ကျောက်မဲတွင် လူမနေသည့် အခန်းတွင်းမှ အမျိုးသားအလောင်းအား တွေ့ရှိ

ကျောက်မဲတွင် လူမနေသည့် အခန်းတွင်းမှ အမျိုးသားအလောင်းအား တွေ့ရှိ
မတျ 10, 2017
By Tachileik News Agency
သတင်း - နေဖြိုးမြင့်


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲမြို့၊ အမှတ် (၂)ရပ်ကွက်၊ နယ်မြေ (၁၀)ရှိ အိမ်ခန်းတန်းလျားမှ လူမနေသည့် အခန်းတွင် မတ်လ (၁၀)ရက်နေ့ နေ့လယ်ပိုင်းက အပုပ်နံ့ရသဖြင့် ရှာဖွေရာမှ အမျိုးသားတစ်ဦး အလောင်းအား တွေ့ရကြောင်း သိရသည်။
“အသက် ၄၀ လောက်ရှိတဲ့ အမျိုးသားတစ်ဦး သေနေတာ။ သေလို့သေနေမှန်း မသိဘူးရယ်။ အပုပ်နံ့ရလို့ ကျွန်မ အမျိုးသားကို လိုက်ရှာခိုင်းတော့မှ လူသေနေမှန်း သိတာ။ အဲဒါနဲ့သက်ဆိုင်ရာကို ဖုန်းဆက် အကြောင်းကြား လိုက်ရတာ”ဟု လူသေတွေ့ရှိရသည့် အိမ်ခန်းတန်းလျား အစွန်တစ်ဖက်ခန်းတွင်နေထိုင်သူ အမျိုးသမီး က ပြောသည်။
လတ်တလောတွင် ကျောက်မဲမြို့မ ရဲစခန်း၌ သေမှုသေခင်း အမှတ် ၄/၂၀၁၇ ဖြင့် အမှုဖွင့် စစ်ဆေးလျှက်ရှိကြောင်း မြို့မရဲစခန်း မှ သိရသည်။
သေဆုံးနေသူအား ကျောက်မဲမြို့ ဇီဝိတ လူမှုကူညီရေးအသင်းမှ ဆေးရုံသို့ သယ်ဆောင်ပေးသွားခဲ့ကြောင်း သိရသည်။
သတင်း - နဖြေိုးမြင့်
 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~