တာခ်ီလိတ္ၿမိဳ႕ ေတာ္ေကာ့(တြင္း)၌ စိတ္ၾကြေဆးျပားမ်ား ဖမ္းဆီးရမိ

တာခ်ီလိတ္ၿမိဳ႕ ေတာ္ေကာ့(တြင္း)၌ စိတ္ၾကြေဆးျပားမ်ား ဖမ္းဆီးရမိ
မတ် 15, 2017
By Tachileik News Agency
တာခ်ီလိတ္ၿမိဳ႕ ဝိန္းေက်ာက္ရပ္ကြက္ ေတာ္ေကာ့(တြင္း)ရြာရွိ အိုက္ဗင္၏ ေနအိမ္အား သတင္းအရ မတ္လ(၁၅) ရက္ေန႔၊ (၆)နာရီခြဲအခ်ိန္က ဝင္ေရာက္စစ္ေဆးရာ ကာလတန္ဖိုးေငြ က်ပ္(၅၇)သိန္းခန္႔ တန္ဖိုးရွိသည့္ စိတ္ႂကြေဆးျပား (၃,၈၄၀)ျပား ရွာေဖြေတြ႕ရွိ ဖမ္းဆီးရမိေၾကာင္း မူးယစ္တပ္ဖြဲ႔စု(၃၀)တာခ်ီလိတ္မွ သိရသည္။
သက္ဆုိင္ရာ ရဲတပ္ဖြဲ႔၀င္မ်ား ပါ၀င္သည့္ ပူးေပါင္းအဖြဲ႕သည္ သက္ေသမ်ားနွင့္အတူ ဝိန္းေက်ာက္ရပ္ကြက္၊ ေတာ္ေကာ့(တြင္း)ရြာရွိ အိုက္ဗင္၏ ေနအိမ္အား မူးယစ္ေဆးဝါးသတင္းအရ ဝင္ေရာက္ရွာေဖြရာ မွ ပလပ္စတစ္ အိတ္မ်ားျဖင့္ ထည့္ထားသည့္ WY စာတမ္းပါ နီညိဳေရာင္ စိတ္ႂကြေဆးျပား (၂၀၀)ျပားစီပါ (၁၉)ထုပ္နွင့္ (၄၀)ျပားပါ (၁)ထုပ္၊ စုစုေပါင္း စိတ္ႂကြေဆးျပား (၃၈၄၀)ျပားကို ရွာေဖြေတြ႕ရွိျခင္း ျဖစ္ေၾကာင္း သိရသည္။

စိတ္ၾကြေဆးျပားမ်ား သယ္ေဆာင္လာသည့္ ခရီးသည္တင္ယာဥ္မွ ယာဥ္ေမာင္း ဟန္ထြန္းႏိုင္၊ ဂိတ္မွဴး ဦးလွသန္းႏွင့္ မေကသီခ်ိဳတို႔အား မိုင္းပန္ၿမိဳ႕မရဲစခန္းတြင္ မယ(ပ) ၂/၂၀၁၇၊ မူး/စိတ္ပုဒ္မ ၁၅/ ၁၉(က)/၂၁ အရ အမွဳဖြင့္ ေဆာင္ရြက္ေနေၾကာင္း သိရသည္။

~~~~~~~~⊰❂ unicode ~~~~~~~~
တာချီလိတ်မြို့ ဝိန်းကျောက်ရပ်ကွက် တော်ကော့(တွင်း)ရွာရှိ အိုက်ဗင်၏ နေအိမ်အား သတင်းအရ မတ်လ(၁၅) ရက်နေ့၊ (၆)နာရီခွဲအချိန်က ဝင်ရောက်စစ်ဆေးရာ ကာလတန်ဖိုးငွေ ကျပ်(၅၇)သိန်းခန့် တန်ဖိုးရှိသည့် စိတ်ကြွဆေးပြား (၃,၈၄၀)ပြား ရှာဖွေတွေ့ရှိ ဖမ်းဆီးရမိကြောင်း မူးယစ်တပ်ဖွဲ့စု(၃၀)တာချီလိတ်မှ သိရသည်။

သက်ဆိုင်ရာ ရဲတပ်ဖွဲ့ဝင်များ ပါဝင်သည့် ပူးပေါင်းအဖွဲ့သည် သက်သေများနှင့်အတူ ဝိန်းကျောက်ရပ်ကွက်၊ တော်ကော့(တွင်း)ရွာရှိ အိုက်ဗင်၏ နေအိမ်အား မူးယစ်ဆေးဝါးသတင်းအရ ဝင်ရောက်ရှာဖွေရာ မှ ပလပ်စတစ် အိတ်များဖြင့် ထည့်ထားသည့် WY စာတမ်းပါ နီညိုရောင် စိတ်ကြွဆေးပြား (၂၀၀)ပြားစီပါ (၁၉)ထုပ်နှင့် (၄၀)ပြားပါ (၁)ထုပ်၊ စုစုပေါင်း စိတ်ကြွဆေးပြား (၃၈၄၀)ပြားကို ရှာဖွေတွေ့ရှိခြင်း ဖြစ်ကြောင်း သိရသည်။

စိတ်ကြွဆေးပြားများ သယ်ဆောင်လာသည့် ခရီးသည်တင်ယာဉ်မှ ယာဉ်မောင်း ဟန်ထွန်းနိုင်၊ ဂိတ်မှူး ဦးလှသန်းနှင့် မကေသီချိုတို့အား မိုင်းပန်မြို့မရဲစခန်းတွင် မယ(ပ) ၂/၂၀၁၇၊ မူး/စိတ်ပုဒ်မ ၁၅/ ၁၉(က)/၂၁ အရ အမှုဖွင့် ဆောင်ရွက်နေကြောင်း သိရသည်။

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~