ေရပူအၿမဲတမ္းစစ္ေဆးေရးစခန္းတြင္ အေကာက္ခြန္မဲ့ ပစၥည္းမ်ား တင္ေဆာင္လာၿပီး ေမာင္းေျပးသည့္ ယာဥ္အား ဖမ္းဆီးအေရးယူထား

ေရပူအၿမဲတမ္းစစ္ေဆးေရးစခန္းတြင္ အေကာက္ခြန္မဲ့ ပစၥည္းမ်ား တင္ေဆာင္လာၿပီး ေမာင္းေျပးသည့္ ယာဥ္အား ဖမ္းဆီးအေရးယူထား
မတ် 20, 2017
By Tachileik News Agency
ရွမ္းျပည္နယ္(ေျမာက္ပိုင္း) မူဆယ္မွ မႏၱေလးသုိ႔ ေမာင္းနွင္လာသည့္ ခရီးသည္တင္ ယာဥ္တြင္ ခရီးသည္ တင္ေဆာင္လာျခင္း မျပဳဘဲ တရားမဝင္ကုန္မ်ား တင္ေဆာင္လာသည္ကို မတ္လ(၂၀)ရက္ေန႔ နံနက္(၈)နာရီ(၅၀)ခန္႔က ေရပူအၿမဲတမ္းစစ္ေဆးေရးစခန္း၌ စစ္ေဆးေတြ႔ရိွရေၾကာင္း သိရသည္။
“အရင္က တစ္ခါမွ ဒီလိုလူမပါဘဲ ဖမ္းမိတာမရွိပါဘူး။ ခရီးသည္ေတြ ပါလာရင္ေတာ့ ခရီးသည္က ိုျပန္လႊတ္ေပးပါတယ္။ ဒီမနက္မိတာက ခရီးသည္တစ္ေယာက္မွ မပါပါဘူး။ ေလာေလာဆယ္ေတာ့ စစ္ေဆးေနပါတယ္” ဟု ေရပူစစ္ေဆးေရးဂိတ္မွ အေကာက္ခြန္ဦးစီးဌာန လက္ေထာက္ညႊန္ၾကားေရးမွဴး ဦးေမာင္ေမာင္ျမတ္က တာခ်ီလိတ္သတင္းေအဂ်င္စီကို ေျပာသည္။
ေရပူစစ္ေဆးေရး စခန္းရွိ ပူးေပါင္းအဖြဲ႔မွ သတင္းရရိွထားသည့္ GI EXPRESS လိုင္း ယာဥ္အား တားဆီးစစ္ေဆးရာ ရပ္တန္႔မေပးဘဲ ေမာင္းႏွင္ထြက္ေျပးသျဖင့္ ပန္ဖတ္ရဲကင္းသုိ႔ သတင္းေပးပုိ႔ တားဆီးၿပီး ေရပူစခန္းသုိ႔ ျပန္လည္ေခၚေဆာင္ စစ္ေဆးျခင္းျဖစ္ေၾကာင္း သိရသည္။
အဆိုပါ ကားေပၚတြင္ အေကာက္ခြန္မဲ့ တင္ေဆာင္လာသည့္ စက္ပစၥည္းမ်ား၊ ကြန္ပ်ဴတာ ဆက္စပ္ပစၥည္းမ်ား၊ အလွကုန္မ်ား၊ အိမ္တြင္း အလွဆင္ပစၥည္းမ်ား၊ လူသုံးကုန္ ပစၥည္းမ်ား၊ ျခင္ေဆးဘူးမ်ား၊ ပိုးသတ္ေဆးမ်ားအား စစ္ေဆး ေတြ႔ရိွရေၾကာင္း သိရၿပီး ယာဥ္ေမာင္းတြင္ သတ္မွတ္ ယာဥ္ေမာင္းလုိင္စင္ မရိွေၾကာင္း သိရသည္။
သတင္း - ေနၿဖဳိးျမင့္
~~~~~~~~⊰❂ unicode ~~~~~~~~
ရှမ်းပြည်နယ်(မြောက်ပိုင်း) မူဆယ်မှ မန္တလေးသို့ မောင်းနှင်လာသည့် ခရီးသည်တင် ယာဉ်တွင် ခရီးသည် တင်ဆောင်လာခြင်း မပြုဘဲ တရားမဝင်ကုန်များ တင်ဆောင်လာသည်ကို မတ်လ(၂၀)ရက်နေ့ နံနက်(၈)နာရီ(၅၀)ခန့်က ရေပူအမြဲတမ်းစစ်ဆေးရေးစခန်း၌ စစ်ဆေးတွေ့ရှိရကြောင်း သိရသည်။

“အရင်က တစ်ခါမှ ဒီလိုလူမပါဘဲ ဖမ်းမိတာမရှိပါဘူး။ ခရီးသည်တွေ ပါလာရင်တော့ ခရီးသည်ကိုပြန်လွှတ်ပေးပါတယ်။ ဒီမနက်မိတာက ခရီးသည်တစ်ယောက်မှ မပါပါဘူး။ လောလောဆယ်တော့ စစ်ဆေးနေပါတယ်” ဟု ရေပူစစ်ဆေးရေးဂိတ်မှ အကောက်ခွန်ဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးမောင်မောင်မြတ်က တာချီလိတ်သတင်းအေဂျင်စီကို ပြောသည်။

ရေပူစစ်ဆေးရေး စခန်းရှိ ပူးပေါင်းအဖွဲ့မှ သတင်းရရှိထားသည့် GI EXPRESS လိုင်း ယာဉ်အား တားဆီးစစ်ဆေးရာ ရပ်တန့်မပေးဘဲ မောင်းနှင်ထွက်ပြေးသဖြင့် ပန်ဖတ်ရဲကင်းသို့ သတင်းပေးပို့ တားဆီးပြီး ရေပူစခန်းသို့ ပြန်လည်ခေါ်ဆောင် စစ်ဆေးခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ ကားပေါ်တွင် အကောက်ခွန်မဲ့ တင်ဆောင်လာသည့် စက်ပစ္စည်းများ၊ ကွန်ပျူတာ ဆက်စပ်ပစ္စည်းများ၊ အလှကုန်များ၊ အိမ်တွင်း အလှဆင်ပစ္စည်းများ၊ လူသုံးကုန် ပစ္စည်းများ၊ ခြင်ဆေးဘူးများ၊ ပိုးသတ်ဆေးများအား စစ်ဆေး တွေ့ရှိရကြောင်း သိရပြီး ယာဉ်မောင်းတွင် သတ်မှတ် ယာဉ်မောင်းလိုင်စင် မရှိကြောင်း သိရသည်။

သတင်း - နဖြေိုးမြင့်

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~