရက္ေန႔အထိ  ရန္ကုန္ၿမိဳ႕တြင္ က်င္းပၿပီး ျပည္တြင္းျပည္ပ မွတ္တမ္း႐ုပ္ရွင္ ၊ ဇာတ္လမ္းတို႐ုပ္ရွင္ ႏွင့္ Animation ႐ုပ္ရွင္ စုစုေပါင္း (၄၁) ကားပါဝင္ ျပသခဲ့ျခင္းျဖစ္သည္။

လူ႔အခြင့္အေရး လူ႔ဂုဏ္သိကၡာရုပ္ရွင္ပြဲေတာ္အျဖစ္ ျပည္တြင္းျပည္ပမွ လူ႔အခြင့္အေရးဆုိင္ရာရုပ္ရွင္မ်ားအား ႏုိင္ငံအတြင္း လွည့္လည္ျပသျခင္းကို ၂၀၁၃ ခုႏွစ္ကတည္းက စတင္ေနျခင္းျဖစ္ရာ ၂ဝ၁၃ ခုႏွစ္တြင္ ႐ုပ္ရွင္ကား (၅၄) ကား၊ ၂ဝ၁၄ ခုႏွစ္တြင္ (၆၇) ကား၊ ၂ဝ၁၅ ခုႏွစ္တြင္ (၆၅) ကားႏွင့္ ၂၀၁၆ ခုႏွစ္တြင္ (၄၁) ကား ျပသခဲ့ေၾကာင္း သိရသည္။

သတင္း#အင္မုိင္ခ

~~~~~~~~⊰❂ unicode ~~~~~~~~

လူ့အခွင့်အရေး လူ့ဂုဏ်သိက္ခာ ခရီးသွားရုပ်ရှင်ပွဲတော် တာချီလိတ်တွင် မတ်လ ၂၈ ရက်နေ့ ပြသမည်
************

တိုင်းနှင့်ပြည်နယ်အသီးသီးတွင် လှည့်လည်ပြသနေသည့် လူ့အခွင့်အရေး လူ့ဂုဏ်သိက္ခာ ခရီးသွား ရုပ်ရှင်ပွဲတော်အား ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မြို့ ရှမ်းရိုးမကွင်းတွင် မတ်လ (၂၈) ရက်နေ့ ည(၇)နာရီ၌ ပြသသွားမည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ ရုပ်ရှင်ပွဲတော်တွင် ၂၀၁၆ ခုနှစ် လူ့အခွင့်အရေး လူ့ဂုဏ်သိက္ခာ ရုပ်ရှင်ပွဲတော်မှ ဆုအသီးသီး ရရှိထားသည့် မှတ်တမ်းရုပ်ရှင်များ၊ ဇာတ်လမ်းတိုရုပ်ရှင်များနှင့် ANIMATION ရုပ်ရှင်များကို အခမဲ့ပြသသွားမည်ဖြစ်ပြီး ကျွန်မ မလိုချင်တဲ့ ကျွန်မဘဝ ၊ မှော် ၊ သားကလေးများ ၊ ပျောက်ဆုံးခြေရာ၊ ရောင်းကုန်နှင့် သေနတ်တစ်လက်နဲ့မိန်းမ ဆုရရုပ်ရှင်ဇာတ်လမ်းတိုများအား ပြသသွားမည်ဖြစ်ကြောင်း သိရသည်။

၂၀၁၆ ခုနှစ်တွင် ကျင်းပသည့် စတုတ္ထအကြိမ်မြောက် လူ့အခွင့်အရေး လူ့ဂုဏ်သိက္ခာ နိုင်ငံတကာရုပ်ရှင်ပွဲတော်အား ဇွန်လ (၁၅)ရက်နေ့မှ (၁၈)ရက်နေ့အထိ  ရန်ကုန်မြို့တွင် ကျင်းပပြီး ပြည်တွင်းပြည်ပ မှတ်တမ်းရုပ်ရှင် ၊ ဇာတ်လမ်းတိုရုပ်ရှင် နှင့် Animation ရုပ်ရှင် စုစုပေါင်း (၄၁) ကားပါဝင် ပြသခဲ့ခြင်းဖြစ်သည်။

လူ့အခွင့်အရေး လူ့ဂုဏ်သိက္ခာရုပ်ရှင်ပွဲတော်အဖြစ် ပြည်တွင်းပြည်ပမှ လူ့အခွင့်အရေးဆိုင်ရာရုပ်ရှင်များအား နိုင်ငံအတွင်း လှည့်လည်ပြသခြင်းကို ၂၀၁၃ ခုနှစ်ကတည်းက စတင်နေခြင်းဖြစ်ရာ ၂ဝ၁၃ ခုနှစ်တွင် ရုပ်ရှင်ကား (၅၄) ကား၊ ၂ဝ၁၄ ခုနှစ်တွင် (၆၇) ကား၊ ၂ဝ၁၅ ခုနှစ်တွင် (၆၅) ကားနှင့် ၂၀၁၆ ခုနှစ်တွင် (၄၁) ကား ပြသခဲ့ကြောင်း သိရသည်။

သတင်း#အင်မိုင်ခ

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~