မီးေဘးကာကြယ္ေရး အသိပညာေပးလုပ္ငန္းမ်ား ရွမ္းျပည္နယ္အတြင္း တိုးျမႇင့္လုပ္ေဆာင္မည္

မီးေဘးကာကြယ္ေရး အသိပညာေပးလုပ္ငန္းမ်ား ရွမ္းျပည္နယ္အတြင္း တိုးျမႇင့္လုပ္ေဆာင္မည္
မတ် 21, 2017
By Tachileik News Agency
ရွမ္းျပည္နယ္အတြင္း မီးေဘးအႏၱရာယ္ ေလ်ာ့နည္းေရးအတြက္ မီးေဘးကာကြယ္ေရး အသိပညာေပး လုပ္ငန္းမ်ား ယခုႏွစ္အတြင္း တိုး၍ လုပ္ေဆာင္သြားမည္ျဖစ္ေၾကာင္း သိရသည္။
“အခုဆို ရာသီဥတုလည္း ေျပာင္းလဲလာတယ္။ သဘာ၀ေဘး အႏၱရာယ္ေတြကလည္း က်ေရာက္ လာတတ္ေတာ့ ဒီေရွ႕ဆို ခဏခဏ ၾကံဳေတြ႕ရေတာ့မယ္။ ျပည္သူေတြ အေပၚကို က်ေရာက္လာမယ့္ ေဘးအႏၱရာယ္ေတြကို ကူညီ ကယ္ဆယ္နိုင္ဖို႔အတြက္ စိန္ေခၚမႈ တစ္ရပ္ပဲလို႔  ထင္ပါတယ္။ မီးေဘးအႏၱရာယ္ေတြ ေလ်ာ့နည္းသြားေအာင္ ဒီေရွ႕ေလွ်ာက္ အသိပညာေပးေတြ လုပ္သြားမွာပါ”ဟု ရွမ္းျပည္နယ္ မီးသတ္ဦးစီးဌာန မွ ညြန္ၾကားေရးမွဴး ဦးတင္မင္းက ေျပာသည္။
မီးေဘးကာကြယ္ေရးအတြက္ မီးသတ္ဦးစီးဌာနႏွင့္ Myanmar Trillion Group CO.L.td တို႔ ပူးေပါင္းၿပီး ၿမိဳ႕ျပ ေဘးအႏၱရာယ္ဆိုင္ရာမ်ားကို အဆင့္ျမင့္ရွာေဖြ ကယ္ဆယ္ေရးပစၥည္းမ်ား အသံုးျပဳမီးၿငိႇမ္းသတ္ေရး ႏွင့္ ရွာေဖြကယ္ဆယ္ေရး ေဆာင္ရြက္မႈမ်ားကို သရုပ္ျပ ျခင္းႏွင့္ မီးေလာင္မႈ ျပႆနာမ်ားကို အႀကိမ္ေရ နည္းပါးေစရန္ အတြက္ ေဆြးေႏြးမႈမ်ားကို မတ္လ (၂၀) ရက္ေန႔က ေတာင္ႀကီးၿမိဳ႕တြင္ ျပဳလုပ္ခဲ့ေၾကာင္း သိရသည္။
“မီးသတ္နဲ႔ ပတ္သက္လို႔ မီးေလာင္မႈ အႀကိမ္နည္းေအာင္လုပ္ရမွာက မီးကိုင္တြယ္ အသံုးျပဳတဲ့လူေတြကို အသိပညာေပးလုပ္ငန္း ေတြလုပ္မယ္။ အိမ္တိုင္း ကားတိုင္းမွာ မီးသတ္ေဆးဘူး ေဆာင္ထားဖို႕ ေျပာျပသြားမယ္။ ျပည္သူေတြကို ခဏခဏ အသိေပးမႈေတြ လုပ္မယ္ဆိုရင္ မီးေလာင္မႈ ေတြေလ်ာ့က်သြားမယ္”ဟု ဦးတင္မင္းက ေျပာသည္။
မီးေဘးကာကြယ္ေရး ေဆာင္ရြက္မႈအျဖစ္ ရွမ္းျပည္နယ္အတြင္းရွိ မီးသတ္ဦးစီးဌာနမ်ားမွ စုစုေပါင္း အင္အား (၁၅၀) ျဖင့္ ေတာင္ႀကီးၿမိဳ႕တြင္ ပထမဆံုးအႀကိမ္ စုေပါင္းမီးျငိွမ္းသတ္ျခင္းအား ပညာေပး သရုပ္ျပသခဲ့ေၾကာင္းသိရသည္
သတင္း - ႏိုႏို 




~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်အတွင်း မီးဘေးအန္တရာယ် လျော့နည်းရေးအတွက် မီးဘေးကာကွယ်ရေး အသိပညာပေး လုပ်ငန်းများ ယခုနှစ်အတွင်း တိုး၍ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။
“အခုဆို ရာသီဥတုလည်း ပြောင်းလဲလာတယ်။ သဘာဝဘေး အန္တရာယ်တွေကလည်း ကျရောက် လာတတ်တော့ ဒီရှေ့ဆို ခဏခဏ ကြုံတွေ့ရတော့မယ်။ ပြည်သူတွေ အပေါ်ကို ကျရောက်လာမယ့် ဘေးအန္တရာယ်တွေကို ကူညီ ကယ်ဆယ်နိုင်ဖို့အတွက် စိန်ခေါ်မှု တစ်ရပ်ပဲလို့ ထင်ပါတယ်။ မီးဘေးအန္တရာယ်တွေ လျော့နည်းသွားအောင် ဒီရှေ့လျှောက် အသိပညာပေးတွေ လုပ်သွားမှာပါ”ဟု ရှမ်းပြည်နယ် မီးသတ်ဦးစီးဌာန မှ ညွန်ကြားရေးမှူး ဦးတင်မင်းက ပြောသည်။
မီးဘေးကာကွယ်ရေးအတွက် မီးသတ်ဦးစီးဌာနနှင့် Myanmar Trillion Group CO.L.td တို့ ပူးပေါင်းပြီး မြို့ပြ ဘေးအန္တရာယ်ဆိုင်ရာများကို အဆင့်မြင့်ရှာဖွေ ကယ်ဆယ်ရေးပစ္စည်းများ အသုံးပြုမီးငြှိမ်းသတ်ရေး နှင့် ရှာဖွေကယ်ဆယ်ရေး ဆောင်ရွက်မှုများကို သရုပ်ပြ ခြင်းနှင့် မီးလောင်မှု ပြဿနာများကို အကြိမ်ရေ နည်းပါးစေရန် အတွက် ဆွေးနွေးမှုများကို မတ်လ (၂၀) ရက်နေ့က တောင်ကြီးမြို့တွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
“မီးသတ်နဲ့ ပတ်သက်လို့ မီးလောင်မှု အကြိမ်နည်းအောင်လုပ်ရမှာက မီးကိုင်တွယ် အသုံးပြုတဲ့လူတွေကို အသိပညာပေးလုပ်ငန်း တွေလုပ်မယ်။ အိမ်တိုင်း ကားတိုင်းမှာ မီးသတ်ဆေးဘူး ဆောင်ထားဖို့ ပြောပြသွားမယ်။ ပြည်သူတွေကို ခဏခဏ အသိပေးမှုတွေ လုပ်မယ်ဆိုရင် မီးလောင်မှု တွေလျော့ကျသွားမယ်”ဟု ဦးတင်မင်းက ပြောသည်။
မီးဘေးကာကွယ်ရေး ဆောင်ရွက်မှုအဖြစ် ရှမ်းပြည်နယ်အတွင်းရှိ မီးသတ်ဦးစီးဌာနများမှ စုစုပေါင်း အင်အား (၁၅၀) ဖြင့် တောင်ကြီးမြို့တွင် ပထမဆုံးအကြိမ် စုပေါင်းမီးငြှိမ်းသတ်ခြင်းအား ပညာပေး သရုပ်ပြသခဲ့ကြောင်းသိရသည်
သတင်း - နိုနို  
 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~